Now! Fashion Forward

ကန်တော်ကြီး ရေပြင် ရှုခင်းကိုခံစားနိုင်မယ့် ကွန်ဒိုသစ်

အခန်းရဲ့အကျယ်အ၀န်းက စတုရန်း ပေ ၁,၅၀၀ ရှိပြီး အိပ်ခန်းသုံးခန်းပါဝင် ပါတယ်။ အိမ်ထဲကိုဝင်ဝင်ချင်း ဧည့်ခန်း ဆီကို ရောက်ဖို့ ဘေးတစ်ဖက် တစ်ချက်က အခန်းလေးတွေကို ဖြတ်ရင်း လျှောက် လမ်းအတိုင်း သွားရပါမယ်။ အရင်ဆုံးရေချိုးခန်း အိမ်သာပါ တစ်ယောက်အိပ်ခန်းတစ်ခန်း၊နှစ်ယောက် အိပ်ခန်းတစ်ခန်းတို့က ဘေးတစ်ဖက် တစ်ချက်စီမှာ ရှိပါတယ်။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ပရီမီယာလိဂ်ကလပ်များ ပေါင်သန်း ၃၅၀ သုံး

(အေအက်ဖ်ပီ)
အောင်ဝင်း ဘာသာပြန်သည်။
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၂)
News Pic
ဆန်းဒါးလန်းက ခေါ်ယူခဲ့သော ရိန်းကလပ်မှ ဂါနာဘောလုံးသမား ဂျီယန်။

လီဗာပူးက နောက်တန်းလူ ပေါလ်ကွန် ချက်စကီးကို ဖူလ်ဟမ်မှ လည်း ကောင်း၊ ဆန်းဒါးလန်းက ရိန်းဘောလုံးသမား အဆာမိုဂျီယန်ကိုလည်း ကောင်း၊ဘာမင်ဂမ်က ဘာစီလိုနာအလယ်တန်းလူ အလက်ဇန်းဒါးလှပ် ကိုလည်းကောင်းအပြောင်းအရွှေ့နောက်ဆုံးရက် ဩဂုတ် ၃၁ရက်တွင် ခေါ်ယူခဲ့ကြသည်။

လီဗာပူးမန်နေဂျာရွိုင်းဟော့ဒ်ဆန်သည် ဘယ်နောက်တန်းလူ ကွန်ချက် စကီးကို ၎င်း၏အသင်းဟောင်း ဖူလ်ဟမ်မှ ခေါ်ယူချင်သည်မှာ လီဗာပူး သို့ ၎င်းရောက်ရှိကတည်းကပင်ဖြစ်သည်။ နောက်ဆုံးတွင် ၎င်း၏လူရင်း ကွန်ချက်စကီးကို လေးနှစ်စာချုပ်နိုင်ခဲ့ သည်။ အပြန်အလှန်အားဖြင့် ဖင်လန် တိုက်စစ်မှူး လော်ရီဒဲလ်လာ နှင့် ဆွီဒင် တောင်ပံလူ အဲလက်စ် ကာကန်နီလစ်တို့က ဖူလ်ဟမ်သို့ပြောင်းကြမည်။

ထို့ပြင် ဆန်းဒါးလန်းသို့ ဂျီယန်ရောက်ရှိခြင်းနှင့် လှပ်ကို ဘာမင်ဂမ်က ခေါ်ယူနိုင်ခြင်းတို့သည်လည်း အရေးပါသော ပြောင်းရွှေ့မှုများ ဖြစ်ခဲ့သည်။

လှပ်သည် အာဆင်နယ်ဘောလုံး သမားဟောင်းဖြစ်ပြီး ပရီမီယာလိဂ်တွင် ခြေစွမ်းပြခဲ့သူဖြစ်ရာ ယခုဘာမင်ဂမ်က ဘာစီလိုနာမှနေ၍ ၎င်းကိုအငှားဖြင့် ခေါ်ယူနိုင်ခြင်းသည် ဘာမင်ဂမ် မန်နေဂျာ အဲလက်စ်မက်လက်အတွက် ဂုဏ်ယူစရာဖြစ်ခဲ့သည်။ထို့ပြင်မက်လက် က ချက်နောက်တန်းလူ မာတင်ဂျီရာ နက်ကို စပါးတပ်မော်စကိုကလပ်မှ ပြောင်းရွှေ့ကြေး မဖော်ပြဘဲ ခေါ်ယူခဲ့ ပြီး ချီလီတောင်ပံလူ ဂျင်း ဘီယာဆာ ကို သုံးနှစ်စာချုပ်ဖြင့် ကလပ်အမေ ရိက(မက္ကဆီကို)မှ ခေါ်ယူခဲ့သည်။

ဂါနာတိုက်စစ်မှူးဂျီယန်သည် ပြင်သစ်ရိန်းကလပ်မှ ဆန်းဒါးလန်းသို့ လေးနှစ်စာချုပ်ဖြင့် ရောက်ရှိလာသည်။ အသက် ၂၄ နှစ်ရှိ ဂျီယန် အတွက် ပြောင်းရွှေ့ကြေးမှာ ပေါင် ၁၃ သန်း (ယူရို ၁၅ ဒသမ ၇ သန်း)ဖြစ်ရာ ကလပ် ၏ ပြောင်းရွှေ့ကြေးစံချိန်သစ်ဖြစ်သည်။၂၀၀၉ ခုနှစ်က ဒါရင်းဘင့်ကို တော့တင်ဟမ်မှ ၀ယ်ယူစဉ်က ပေးခဲ့ရ သော ပေါင် ၁၀ သန်း(ယူရို ၁၂ သန်း) မှာ ယခု စံချိန်ဟောင်းဖြစ်သွားခဲ့ သည်။

ထို့ပြင်လီဗာပူးဘယ်နောက်တန်းလူ အီမီလီယာနိုအင်ရှူဝါက ဂါလာတာဆာရေးသို့တစ်ရာသီအငှားဖြင့်ရောက် ရှိသွားပြီး အာဆင်နယ် မှ အာမန်ထရာ အိုရေးကလည်း ဂျူဗင်တပ်သို့ ဤ အတိုင်းပင် ရောက်ရှိသွားသည်။ အဲဗာတန်မှဂျိုးဇက်ယိုဘိုကလည်း ဖီနာဘာ ချီသို့ အငှားဖြင့်ပြောင်းခွင့်ရသွားသည်။

တော့တင်ဟမ်က ခရိုအေးရှားဂိုး သမားစတိပလီတီကိုဇာကို စပါးတပ် မော်စကိုမှ တစ်ရာသီ အငှားဖြင့် ခေါ်ယူ လိုက်သည်။ ဒဏ်ရာရ နေသောဂိုးသမား ဂိုမက်ဇ်နေရာအတွက် ဖြစ်သည်။

မန်ချက်စတာယူနိုက်တက်မှ အင်္ဂလန် ယူ-၂၁ အလယ်တန်းလူတွမ်ကလီဗာ လေက ၀ီဂန်သို့ တစ်ရာသီအငှားဖြင့် ရောက်သွားပြီးလာ တစ်ကလပ်ကလည်း ဖရန်ကိုဒီဆန်တိုကို ချယ်လ်ဆီးမှနေ၍ သုံးနှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်သည်။ ပြောင်းရွှေ့ကြေးကို မဖော်ပြခဲ့ပေ။

အာဂျင်တီးနားတိုက်စစ်မှူးဒီဆန်တို (၂၁နှစ်)သည် ချယ်လ်ဆီးသို့ ၂၀၀၈ ခုနှစ်တွင်ရောက်ခဲ့ပြီး နေရာမရဖြစ်ကာ ယမန်နှစ်က ဘလက် ဘန်းသို့ အငှားချ ခြင်းခံရပြီး တစ်ဂိုးသာသွင်းနိုင်ခဲ့သည်။

ဝုဖ်ကတော့ ၀ါရင့်တိုက်စစ်မှူး မာကပ် ဘင့်(၃၂ နှစ်)ကို ဘာမင်ဂမ်ကနေ လေးလအငှားဖြင့် ခေါ်ယူခဲ့သည်။

ဘော်လ်တန်ကဘင်ဖီကာရှေ့တန်းလူ ရိုဒရီဂိုမိုရီနို ကို တစ်ရာသီအငှားနဲ့ ခေါ်ယူခဲ့သည်။ ဘရာဇီးလ်တွင် မွေးခဲ့ သော စပိန် ယူ-၁၉ လက်ရွေးစင် မိုရီနိုသည် ပေါ်တူဂီကလပ် ဘင်ဖီကာသို့ယခင်လကမှ ငါးနှစ်စာချုပ်ဖြင့် ရီးယဲလ်မက်ဒရစ်မှ ရောက်လာခြင်းဖြစ်သည်။
ဘလက်ပူးလ်ကမူ ယမန်နှစ်က လက်စတာမှနေ၍ အငှားဖြင့်ရောက် နေသော ဒီဂျေကင့်ဘဲလ်ကို အမြဲတမ်း ဘောလုံးသမားအဖြစ် စာချုပ်လိုက် သည်။ ဘလက်ပူးမန်နေဂျာအီယန် ဟောလိုးဝေးသည် လိဂ်-၂ ၀ိုင်ကွန်ဘီ မှ လူငယ်တောင်ပံကစားသမားမတ် ဖီးလစ် ကိုလည်း ပေါင် ၃၅၂,၀၀၀(ယူရို ၃၉၂,၀၀၀)ဖြင့် ၀ယ်ခဲ့သည်။

ခရပ်က ဆီနီဂေါအလယ်တန်းလူ ဆာလစ်ဒိုင်အို(၃၃ နှစ်)ကို နှစ်နှစ် သက်တမ်းဖြင့် စာချုပ်ခဲ့သည်။ ထို့ပြင် မိုနာကိုရှေ့တန်းလူ အီဒါ ဂတ်ဂျွန်ဆင်၊ ရီးယဲလ်ဇာရာဂိုဇာမှတောင်ပံလူ ဂျာမိန်းပင်းနင့်နှင့် ပို့စ်မတ်အလယ်တန်း လူ မတ်ဝီလ်ဆင်တို့ကို ခေါ်ယူရန်လည်း ကြိုး စားနေသည်ဟု ဆိုသည်။

ဝက်စ်ဘရွန်းကနောက်တန်းလူ ခရိတ်ဒေါ်ဆင်ကို ရိုစ်ဒေးကလပ်မှ ပြောင်းရွှေ့ကြေးမဖော်ပြဘဲ ခေါ်ယူခဲ့ ပြီး အသက် ၂၀ သာရှိသေး သော ခရိတ် ဒေါ်ဆင်ကို လိဂ်-၁ ကလပ်သို့ပြန်လည် အငှားချခဲ့သည်။

လွန်ခဲ့သော ဘောလုံးရာသီပြီးဆုံး သွားချိန်မှစ၍ ပရီမီယာလိဂ်ကလပ်များ၏ စုစုပေါင်း သုံးငွေမှာ ပေါင် သန်း ၃၅၀ (ယူရို ၄၂၃ သန်း) ခန့်ရှိခဲ့သည်။ လက်ရှိဘဏ္ဍာရေးအကျဘက်သို့ ရောက်နေ၍ ပိုင်ရှင်များက အသုံးစရိတ် စိစစ်ခဲ့ကြသဖြင့် ယခင်နှစ်ကလောက် သုံးငွေ ၂၂ ရာခိုင်နှုန်းကျဆင်းသွားခဲ့သည်။