Now! Fashion Forward

ပင်လုံအိမ်ရာဝင်းထဲက မြေယာရှုခင်း စိတ်ကြိုက် ဖန်တီးနိုင်မယ့် နှစ်ထပ်အိမ်

ခြံအကျယ်က စတုရန်းပေ ၁၉,၀၀၀ နီးပါး(ပေ ၉၈ x ပေ ၁၉၀)တောင်ရှိတဲ့ အတွက် ခြံ ကို ကိုယ့်စိတ်ကြိုက်မြေယာ ရှုခင်း ဒီဇိုင်းလေးပြင်ဆင်လို့ ရနေပါပြီ။ ခြံရဲ့အရှေ့ဘက်မှာ မြက်ခင်းပြင် ကျယ်နဲ့ ပန်းခြံလေးရှိပြီး ကားမောင်းဝင်ဖို့ ကွန်ကရစ်လမ်းက စက်ဝိုင်းခြမ်းပုံ သဏ္ဌာန် ကွေ့ဝိုက်ထားပါတယ်။ ညာ ဘက်မှာ သစ်ခွပန်းရုံငယ်လေးရှိသလို ဘယ်ဘက်မှာ တော့ နားနေဆောင်နဲ့ ငါးကန်တစ်ကန်ရှိပါတယ်။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

မျက်နှာသစ်များ ဗိုလ်လုပွဲတက်

ငြိမ်းအိအိထွေး
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၁)

ဝိတ်တန်းခုနစ်တန်းအတွက် ရွှေခါးပတ်ချန်ပီယံပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်ပွဲစဉ်များ ကို ဩဂုတ်လ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားရုံတွင် ဆက်လက်ပြုလုပ်ခဲ့သည်။

ပြိုင်ပွဲ ပထမနေ့ ၄၈ကီလိုတန်းတွင် ထစ်ချုံးက စစ်မင်းကိုအနိုင်ရခဲ့သလို အောင်စစ်မင်းက ရွှေခါးပတ်ပိုင်ရှင် မိုးသီးကို အလဲထိုးဖြင့်နိုင် ခဲ့သည်။ ၅၄ ကီလိုတန်းတွင် ချစ်အောင်နှင့် ၀င်းတင် တို့ ဖိုင်နယ်တက်ပြီး ၆၃ ဒသမ ၅ ကီလိုတန်းတွင် မိုက်တိုင်ဆန်နှင့် လုံးချောလေး တို့နိုင်ခဲ့ပြီး စိုးလင်းဦးကလည်း ဒုတိယနေ့ပွဲစဉ်တွင် အနိုင်ရခဲ့သော ကညော ထူးနှင့် တွေ့မည်ဖြစ်သည်။

ဒုတိယနေ့အထူးလေးချီစိန်ခေါ်ပွဲတွင် သားကချင်က ၀မ်ချုံးကို အနိုင်ရခဲ့ပြီး ၅၁ ကီလိုတန်းတွင် အမှတ်ဖြင့် နိုင်ခဲ့ကြ သော စောသဲမင်း နှင့် ခိုင်လင်းဦး တို့ ဖိုင်နယ်ပွဲသို့ တက်သွားကြသည်။ ၆၇ ကီလိုတန်းတွင် ရွှေမင်းရာဇာက ပြိုင်ဘက်ကို ဒုတိယအချီတွင် အလဲထိုးကာ အနိုင်ယူခဲ့ပြီး လုံးချောလေးနှင့် ရွှေခါးပတ်လုရမည်ဖြစ်သည်။

အောင်ဇေယျကိုအမှတ်ဖြင့်နိုင်သွားသော ရွှေသိန်းအောင်က ဗိုလ်လုပွဲတွင်မိုက်တိုင်ဆန်နှင့်တွေ့မည်ဖြစ်ပြီးစိုးမိုးဟိန်းကို တတိယအချီ တွင် အလဲထိုးခဲ့ သော စောအုန်းမြင့်နှင့် သတ္တိအောင်ကို အမှတ်ဖြင့်နိုင်ခဲ့သော သားသားတို့ ၂၉ ရက်နေ့ ဗိုလ်လုပွဲတွင်တွေ့ရမည်။

ဗိုလ်လုပွဲသို့ တက်သွားသူအများစုမှာ မျက်နှာသစ်လက်ဝှေ့သမားများဖြစ်သောကြောင့်လက်ရှိရွှေခါးပတ်ချန်ပီယံများအရှုံးပေးထွက်ခွာ ခဲ့ရသော ပြိုင်ပွဲစဉ်များဖြစ်ခဲ့သည်။