
ကန်တော်ကြီး ရေပြင် ရှုခင်းကိုခံစားနိုင်မယ့် ကွန်ဒိုသစ်
အခန်းရဲ့အကျယ်အ၀န်းက စတုရန်း ပေ ၁,၅၀၀ ရှိပြီး အိပ်ခန်းသုံးခန်းပါဝင်
ပါတယ်။
အိမ်ထဲကိုဝင်ဝင်ချင်း ဧည့်ခန်း ဆီကို ရောက်ဖို့ ဘေးတစ်ဖက် တစ်ချက်က အခန်းလေးတွေကို ဖြတ်ရင်း လျှောက်
လမ်းအတိုင်း သွားရပါမယ်။
အရင်ဆုံးရေချိုးခန်း အိမ်သာပါ
တစ်ယောက်အိပ်ခန်းတစ်ခန်း၊နှစ်ယောက်
အိပ်ခန်းတစ်ခန်းတို့က ဘေးတစ်ဖက် တစ်ချက်စီမှာ ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ယမန်နှစ် အုပ်စုအဆင့်ရောက် ၁၂ သင်း ပါဝင်
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၂)

ဩဂုတ် ၂၆ ရက်က မိုနာကိုတွင် ချန်ပီယံလိဂ်အုပ်စုပွဲစဉ် ရေးဆွဲပွဲ တွင် တွေ့ရသော ပြိုင်ပွဲဒါရိုက်တာ မာချက်တီ(၀ဲ)နှင့် အင်္ဂလန် ဘောလုံးသမားဟောင်း ဂယ်ရီလိုင်နီကာ။ ဓာတ်ပုံ - အေအက်ဖ်ပီ
အခုလာမယ့် ဘောလုံးရာသီအတွက် ချန်ပီယံလိဂ် အုပ်စုအဆင့်မဲခွဲတဲ့ ပွဲစဉ် ဇယားရေးဆွဲမှုကို ဩဂုတ်လ ၂၆ ရက် က ရေးဆွဲပြီးစီးသွားခဲ့ပြီ ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံ၊ မိုနာကိုမြို့မှာရှိတဲ့ ဂရီမန် ဒီခန်းမကြီးထဲမှာ ကျင်းပပြုလုပ်ခဲ့ရာ မှာတော့ လက်ရှိချန်ပီယံအင်တာမီလန်ဟာ ဂျာမနီ ကလပ် ၀ါဒါဘရီမင်၊ အင်္ဂလန် ကလပ် တော့တင်ဟမ်ဟော့ စပါး၊ နယ် သာလန်ကလပ် အက်ဖ်စီတွမ်တီးတို့နဲ့အုပ်စု(အေ)မှာ တစ်အုပ်စုတည်း ကျရောက်နေတာကို တွေ့ရပါတယ်။
၃၂ သင်းမှာ ၁၂ သင်း
ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်အုပ်စုအဆင့်ကို ရောက်ရှိခဲ့ကြတဲ့အသင်း တွေထဲက ၁၂သင်းပဲ ပြန်ပါလာတာကိုတွေ့ရလို့အသင်း ၂၀ကအသစ် တွေလိုဖြစ်နေပါတယ်။ အဲဒီပြန်ပါလာတာ အသင်း ၁၂ သင်းကိုဖော်ပြ ရမယ် ဆိုရင် လက်ရှိ ချန်ပီယံ အင်တာမီလန်၊ ဥရောပအဆင့်ချန်ပီယံ သုံးကြိမ်ဖြစ် ထားတဲ့ အင်္ဂလန်ကလပ် မန်ယူ၊ စကော့ တလန်ကလပ် ရိန်းဂျား၊ပြီးခဲ့တဲ့ရာသီကဗိုလ်လုပွဲအထိ တက်နိုင်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်၊ အီတလီကလပ်အေစီမီလန်၊စပိန်ဘီလူးကြီးရီးယဲလ်မက်ဒရစ်၊ ပြင်သစ် က နာမည်ကြီးကလပ်လိုင်ယွန်၊ စပိန်လာလီဂါလက်ရှိချန်ပီယံဘာစီလို နာ၊ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာကိုရော၊ အင်တာမီလန်ကိုပါ ဒုက္ခပေးခဲ့ ဖူးတဲ့ရုရှားကလပ်ရူဘင်ကာဇန်၊ ၂၀၀၈ ရုရှားမှာလုပ်တဲ့ ဗိုလ်လုပွဲအထိ တက်နိုင်ခဲ့တဲ့ချယ်လ်ဆီး၊ ပြင်သစ်ကလပ် မာဆေးလ်နဲ့ ၂၀၀၆ချန်ပီယံ လိဂ်ဖိုင်နယ်အထိ တက်နိုင်ခဲ့တဲ့ အာဆင်နယ်တို့ပဲဖြစ်ပါတယ်။
မျက်နှာသစ်အသင်းများ
ချန်ပီယံလိဂ်အုပ်စုအဆင့်ကို ဒီရာသီ ကျမှ ပထမဦးဆုံး တက်ရောက်လာနိုင်တဲ့အသင်းက ခြောက်သင်းပဲရှိပါတယ်။ သူတို့ကတော့ အင်္ဂလန် ကလပ် တော့တင်ဟမ်ဟော့စပါး၊ နယ်သာလန် ကလပ်အက်ဖ်စီတွမ်တီး၊ တူရကီကလပ် ဘာဆာစပေါရ်၊ အစ္စရေးကလပ် ဟာပိုးလ်တဲလ်အဗစ်၊ ဆလိုဗက်ကီးယားကလပ် ဇီလီနာနဲ့ ပေါ်တူဂီကလပ် စပို့တင်းဘရာဂါတို့ပဲဖြစ်ပါတယ်။ ပရီမီ ယာလိဂ်ကလပ် စပါးဟာ အခုမှ အုပ်စု အဆင့်ကို ရောက်ဖူးပေမယ့် သူ့ အကြောင်းကို သိချင်ရင် ပရီမီယာလိဂ် ဘက်ကို ငဲ့စောင်းကြည့်လို့ ရသလို အက်ဖ်စီတွမ်တီးကလည်း အင်္ဂလန် နည်းပြဟောင်း မက္ကလာရင် ကိုင်ခဲ့တဲ့ ကလပ်မို့လူသိများပါတယ်။
မရဏအုပ်စုဘာလဲ
ဒီနေရာမှာ လွှင့်တင်ထားတဲ့ ၀က်ဘ်ဆိုက်တွေရဲ့ ကွဲပြားမှုအရ ပုံသဏ္ဌာန် အမျိုးမျိုးကွဲပြားနိုင်တာကို သတိပြုစေ လိုပါတယ်။ အမှန် ကတော့ခြေရည်တူပြီးနောက်ဆုံးပွဲစဉ်အထိတောင်မရေမရာမသေမချာဖြစ်ရတဲ့ အုပ်စုဟွာGroup of Death မရဏအုပ်စုပဲဖြစ်တယ် လို့ ယုံကြည်မိပါတယ်။ ပြီးခဲ့တဲ့ ရာသီက ဘော်ဒိုး၊ ဂျူဗင်တပ်၊ ဘိုင်ယန် မြူးနစ်ပါတဲ့ အုပ်စု(၁)ဟာ မရဏအုပ်စု ဖြစ်ခဲ့သလို ဘာစီလို နာ၊ အင်တာမီလန်၊ ရူဘင်ကာဇန်တို့ပါတဲ့ အုပ်စု(၆)ဟာလည်း မရဏအုပ်စုလို့ဆိုနိုင်တာပါပဲ။
ဒီနှစ်မှာတော့ ချန်ပီယံအုပ်စုလို့ ပြောနိုင်တဲ့ အင်တာမီလန်၊၀ါဒါဘရီမင်၊တော့တင်ဟမ်ဟော့စပါးနဲ့ အက်ဖ်စီတွမ်တီးတို့ပါဝင်တဲ့ အုပ်စု (အေ) ဟာ အုပ်စုကျပ် မရဏအုပ်စုလို့ ပြော နိုင်ပါတယ်။ အင်တာမီလန်နည်းပြ ဘင်နီတက်ဇ်ဟာ လီဗာပူးနည်းပြဖြစ်စဉ် က စပါးရဲ့ ဟယ်ရီရက်နက်ပ်နဲ့ အကြိမ် ကြိမ်ရင်ဆိုင်ခဲ့ဖူးတာမို့ တစ်ယောက် ရဲ့အထာကို တစ်ယောက်သိပြီးဖြစ်နေ ပါတယ်။ ၀ါဒါဘရီမင်ဟာ ဥရောပ အဆင့်ပြိုင်ပွဲတွေကို အာရုံစိုက်တတ်ပြီး ယူအီးအက်ဖ်အေဖလားပြိုင်ပွဲမှာ ဖိုင်နယ်အထိ ရောက်ဖူးတဲ့အသင်းပါ။ ဒါကြောင့် သူတို့ကိုလည်း လျှော့တွက် လို့မရနိုင်ဘဲ ဒီအုပ်စုဟာ မထင်မှတ်ဘဲနဲ့ မရဏအုပ်စုဖြစ်လာနိုင်ပါတယ်။
ဒုတိယ အနေအထားကတော့ ရီးယဲလ် ပါဝင်တဲ့ အုပ်စု(ဂျီ) ဖြစ်ပါတယ်။ ရီးယဲလ်မှာ မော်ရင်ဟိုရောက်ရှိနေသလို သူ အင်တာမှာ နေ တုန်းက မြို့ခံပြိုင်ဘက် ဖြစ်တဲ့ အေစီမီလန်နဲ့ ရင်ဆိုင်ရဦးမှာပါ။ ဒါ့ပြင်အေဂျက်ဇ်ကလည်း ချန်ပီယံလိဂ်ဆုဖလားလေးကြိမ်ရထားတဲ့ အသင်း ဖြစ်နေပါတယ်။ ဥရောပရဲ့ ထိပ်တန်း လိဂ်တွေလို့ သတ်မှတ် နိုင်တဲ့ လာလီဂါ၊ စီးရီးအေတို့ ပါဝင်နေပေမယ့်လည်း ပြင်သစ် လီဂူးနဲ့ နယ်သာလန်ကို လျှော့တွက်လို့မရတာကြောင့် ဒီအုပ်စု ကလည်း ကျပ်ပါတယ်။
တတိယအနေအထားက ဘာစီလိုနာ ပါဝင်တဲ့ အုပ်စု(ဒီ)ပါ။ ဘာစီလိုနာကို ပြီးခဲ့တဲ့ရာသီ လောလောလတ်လတ် ဒုက္ခပေးခဲ့တဲ့ ရုရှား ကလပ် ရူဘင် ကာဇန် ခံစစ်ကြောင်း မာကျောပြီး ချန်ပီယံလိဂ် အတွေ့အကြုံများတဲ့ ဂရိ ကလပ်ပါနာသီနိုင်းကို့စ်၊ မာမာ တင်းတင်း ကစားတတ်တဲ့ ဒိန်းမတ်ကလပ် ကိုပင်ဟေဂင်တို့ဟာ အသက်ရှိနေဆဲမို့ ဒီအုပ်စုကလည်း မချောင်ပါဘူး။
နောက်ဆုံးရိန်းဂျားတစ်သင်းတည်းကိုသာ ဂရုစိုက်ရမယ်လို့ပြောထားတဲ့ ဒေးဗစ်ဂီးလ်ရဲ့ မန်ယူကလည်း သူ့နည်းသူ့ဟန်နဲ့ ကျပ်တာ ပါပဲ။ မန်ယူနဲ့ ရိန်းဂျားစ်ဟာ ဗြိတိန်ဒါဘီဖြစ်ပြီး စပိန် လာလီဂါကလပ် ဗလင်စီယာကလည်း ချဉ်နေတဲ့ ကလပ်မဟုတ်ပါဘူး။ တူရကီ ကလပ်ဘာဆာစပေါရ်ဟာ မျက်နှာသစ်အသင်းမို့ ကိုယ့်အကြောင်းကို သူမသိ သလိုသူ့အကြောင်းကို လည်း ကိုယ်မသိ တဲ့အတွက် ကစားရခက်ခဲနိုင်ပါတယ်။
ဘယ်သူတွေကို အလေးပေးသလဲ
မိုရက်တီက ရီးယဲလ်နဲ့မတွေ့ရလို့ပျော်ရွှင်သလို ချယ်လ်ဆီး၊ အာဆင်နယ်၊ မန်ယူတို့ကလည်း ကျေနပ်နေတာပါပဲ။ပထမအကျော့ပြိုင် ပွဲတွေကို စက်တင်ဘာ ၁၄-၁၅ မှာ စတင်တော့ မှာပါ။ မေ ၂၈ ရက်မှာတော့ ၀င်ဘလေကွင်းမှာ ဗိုလ်လုမှာ ဆိုတော့ အင်္ဂလန် ကလပ် တွေက All English Final ဖြစ်ချင်မှာပေါ့လေ။ အဲဒီအတွက် ပေးထားတဲ့ အလေးပေးမှု အချိုးတွေက စပိန်ကလပ်များဖိုင်နယ်အတွက် ၇း၂၊ အင်္ဂလိပ်ကလပ်များ ဖိုင်နယ်အတွက် ၁၁း၂၊ အီတာလီယာကလပ်များဖိုင်နယ် အတွက် ၃၃း၁ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ ချန်ပီယံဖြစ်ဖို့ ၅း၂ နဲ့ အကောင်းဆုံးဖြစ်ပြီးသူ့နောက်မှာ ရီးယဲလ်၊ ချယ်လ်ဆီး၊ မန်ယူနဲ့ အင်တာမီလန်တို့ဟာ အစဉ်လိုက်ရပ်တည်နေ ပါတယ်။ 'ကမ္ဘာ့ဖလားအသေးစား လေး' လို့ တင်စားကြရတဲ့ ဒီဥရောပ ချန်ပီယံ လိဂ်ပြိုင်ပွဲဟာ 'ဘယ်တော့မှ စိတ်ကူးနဲ့ ထပ်တူမကျ ဘူးဆိုတဲ့ သီအိုရီ'ကို ထုတ်နုတ်ပေးပါတယ်။ ဒီလို မရေမရာတာတွေကိုပဲ ရင်ခုန်နေကြ ရတဲ့ ချန်ပီယံလိဂ် ပွဲစဉ်တွေဟာ ယူရို ၂၀၁၂ ခြေစစ်ပွဲအပြီး ပရိသတ်ကြီးရဲ့ ရှေ့မှောက်ကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။