
ကန်တော်ကြီး ရေပြင် ရှုခင်းကိုခံစားနိုင်မယ့် ကွန်ဒိုသစ်
အခန်းရဲ့အကျယ်အ၀န်းက စတုရန်း ပေ ၁,၅၀၀ ရှိပြီး အိပ်ခန်းသုံးခန်းပါဝင်
ပါတယ်။
အိမ်ထဲကိုဝင်ဝင်ချင်း ဧည့်ခန်း ဆီကို ရောက်ဖို့ ဘေးတစ်ဖက် တစ်ချက်က အခန်းလေးတွေကို ဖြတ်ရင်း လျှောက်
လမ်းအတိုင်း သွားရပါမယ်။
အရင်ဆုံးရေချိုးခန်း အိမ်သာပါ
တစ်ယောက်အိပ်ခန်းတစ်ခန်း၊နှစ်ယောက်
အိပ်ခန်းတစ်ခန်းတို့က ဘေးတစ်ဖက် တစ်ချက်စီမှာ ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ဒိုင်ဟောင်းဝပ် ပြန်လာပြီ
တင်ဦး ဘာသာပြန်သည်။
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၂)

ဒိုင်လူကြီး ဟောင်းဝပ်ဝက်ဘ်
လန်ဒန် - ၂၀၁၀ ကမ္ဘာ့ဖလားနောက်ဆုံးဗိုလ်လုပွဲတွင် ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ခဲ့သူ အင်္ဂလိပ်လူမျိုး ဟောင်းဝပ်ဝက်ဘ်သည် ယခုနှစ် ဘောလုံး ရာသီဘောလုံးပွဲများတွင် ဒိုင်လူကြီး တာဝန် ပြန်လည်ထမ်း ဆောင် လျက်ရှိပြီဖြစ်ကြောင်း အင်္ဂါနေ့ထုတ် သတင်းစာတစ်စောင်တွင် သတင်းရေးသားထားသည်။
ဝက်ဘ်သည်ဇူလိုင်လအတွင်းက ဂျိုဟန် နက်စ်ဘာ့ဂ်မြို့တွင် ကစားခဲ့ သည့်စပိန်က နယ်သာလန်ကို ၁-၀ဖြင့် အနိုင်ရဗိုလ်စွဲသွားသည့် ကမ္ဘာ့ ဖလားဗိုလ်လုပွဲ၌အ၀ါကတ် ၁၄ ကတ်ခုနှင့် အနီကတ်တစ်ကတ်ပြခဲ့သူ ဒိုင်လူကြီး ဖြစ်၍ တစ်ကမ္ဘာလုံးက မျက်လုံးဒေါက် ထောက်အကြည့်ခံ ခဲ့ရသူ ဖြစ်သည်။
သို့ရာတွင် ရိုသာဟမ်ချဲရတီဖလား ပြိုင်ပွဲတွင်ယှဉ်ပြိုင်ကြသည့် ၀ပ်ကင် မင်း အသင်းနှင့် ၀ှစ်ကာစလီအသင်းတို့ပွဲတွင် ၎င်းပထမဆုံးအကြိမ် အဖြစ် ဒိုင်လူကြီး လုပ်ခဲ့သည့် ပွဲကိုကြည့်ရှုသည့် ပရိသတ်မှာ လူလက် တစ်ဆုပ်စာနှင့် ခွေးတစ် ကောင်သာရှိသည်ဟုဆိုသည်။
ထိုပွဲ၌၀က်ဘ်သည် တစ်ယောက်က ဘောလုံးကိုကွင်းပြင်သို့ ကန်ထုတ် မိခဲ့ ရာတွင် မြက်ပင်ရှည်တွေထဲ၌ ဘောလုံးကို လိုက်ရှာပေးခဲ့ရသေး ကြောင်း ဆန်း သတင်းစာကရေးသားထားသည်။
ဝက်ဘ်သည် လွန်ခဲ့သော ၁၈ နှစ် တုန်းက သူ၏ ဒိုင်လူကြီးဘ၀ကို စတင် ခဲ့ရာ အင်္ဂလန်မြောက်ပိုင်းယော့ရှိုင်း ယားမှဟောလင်းလိန်း ကွင်းတွင် ယှဉ်ပြိုင်သည့် ဤဘောလုံးပွဲကို ၎င်း၏ သဘောဆန္ဒ အလျောက်ဒိုင်လူကြီး ၀င်လုပ်ပေးခဲ့ခြင်းဖြစ်သည်။
"လာမယ့်စနေနေ့မှာ ပရီမီယာလိဂ်ပွဲတွေကို ဒိုင်လူကြီးအဖြစ် ပြန်မသွားမီမှာ ပွဲကောင်းတစ်ပွဲအတွေ့အကြုံကို ရရှိထားဖို့လိုတယ်"ဟု ၀က်ဘ်ကပြောသည်။
ထိုပွဲတွင် ၀စ်ကာစလီက ၃-၀ ဖြင့် အနိုင်ရသွားသည်။
ဝက်ဘ်သည်ကမ္ဘာ့ဖလားနောက်ဆုံးဗိုလ်လုပွဲတွင်ဒိုင်လူကြီးလုပ်ပေးခဲ့ခြင်းအတွက်ပေါင် ၃၀,၀၀၀(ဒေါ်လာ ၄၅,၀၀၀၊ယူရို ၃၅,၀၀၀) ရရှိခဲ့သည်။ ယခုပွဲတွင်မူ ပေါင် ၂၀ သာရခဲ့ပြီး ယင်းငွေကို အလှူငွေထည့်ဝင်ခဲ့သည်။