Now! Fashion Forward

ကန်တော်ကြီး ရေပြင် ရှုခင်းကိုခံစားနိုင်မယ့် ကွန်ဒိုသစ်

အခန်းရဲ့အကျယ်အ၀န်းက စတုရန်း ပေ ၁,၅၀၀ ရှိပြီး အိပ်ခန်းသုံးခန်းပါဝင် ပါတယ်။ အိမ်ထဲကိုဝင်ဝင်ချင်း ဧည့်ခန်း ဆီကို ရောက်ဖို့ ဘေးတစ်ဖက် တစ်ချက်က အခန်းလေးတွေကို ဖြတ်ရင်း လျှောက် လမ်းအတိုင်း သွားရပါမယ်။ အရင်ဆုံးရေချိုးခန်း အိမ်သာပါ တစ်ယောက်အိပ်ခန်းတစ်ခန်း၊နှစ်ယောက် အိပ်ခန်းတစ်ခန်းတို့က ဘေးတစ်ဖက် တစ်ချက်စီမှာ ရှိပါတယ်။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ယမန်နှစ် အုပ်စုအဆင့်ရောက် ၁၂ သင်း ပါဝင်

အခုလာမယ့် ဘောလုံးရာသီအတွက် ချန်ပီယံလိဂ် အုပ်စုအဆင့်မဲခွဲတဲ့ ပွဲစဉ် ဇယားရေးဆွဲမှုကို ဩဂုတ်လ ၂၆ ရက် က ရေးဆွဲပြီးစီးသွားခဲ့ပြီ ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံ၊ မိုနာကိုမြို့မှာရှိတဲ့ ဂရီမန် ဒီခန်းမကြီးထဲမှာ ကျင်းပ ပြုလုပ်ခဲ့ရာ မှာတော့ လက်ရှိချန်ပီယံအင်တာမီလန်ဟာ ဂျာမနီ ကလပ် ၀ါဒါဘရီမင်၊ အင်္ဂလန် ကလပ် တော့တင် ဟမ်ဟော့ စပါး၊ နယ် သာလန်ကလပ် အက်ဖ်စီတွမ်တီးတို့နဲ့အုပ်စု(အေ)မှာ တစ်အုပ်စုတည်း ကျရောက်နေ တာကို တွေ့ရပါတယ်။

News 

ဒိုင်ဟောင်းဝပ် ပြန်လာပြီ

၂၀၁၀ ကမ္ဘာ့ဖလားနောက်ဆုံးဗိုလ်လုပွဲတွင် ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ခဲ့သူ အင်္ဂလိပ်လူမျိုး ဟောင်းဝပ်ဝက်ဘ် သည် ယခုနှစ် ဘောလုံး ရာသီဘောလုံးပွဲများတွင် ဒိုင်လူကြီး တာဝန် ပြန်လည်ထမ်း ဆောင် လျက်ရှိပြီဖြစ် ကြောင်း အင်္ဂါနေ့ထုတ် သတင်းစာတစ်စောင်တွင် သတင်းရေးသားထားသည်။

News 

ပရီမီယာလိဂ်ကလပ်များ ပေါင်သန်း ၃၅၀ သုံး

ဂါနာတိုက်စစ်မှူးဂျီယန်သည် ပြင်သစ်ရိန်းကလပ်မှ ဆန်းဒါးလန်းသို့ လေးနှစ်စာချုပ်ဖြင့် ရောက်ရှိလာသည်။ အသက် ၂၄ နှစ်ရှိ ဂျီယန် အတွက် ပြောင်းရွှေ့ကြေးမှာ ပေါင် ၁၃ သန်း (ယူရို ၁၅ ဒသမ ၇ သန်း)ဖြစ်ရာ ကလပ် ၏ ပြောင်းရွှေ့ကြေးစံချိန်သစ်ဖြစ်သည်။၂၀၀၉ ခုနှစ်က ဒါရင်းဘင့်ကို တော့တင်ဟမ်မှ ၀ယ်ယူစဉ်က ပေးခဲ့ရ သော ပေါင် ၁၀ သန်း(ယူရို ၁၂ သန်း) မှာ ယခု စံချိန်ဟောင်းဖြစ်သွားခဲ့ သည်။

News 

အီတလီနည်းပြ ပရန်ဒယ်လီ လက်သီးဆုပ်ပြနိုင်ပါ့မလား

အီတလီ နည်းပြသစ် ပရန်ဒယ်လီ၏ ပထမဆုံးသော ခြေစမ်းပွဲအဖြစ် ဩဂုတ်လ ၇ ရက်တွင် အိုင်ဗရီကို့စ်နှင့် ကစားခဲ့သောပွဲကို ကျွန်တော် အပါအ၀င် အီတလီပရိသတ်များစောင့်ကြည့် ခဲ့ကြသည်။ ထိုပွဲတွင် အီတလီသည် ၁-၀ ဖြင့်အရေးနိမ့်သွားခဲ့သော်လည်း နည်းပြပရန်ဒယ် လီသည် ပြုပြင်ပြောင်း လဲမှုတစ်ခုကို ပြတ်သားစွာ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ ဒီရော့စီတစ်ယောက်ကိုသာ ချန်လှပ်ထားပြီး ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သော အီတလီအသင်းမှ 'အသိုးကြီး' များအားလုံးနီးပါး ကို ပြတ်သားစွာ 'ခေါက်' လိုက်သည်ကို တွေ့ရ သည်။

News 

ဂျာမနီအသင်းခေါင်းဆောင် ဘောလက်ဆက်လုပ်မည်

ဂျာမနီနည်းပြ ဂျိုချင်လိုက ၀ါရင့်လက်ရွေးစင် မိုက်ကယ်ဘောလက်ကို ၎င်း၏ပထမဦးစားပေး ကပ္ပတိန်အဖြစ် ဆက်လက်ထားရှိရန် ဆုံးဖြတ်လိုက်သည်ဟု စက်တင်ဘာ ၁ ရက်နေ့ထုတ် Bild သတင်းစာကဖော်ပြခဲ့သည်။သို့ရာတွင် ဘောလက်အနေဖြင့် ယူရို ၂၀၁၂ ခြေစစ်ပွဲများ၏ ပထမနှစ်ပွဲကို ကစားနိုင်မည် မဟုတ်ဟုဆိုသည်။

News 

ချယ်လ်ဆီးနဲ့ မန်ယူကို အဘူဒါဘီအုပ်စု စိန်ခေါ်နိုင်ပြီလား

မန်ယူရဲ့ဘီလျံနာတွေဟာ ချယ်လ်ဆီး ဘီလျံနာ၊ မန်စီးတီး ဘီလျံနာတွေလောက် အားကောင်း မောင်းသန်ဖြစ် မလာတာတော့ မန်ယူ ပရိသတ်တွေ အသိဆုံးပဲ ဖြစ်ပါတယ်။ ဒါကြောင့် လည်း မန်ယူကို သစ္စာစောင့် သိတဲ့ တော်ဝင်မန်ယူ ပရိသတ်တွေဟာ အမေရိကန် ဘီလျံနာ ဂလေဇာမိသားစုကို ကန့်ကွက်လာ နေကြပြီးRed Knight ဆိုတဲ့အဖွဲ့ကို ဖွဲ့ပြီးတော့ကို ဆန့်ကျင်နေတာက မန်ယူအသင်းရဲ့ အနာဂတ်ကို ပြနေတာ ပဲဖြစ်ပါတယ်။

News 

ထိပ်သီးလေးသင်း နိုင်ပွဲရသွားတဲ့ ပရီမီယာလိဂ် ပွဲစဉ် (၃)

ပရီမီယာလိဂ်ပွဲစဉ်(၃)ကတော့ ပွဲစဉ် (၂)ရဲ့ ရိုက်ခတ်မှုကြောင့် ဂိုးတွေအပြတ်သွင်းမလားလို့ ထင်ခဲ့ကြတာပါ။ ပွဲစဉ်(၂) တုန်းက ဂိုးတွေ တရစပ်သွင်းခဲ့လို့ ပွဲစဉ်(၃)လည်း ဖြစ်လာနိုင်တယ် ထင်ရပေမယ့် ထင်သလိုမဖြစ်ခဲ့တဲ့ သီတင်းပတ်ဖြစ်ခဲ့ပါတယ်။ မန်ယူကလွဲရင် ကျန် တဲ့ ထိပ်သီးတွေ ဂိုးမပြတ်တဲ့ ပွဲစဉ်ပဲဖြစ်ပါတယ်။ ဂိုးပြတ်ခြင်းမရှိခဲ့ ပေမယ့် ပွဲစဉ်(၃)မှာတော့ Big Four အသင်းတွေ နိုင်ပွဲကိုယ်စီရပြီး သုံးမှတ် စီ ရသွားခဲ့ကြပါတယ်။ Big Four ကို စိန်ခေါ်လာနေတဲ့ စပါးနဲ့ မန်စီးတီးတို့ ကတော့ ထူးခြားစွာ ရှုံးပွဲကိုယ်စီ တွေ့ သွားခဲ့ကြ ပါတယ်။

News 

ဥရောပကလပ်အသင်းများ ငွေကြေး ခြိုးခြံနေကြရ

လွန်ခဲ့သောနှစ်က ရီးယဲလ်မက်ဒရစ်သည် ကမ္ဘာ့အပြောင်းအရွှေ့စံချိန်ကိုနှစ်ကြိမ်ချိုးပြခဲ့သည်။ ကလပ်အသင်းများ၏ ကြွေးမြီသည် တက်သည်ထက်တက်လိုက်လာသည့်အခါလွန်ခဲ့သော နွေရာသီ၏ အလွန်ကြီးမားလှသော ငွေကြေးပမာဏမျိုးကသတိထား၍ဆင် ခြင်စဉ်းစားဖွယ်ဖြစ်လာသည်။

News 

ရန်ကုန်ယူနိုက်တက်ကို ဆောက်သမ်းမြန်မာ သရေကစားနိုင်

ပထမပိုင်း ခြောက်မိနစ်ခန့်တွင် ရန်ကုန်မှ လီယိုနာဒိုက ဂိုးရရှိရေး ကြိုး ပမ်းစဉ် ဆောက်သမ်းမြန်မာအသင်း ဂိုးသမားဇာနည်မင်းနှင့် ပြင်းပြင်း ထန်ထန် ထိခိုက်မိပြီး ဇာနည်မင်းနဖူးကွဲဒဏ်ရာရရှိခဲ့၍ အရန်ဂိုးသမား ပြည့်ဖြိုး အောင်နှင့် လူစားလဲ ကစားရသည်။ နှစ်သင်းစလုံး ဂိုးရရှိရေး အတွက် အကြိတ် အနယ်ကစားကြရာ ပွဲကစား ချိန် ၂၇ မိနစ်ခန့်၌ ဆောက်သမ်းမြန်မာ တိုက်စစ်မှူး ဖရန်ဆီတာနှင့် ရန်ကုန်မှကစားသမား တစ်ဦး ထိခိုက်မိ၍ ဖရန့်ဆီတာ ခြေသလုံးရိုးကျိုးသည်အထိဒဏ်ရာပြင်းထန်ခဲ့ပြီး .....

News 

တံခွန်စိုက်ဆုဖလား မြို့တော်စည်ပင်ကလပ် ဆွတ်ခူးသွား

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၊ အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူးကျင်းပပြီး H&S Group နှင့် T&T Groupတို့ ပူးပေါင်းစီစဉ်သော Royal Club ရွှေခါးပတ် ချန်ပီယံပြိုင်ပွဲကို ဩဂုတ်လ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့၊ သုဝဏ္ဏ အားကစားရုံတွင် ကျင်းပခဲ့ရာဝိတ် တန်း ခုနစ်တန်းအတွက် ရွှေခါးပတ် ချန်ပီယံ ခုနစ်ဦးထွက်ပေါ်ခဲ့ပြီး မြို့တော်စည်ပင်ရိုးရာလက်ဝှေ့ ကလပ်က Royal Club တံခွန်စိုက်ဖလား ဆု ဆွတ်ခူးခဲ့သည်။

News 

အေစီမီလန်နှင့် ရော်ဘင်ဟို နောက်ဆုံးရက်တွင်စာချုပ်

မန်ချက်စတာစီးတီး အသင်းမှ ဘရာဇီးလ်ဘောလုံးသမား ရော်ဘင်ဟို သည် အပြောင်းအရွှေ့နောက်ဆုံးရက် ဩဂုတ် ၃၁ရက်တွင် အီတလီမှ အေစီမီလန်နှင့် စာချုပ်ချုပ် ဆိုခဲ့သည်။ ၎င်းကို လွန်ခဲ့သော နှစ်နှစ်က မန်ချက်စတာ စီးတီးက စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၄၂ သန်းဖြင့် ၀ယ်ယူခဲ့သော်လည်း ယခု မီလန်သို့ ပြန်ရောင်းသောအခါတွင် ယူရို ၁၈ သန်းသာ ရခဲ့သည်။News

မြစ်ရေလျှံသဖြင့် ပဲခူးမြို့ရှိ ရပ်ကွက်ကိုးခုတွင် ရေကြီးနေ

"အိမ်မှာနေလို့ရသမျှ နေကြည့်သေးတယ်။ မနေ့က နေ့လယ်ပိုင်းလောက်မှာ ရေကထိုးတက်လာလို့ မနေ ရဲတာနဲ့ ပြောင်းလာတာ။ ရပ်ကွက်ထဲက အိမ် အတော် များများကတော့ ပြောင်းကုန်ပြီ။ ပစ္စည်းတွေကိုတော့ အိမ်ရဲ့ ရေလွတ်တဲ့နေရာတွေမှာ ဆင့်တွေထိုးပြီး ....

News

Local News

ရွေးကောက်ပွဲနဲ့ သူတို့အသံ

ကျွန်တော်တို့ရပ်ကွက်ထဲမှာ နိုင်ငံရေးပါတီတွေ ရုံးခွဲလာဖွင့်တာ မကြားမိဘူး။ မဲဆွယ် စည်းရုံးတာ တွေလည်း သတိမထားမိပါဘူး။ ကျွန်တော်တို့နား တစ်ဝိုက်တော့ တွေ့လည်း မတွေ့မိဘူး။ ကိုယ့်ကို လာပြီး မဲဆွယ်တာမျိုးလည်း မရှိပါဘူး။ နေထွက်နေ၀င် ကိုယ့်အလုပ် နဲ့ကိုယ်ဆိုတော့ ပါတီမဲဆွယ်စည်းရုံးတာတွေဘာတွေ သွားပြီးနားထောင် ဖို့လည်း အစီအစဉ် မရှိပါဘူး။

News

» သတင်းအပြည့်အစုံသို့..

ပြည်တွင်း အသေးစား၊ အလတ်စားလုပ်ငန်းများ၌ လုပ်ကိုင်ရန် ထိုင်းလုပ်ငန်းရှင်များ စိတ်ဝင်စား

"မနေ့က Capital Mart ကို ရောက်တော့ အဲဒီမှာရှိတဲ့ ပစ္စည်းတွေရဲ့ ၅၀ ရာခိုင်နှုန်းနီးပါးလောက်က ထိုင်း ပစ္စည်းတွေ တွေ့ခဲ့တယ်။ အဲဒါကြောင့်လည်း ထိုင်း လုပ်ငန်းရှင်တွေက မြန်မာပြည်ရဲ့ ဈေးကွက်ကို စိတ်ဝင်စားတာ"

News

Local News

အလတ်စားဆောက်လုပ်ရေး စီမံကိန်း ဈေးကွက်ကြောင့် အရေအတွက်လျှော့ချ

"အလတ်တန်းစား တည်ဆောက်သူတွေအနေနဲ့ ဈေးကွက်နဲ့ ကိုက်ညီပြီးဝယ်လိုအားရှိတဲ့ နေရာတွေ မှာပဲ ဆောက်သင့်တယ်။ ၀ယ်လိုအားကို အဓိက ထားရမယ်။ ရန်ကုန်မှာဆိုလည်းတိုက်တွေဖျက် ဆောက်နေတာ အများကြီးပဲ။ ဒါပေမယ့် ၀ယ်လိုအားတက်ပြီး
အရောင်းထွက်နိုင်မယ့်နေရာကိုရွေးနိုင်ဖို့ အရေးကြီးတယ်။

News

» သတင်းအပြည့်အစုံသို့..

ပုဂံအပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသုတေသန ဓမ္မသဘင် ဖွင့်လှစ်

"ပုဂံဒေသက အရင်ကတည်းက ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအဖြစ် မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ဒေသတစ်ခု ဖြစ်ပါတယ်။ "ခရီးသွား နယ်မြေတစ်ခုတည်း မဟုတ် သလို ယဉ်ကျေးမှုနယ်မြေတစ်ခု တည်းလည်း မဟုတ် ဘူး။ ဘာသာ၊ သာသနာ ထွန်းကားခဲ့တဲ့ ဒေသတစ်ခု အဖြစ်လည်း သတ်မှတ်နိုင်ပါတယ်။

News

Local News

စကားပြောတဲ့ခရီး

နတ်နန်းအ၀င်ဝမှာ စုပြုံတိုးဝှေ့ နေတဲ့ လူတွေကြား မရမကတိုးဝင်ပြီးမှ တောင်ပြုန်းမင်းနှစ်ပါးရဲ့ နန်းပေါ်ကို ရောက်တယ်။ အလှည့်ကျ ချော့နေကြ တဲ့ နတ်ကတော်ကြီးရယ် လူပရိသတ်ကြား ပျံဝဲ နေတဲ့ ငွေစက္ကူတွေနဲ့ ချွေးသီး ချွေးပေါက် အလုံးလုံးနဲ့ နတ်ကတော် မျက်နှာကို အမိအရ ဓာတ်ပုံရိုက်ဖို့ ကြိုးစားနေတဲ့ ကိုရွှေဧည့်သည်က တစ်ပုံလည်းမက နှစ်ပုံလည်းမက တော်တော် ဇွဲကောင်းသား။

News

» သတင်းအပြည့်အစုံသို့..

ပရိသတ်တွေကြား တစ်ဖန်ပြန်ရောက်လာတဲ့ လက်တင်စုံတွဲအက

"ရွန်းဘားသင်နေတဲ့အချိန်မှာ ရွန်းဘားကို အရမ်း ကြို့်ပြီး၊ချာချာသင်တဲ့ အချိန်တွေမှာတော့ ချာချာက ဆွဲဆောင်မှု အရှိဆုံးပဲ။ ဒါကြောင့် ဘယ်အမျိုးအစားကို အကြိုက်ဆုံးလဲဆိုတာစဉ်းစားရခက်တယ်"

News

Local News

မို့မို့မြင့်အောင်နဲ့ စပ်မိစပ်ရာ ၁၀ မိနစ်တာ အမေးအဖြေ

သရုပ်ဆောင်နဲ့ ပတ်သက်လာရင် မမရူးသွပ် သလောက် ဒါရိုက်တာတွေကလည်း ခိုင်းတတ် ကြတယ်။ တစ်ခါတလေတော့ မွန်းကျပ်တာပေါ့။ ဒါပေမယ့် ကိုယ်က သရုပ်ဆောင်အပေါ်မှာ ရူးသွပ်မှုရှိတော့ ဒါရိုက်တာ ခိုင်းရင် ခိုင်းသလောက် ကိုယ်ကလည်း အစွမ်းကုန်လုပ်တာပေါ့။

News

» သတင်းအပြည့်အစုံသို့..

အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့၏အရှေ့တောင်ဘက် ၁၅ ကီလိုမီတာအကွာရှိ ဘက်စ်မိုင်ယာ စစ်စခန်းရှိ အမေ ရိကန်လုပ် အမ်အိုင်အေတင့်ကားများ အသုံးချပုံကို အမေရိကန်တပ်ဖွဲ့ဝင်များက အီရတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ပေးနေစဉ်။ အီရတ်တွင် အမေရိကန်တပ်ဖွဲ့များ ဆုတ်ခွာမည့်ရက် မကြေညာမီ တစ်ပတ်အလို၌ အီရတ်ရှိ 'ကန်'တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်အင်အားကို ၅၀,၀၀၀ အောက်သို့ လျှော့ချလိုက်သည်။ ဆက်ဒမ်ဟူစိန်ကို တိုက်ခိုက်သည့်တိုက်ပွဲအပြီး ခုနစ်နှစ်အတွင်း ယခုကဲ့သို့ တိုက်ခိုက်ရေးတပ်များ ဆုတ်ခွာခြင်းသည် အရေးပါသည့် သမိုင်းမှတ်တိုင်ဖြစ်သည်။ ဩဂုတ်လ ၃၁ ရက် ညပိုင်း တွင် သမ္မတအိုဘားမားက 'ကန်'ရုပ်မြင်သံကြားတွင် အီရတ်၌ 'ကန်'တပ်ဖွဲ့ဝင်များ၏ ခုနစ်နှစ်ကျော် တိုက် ခိုက်မှုများရပ်စဲလိုက်ကြောင်းနှင့်ပတ်သက်ပြီး မိန့်ခွန်း ပြောကြားသွားသည်။ ဓာတ်ပုံ-အေအက်ဖ်ပီ

Local News

ရုရှားက အာဖဂန်နစ္စတန်နှင့် စီးပွားရေးတိုးလုပ်လို

ရုရှားသည်ဆိုဗီယက်ခေတ်က အာဖဂန် နစ္စတန် နိုင်ငံတွင် ဆောင်ရွက်ခဲ့သည့် လမ်းပန်း ဆက် သွယ်ရေး လုပ်ငန်းများကို ပြန်လည်ပြုလုပ်ခြင်း ဖြင့်စီးပွားရေးကိစ္စများကို ပူးပေါင်းဆောင်ရွက် လိုသည်ဟုသမ္မတ ဒီမီ ထရီမက်ဗီဒက်ဗ်ကပြောသည်။ ဩဂုတ်လ ၁၈ ရက်နေ့ကကျင်းပသည့် အာဖဂန်နစ္စတန်၊တာဂျစ်ကစ္စတန်နှင့်ပါကစ္စတန် ခေါင်းဆောင်တို့တက် ရောက်သည့် ထိပ်သီးအစည်းအဝေးတွင်ထိုသို့ ပြောကြားသွားခြင်း ဖြစ်သည်။ ယခုဒုတိယ အကြိမ်မြောက် ကျင်းပခြင်း ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ကလည်း ရုရှားနိုင်ငံက စည်းရုံးပြီး အထက်ပါ လေးနိုင်ငံ ထိပ်သီးအစည်းအဝေးကိုကျင်းပခဲ့သည်။

News

» သတင်းအပြည့်အစုံသို့..

ရေလွှမ်းမိုးနေသော ပါကစ္စတန်သို့ အကူအညီများ ပေးကြရန် ကုလသမဂ္ဂက နှိုးဆော်စည်းရုံးမှု ပြုလုပ်

ဩဂုတ်လ ၂၄ရက်နေ့က ပါကစ္စတန်နိုင်ငံ လာပီယား တွင် ရေဘေး ဒုက္ခသည်များက စစ်ရဟတ်ယာဉ်မှ ချပေးနေသည့် အစားအသောက်များကိုရယူရန် စောင့်ဆိုင်းနေကြစဉ်။

News