
ကန်တော်ကြီး ရေပြင် ရှုခင်းကိုခံစားနိုင်မယ့် ကွန်ဒိုသစ်
အခန်းရဲ့အကျယ်အ၀န်းက စတုရန်း ပေ ၁,၅၀၀ ရှိပြီး အိပ်ခန်းသုံးခန်းပါဝင်
ပါတယ်။
အိမ်ထဲကိုဝင်ဝင်ချင်း ဧည့်ခန်း ဆီကို ရောက်ဖို့ ဘေးတစ်ဖက် တစ်ချက်က အခန်းလေးတွေကို ဖြတ်ရင်း လျှောက်
လမ်းအတိုင်း သွားရပါမယ်။
အရင်ဆုံးရေချိုးခန်း အိမ်သာပါ
တစ်ယောက်အိပ်ခန်းတစ်ခန်း၊နှစ်ယောက်
အိပ်ခန်းတစ်ခန်းတို့က ဘေးတစ်ဖက် တစ်ချက်စီမှာ ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
အီတလီနည်းပြ ပရန်ဒယ်လီ လက်သီးဆုပ်ပြနိုင်ပါ့မလား
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၂)

လူငယ်သွေးသစ်များဖြင့် အသင်းကို ဖွဲ့စည်းနေသော အီတလီ နည်းပြသစ် ပရန်ဒယ်လီ။ ဓာတ်ပုံ - အေအက်ဖ်ပီ
၂၀၁၀ ကမ္ဘာ့ဖလားတွင် အုပ်စုအဆင့်မှာပင် နိုင်ပွဲတစ်ပွဲမျှ မရခဲ့သော ကြောင့် အိမ်ပြန်စောခဲ့ရသော အီတလီအသင်း သည် နည်းပြသစ် ပရန်ဒယ်လီ လက်ထက်တွင် ပြုပြင်ပြောင်းလဲမှု တစ်ခုကို မလွဲမသွေ စတင်လုပ်ဆောင်ရတော့သည်။ နည်းပြသစ် ပရန်ဒယ်လီ၏ အဓိက
တာဝန်နှစ်ရပ်မှာ အီတလီအသင်းကို ယူရို ၂၀၁၂ ခြေစစ်ပွဲအောင်မြင် ရန်နှင့်အလားအလာကောင်းသော မျိုးဆက်သစ်လူငယ်ကစားသမား များဖြင့် အစားထိုးရန်တို့ပင်ဖြစ်သည်။
ပရန်ဒယ်လီသည် ဖီအိုရင်တီးနားအသင်းကို အောင်မြင်စွာ ကိုင်တွယ် နိုင် ခဲ့သည့် အကြောင်းများထဲတွင် လူငယ် များကို ပြုစု ပျိုးထောင်ပြီး စင်တင်ပေးရဲ သောအချက်သည် အဓိကဖြစ်သည်ဟု ကျွန်တော်ယူဆ မိသည်။ထိုအချက်ကြောင့် မျိုးဆက်သစ်ကစားသမားများအလျှင်းပြတ် သွားနိုင်သော အခြေအနေ နှင့် ရင်ဆိုင်နေရသည့် အီတလီအသင်းကို ကိုင်တွယ်ရန် သူ့ကိုတာဝန်ပေးခဲ့သည် မဟုတ်ပါလား။
အီတလီ နည်းပြသစ် ပရန်ဒယ်လီ၏ ပထမဆုံးသော ခြေစမ်းပွဲအဖြစ် ဩဂုတ်လ ၇ ရက်တွင် အိုင်ဗရီကို့စ်နှင့် ကစားခဲ့သောပွဲကို ကျွန်တော် အပါအ၀င် အီတလီပရိသတ်များစောင့်ကြည့် ခဲ့ကြသည်။ ထိုပွဲတွင် အီတလီသည် ၁-၀ ဖြင့်အရေးနိမ့်သွားခဲ့သော်လည်း နည်းပြပရန်ဒယ် လီသည် ပြုပြင်ပြောင်း လဲမှုတစ်ခုကို ပြတ်သားစွာ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ ဒီရော့စီတစ်ယောက်ကိုသာ ချန်လှပ်ထားပြီး ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သော အီတလီအသင်းမှ 'အသိုးကြီး' များအားလုံးနီးပါး ကို ပြတ်သားစွာ 'ခေါက်' လိုက်သည်ကို တွေ့ရ သည်။
အီတလီနည်းပြအစဉ်အဆက်တို့ သည် လူဟောင်းများကို ကျောရိုးထားပြီး အသင်းကို တည်ဆောက်ခဲ့သော်လည်း ပရန်ဒယ်လီ ကမူ မျိုးဆက်သစ် များဖြင့် အသင်းကို အထိုင်ချကာ တစ်သင်းလုံး၏ ပျမ်းမျှအသက် (squad average-age) ကို ၂၅ နှစ် အောက် ရောက် သည်ထိလျှော့ချပစ်ခဲ့သည်။ ထို့အတွက်ကြောင့် သွက်လက်လျင်မြန်စွာ နေရာယူ၊ ရွေ့လျားကစား နိုင်သော လူငယ်အသင်းတစ်သင်း ပေါ်ထွက်လာသည်။ပါဝါဂိမ်း၊ပြေးအား၊ တွန်းအားတိုက်အားများကို ရှေ့တန်း တင်လာသော သည်ကနေ့ခေတ် ဘောလုံးကစားဟန်နှင့် လိုက်လျော ညီထွေရှိစေရန်မှာ အီတလီအသင်း တွင် ပါဝါကောင်းသူများ၊ ပြေးအား ကောင်းပြီး တွန်းတွန်းတိုက်တိုက် ကစားနိုင်စွမ်းရှိ သော လူငယ်များကို နေရာပေးမှ တော်ကာကြတော့မည့် အချက်ကို နည်းပြပရန်ဒယ်လီ လက်ခံ ထားသည်။
ဘောလုံးကို 'ကိုင်' ပြီး အကွက်ဖော် ကစားနိုင်သော လူငယ်များပါဝင်နေ သည့် အီတလီအသင်းကို ၄-၂-၃-၁ ကစားကွက်မှ တိုက်စစ် ပိုမိုအားပြုသော ၄-၃-၃ သို့ လျင်မြန်စွာ ပြောင်းလဲ ကစားစေခဲ့ကြောင်း အိုင်ဗရီကို့စ်နှင့် ခြေစမ်းပွဲတွင် တွေ့ခဲ့ရသည်။
သို့ပေမယ့် တစ်ဖက်ကပြန်ကြည့် လျှင် အီတလီအသင်းကို လူငယ်များ ဖြင့် အစားထိုးရသည်မှာ ပရန်ဒယ်လီ အတွက် တာဝန်ကြီးလှ သည်။ စီးရီးအေ ကလပ်အသင်းများတွင် အီတလီခြံပေါက် လူငယ်များကို နေရာပေးမှု နည်းပါး သောကြောင့် မျိုးဆက်သစ် အီတလီ အသင်းသည် အတွေ့အကြုံပိုင်းတွင် အားနည်းနေသည်။ ထို့ကြောင့်ပင် အိုင်ဗရီကို့စ်အသင်းကို အတွေ့အကြုံ ရော၊ ကစားကွက်ပါ အသာစီးမရဘဲ ၁-၀ ဖြင့် ရှုံးနိမ့်ခဲ့ရသည်။
အိုင်ဗရီကို့စ်နှင့်ပွဲအပြီးတွင် နည်းပြပရန်ဒယ်လီက လေးရက်အတွင်း တက်သုတ်ရိုက်ကာအသင်းကို စုစည်း ခဲ့ရသည့်အပြင် မျိုးဆက် သစ်လူငယ်များကို ဦးစားပေးဖော်ထုတ်နေရသောကြောင့်အသင်းရလဒ်ကို ဦးစားမပေးနိုင်တော့ဘဲ ခြေစွမ်းနှင့်ရလဒ်ပိုင်းများကို ယခု ထက်ပိုမိုကောင်းမွန်လာ အောင် ကြိုးစားရန်လိုအပ်သေးကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
အိုင်ဗရီကို့စ်နှင့် ကစားခဲ့သော ပွဲသည် ခြေစမ်းပွဲဖြစ်သောကြောင့် လူငယ်လူသစ်များကို လှိုင်လှိုင်ကြီးပွဲထုတ်ခဲ့ခြင်းဖြစ်သည်။ တကယ် တမ်း ခြေစစ်ပွဲများ ကစားသောအခါတွင် နည်းပြပရန်ဒယ်လီအနေဖြင့် လူဟောင်း များကို ပြန်ခေါ်သင့်သလောင် ပြန်ခေါ် လိမ့်မည်ဟု အီတလီဘောလုံးကျွမ်းကျင် သူ အများစုက သုံးသပ်ခဲ့ကြသည်။
စက်တင်ဘာ ၃ ရက်နှင့် ၇ ရက်တို့ တွင် ယူရို ၂၀၁၂ ခြေစစ်ပွဲ နှစ်ပွဲဆက် တိုက်ကစားရမည့် အီတလီအသင်း လူစာရင်း ထွက်ပေါ်လာ သောအခါတွင်အများတွက်ဆထားသည့် အတိုင်းပင်နည်းပြပရန်ဒယ်လီသည် အတွေ့အကြုံရှိသူများကို လုံးဝလက်မလွှတ်သေးသည် ကို တွေ့ရသည်။
အီတလီအသင်းသည် ယူရို ၂၀၁၂ ခြေစစ်ပွဲများအဖြစ် လေးရက်အတွင်း နှစ်ပွဲဆက်တိုက် ကစားရမည်ဖြစ်သော ကြောင့် လူငယ် အ မြောက်အမြားနှင့် 'လက်တည့်စမ်း' မည်ဆိုလျှင် ရလဒ်ကောင်းများ ထွက်ပေါ်ရန် အလားအလာနည်းပါးပြီး အသင်းပါ 'ဦးကျိုး' သွား နိုင်သည်ကို ပရန်ဒယ်လီ တွက်ဆထားသည်ဟု ကျွန်တော်ယူဆမိသည်။
အီတလီအသင်းနှင့်ခြေစစ်ပွဲကစားရမည့် ပြိုင်ဘက်များမှာ အက်စတိုး နီးယားနှင့်ဖာရိုးကျွန်းစုအသင်းများဖြစ်ရာ ထိုအသင်းများသည် တစ်ဦးချင်းရော၊အတွေ့အကြုံသာမက အစဉ်အလာနှင့်သမ္ဘာပိုင်းတွေမှာပါ အီတလီအသင်းကိုလုံးဝမယှဉ်နိုင်ပေ။ သို့ပေမယ့် နည်းပြ ပရန်ဒယ်လီသည် လိုအပ် သလောက်သာ စွန့်စားမှုများကို ပြုလုပ်ပြီး အတွေ့အကြုံရှိသူများ၊ အသင်းကို ဦးဆောင်မောင်းနှင်ပေးနိုင် သူများဖြင့် 'ကျားကန်' ပေးထားသည် ကို တွေ့ရသည်။
ယူရို ၂၀၁၂ ခြေစစ်ပွဲဝင်မည့် အီတလီအသင်းတွင် လူငယ်လူသစ် အများအပြားကို ခေါ်ယူထားသော ကြောင့် အတိတ်အီတလီအသင်း များ လို 'အထနှေး'ကာ လေးလံသော အသင်းမဟုတ်တော့ဘဲ လျင်မြန်သွက်လက်မှုနှင့် ထိုးဖောက်တိုက်စစ်ဆင်ကစားမှုကို ပိုမိုဦးစား ပေးသောအသင်း ဖြစ်လာမည်ဟု ကျွန်တော်ယူဆမိသည်။
သို့ပေမယ့် အီတလီနောက်တန်းခံစစ် ကြောင်းကိုတော့ ကျွန်တော် အနည်း ငယ် စိုးရိမ်မကင်းဖြစ်မိသည်။
အီတလီအသင်းသည်နောက်တန်းကို အားပြုကာခံစစ်လုံအောင်ပိတ်သောနည်းဗျူဟာကို အစဉ်တစိုက်သုံးစွဲခဲ့သည်။ အီတလီအသင်း ၏ဘောလုံးအသွားအလာသည် ခံစစ်ကြောင်းနှင့်ခံစစ်ကစားပုံများကို အားပြုလေ့ရှိသည်။ ထို့ကြောင့် အီတလီနည်းပြတိုင်းသည် ခံစစ် ကြောင်းတွင် အတွေ့အကြုံရှိသူများကို ထည့်သွင်းလေ့ရှိသည်။
လက်ရှိအချိန်တွင်မူ နည်းပြပရန် ဒယ်လီ ရွေးချယ်လိုက်သော အီတလီ နောက်တန်း ကစားသမားအများစု သည် အတွေ့အကြုံလုံးဝ နည်းပါးနေ သည်ကိုတွေ့ရသည်။ နောက်ခံလူများ ထဲမှအတွေ့အကြုံ အထိုက်အလျောက် ရှိသူဟူ၍ ၂၀၁၀ ကမ္ဘာ့ဖလားတွင် နေရာရ ခဲ့သော ချီယင်နယ်လီ (ဂျူဗင် တပ်) တစ်ယောက်သာ ပါဝင်သည်။
ထိုအချက်ကြောင့် ယူရို ၂၀၁၂ ခြေစစ်ပွဲဝင်မည့် အီတလီအသင်းသည် ခံစစ်ကြောင်းအပေါ်တွင် အားပြုခြင်း မရှိဘဲ တိုက်စစ်ဖွင့်ကစား မည်လော၊ သို့တည်းမဟုတ် ပြိုင်ဘက် အနေအထားကို လျှော့တွက်ကာ ခံစစ်ကြောင်း ကို '၀ိတ်လျှော့' လိုက်ခြင်းလောဟူ၍ စဉ်းစား ဖွယ်ရာဖြစ်လာသည်။
ပြိုင်ဘက်အသင်းကသာခပ်ကြမ်းကြမ်း'တိုက်'လျှင် အီတလီခံစစ်ကြောင်းတည်တည်ငြိမ်ငြိမ်နှင့်အခြေအနေကိုထိန်းထားနိုင်မည်လော။ ထိုသို့မဟုတ် ပါဘဲ ခံစစ်ကြောင်း ပုံပျက်ကာ ကစား ကွက်ဖော်မရခဲ့လျှင် ကွင်းလယ်သည် ခံစစ်ကြောင်းလုံခြုံအောင် ကာကွယ် ပေးရ မည့် ၀န်ထုပ်ဝန်ပိုးတစ်ခုပိုလာ ဖွယ်ရှိသည်။
တစ်ဖန် အီတလီရှေ့တန်းတွင်လည်း ပရန်ဒယ်လီအားထားသော မန်စီးတီး တိုက်စစ်မှူး ဘာလော့တယ်လီ ဒဏ်ရာ ရထားသော ကြောင့် ဆမ်ဒိုးရီးယားတိုက်စစ်မှူး ကာဆာနိုတစ်ယောက်တည်းကို လုံးလုံးလျားလျား အားကိုးရတော့မည့် အခြေအနေတွင်ရှိသည်။
အခြေအနေအရပ်ရပ်ကို ခြုံငုံသုံးသပ်လျှင် လေးရက်အတွင်းယူရို ၂၀၁၂ ခြေစစ်ပွဲနှစ်ပွဲ ကစားရမည့် အီတလီအသင်းသည် ပွဲဦးထွက် အက်စတိုးနီးယားမြေပေါ် ကစားရမည့်ပွဲတွင်ရုန်းကန်ရဖွယ်ရှိသည်။ ဒုတိယပွဲစဉ်တွင် ကိုယ့်မြေပေါ်တွင် ကစားရမည်ဖြစ်သည့်အပြင် ပြိုင်ဘက် ဖာရိုးကျွန်းစု သည် ဥရောပအဖြည့်ခံအဆင့်သာရှိသောကြောင့် အီတလီအရန်အသင်း ကိုပင် ခံကန်နိုင်သော အနေအထား တွင်မရှိပေ။ ထို့ကြောင့် ဒုတိယပွဲတွင် အီတလီတို့ အလွန်အမင်း ခြေစွမ်းပြ လိမ့်မည်ဟု ကျွန်တော်ယူဆမိသည်။