
ပင်လုံအိမ်ရာဝင်းထဲက မြေယာရှုခင်း စိတ်ကြိုက် ဖန်တီးနိုင်မယ့် နှစ်ထပ်အိမ်
ခြံအကျယ်က စတုရန်းပေ ၁၉,၀၀၀ နီးပါး(ပေ ၉၈ x ပေ ၁၉၀)တောင်ရှိတဲ့ အတွက် ခြံ ကို ကိုယ့်စိတ်ကြိုက်မြေယာ ရှုခင်း ဒီဇိုင်းလေးပြင်ဆင်လို့ ရနေပါပြီ။ ခြံရဲ့အရှေ့ဘက်မှာ မြက်ခင်းပြင် ကျယ်နဲ့ ပန်းခြံလေးရှိပြီး ကားမောင်းဝင်ဖို့ ကွန်ကရစ်လမ်းက စက်ဝိုင်းခြမ်းပုံ သဏ္ဌာန် ကွေ့ဝိုက်ထားပါတယ်။ ညာ ဘက်မှာ သစ်ခွပန်းရုံငယ်လေးရှိသလို ဘယ်ဘက်မှာ တော့ နားနေဆောင်နဲ့ ငါးကန်တစ်ကန်ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ဘင်နီတက်ဇ်အတွက် အင်တာရဲ့စိန်ခေါ်မှု
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၁)

၂၀၁၀-၁၁ဘောလုံးရာသီ အီတလီစီးရီးအေပြိုင်ပွဲဝင်ထိပ်တန်းအသင်း ကြီးများ အနေအထားကို သုံးသပ် ကြည့်လျှင် ရိုးမား တစ်သင်းမှလွဲ၍ အင်တာမီလန်၊ အေစီမီလန်၊ ဂျူဗင်တပ် နှင့် ဖီအိုရင်တီးနားတို့အားလုံး တွင် နည်းပြသစ်များ ကိုင်တွယ်ကြမည်ကို တွေ့ရသည်။
ထိုသို့ ထိပ်သီးအသင်းများ၌ နည်းပြသစ်များ ရောက်ရှိကိုင်တွယ်မည့် အထဲ တွင် ကျွန်တော့ အမြင်မှာ အင်တာမီလန်သည် စိတ်ဝင်စားစရာ အကောင်းဆုံး နှင့် ဖိအား အများဆုံး အသင်း ဖြစ်နေသည်။ အင်တာ မီလန်ကို ကျွန်တော်စိတ်ဝင်စားမိသောအဓိကရှုထောင့်မှာနည်းပြသစ် ဘင်နီတက်ဇ် မည်သို့မည်ပုံ အပြောင်းအလဲပြု လုပ်ပြီး မော်ရင်ဟို၏ လောင်းရိပ်မှ ရုန်းထွက် ကာ အင်တာမီလန်ကို မည်သို့ပြန်လည်တည် ဆောက် မည်နည်းဆိုသောရှုထောင့်ပင်ဖြစ်သည်။
ဘင်နီတက်ဇ်သည် ဆုဖလားများနှင့် သူစိမ်းပြင်ပြင်တော့မဟုတ်။ သို့ ပေမယ့်အင်တာမီလန်နည်းပြဖြစ် ပြီးနောက် ပထမဆုံး ရင်ဆိုင်ရမည့် ပြဿနာတစ်ခု ရှိသည်။ ပြီးခဲ့သောရာသီတွင် အင်တာ မီလန်အတွက် ဖလားသုံးလုံးဆွတ်ခူးသွား ပေးခဲ့သော နည်းပြဟောင်း မော်ရင်ဟိုနှင့် နှိုင်းယှဉ်ခံရခြင်းဖြစ်သည်။ မော်ရင်ဟိုသည် အီတလီစီးရီးအေ သမိုင်း တွင် မည်သည့်အသင်းမျှမရခဲ့ ဖူးသော ဘောလုံးရာသီတစ်ခုအတွင်း ချန်ပီယံလိဂ်၊ စီးရီးအေနှင့် ကိုပါအီတာ လျံရှုံးထွက်ဖလားသုံးခု စလုံးကို တစ်ပြိုင်နက်တည်း ရရှိအောင် ဆွတ်ခူးပေးနိုင်ခဲ့ သော်လည်း သူ၏နည်းဗျူဟာဖြစ်သည့် 'လျင်မြန်ထိရောက်သော တန်ပြန် တိုက်စစ်ကစားဟန်'ကို ပရိသတ် အတော်များများ သဘောမတွေ့ခဲ့ကြပေ။
သည်အပိုင်းနှင့်ပတ်သက်ပြီး နည်းပြ သစ်ဘင်နီတက်ဇ်က "ကျွန်တော်ကတော့ ကစားသမားတွေကို ဒီထက်ပိုကောင်းအောင်ကစားဖို့၊ ဘောလုံးပိုင်ဆိုင်မှုပိုရ ပြီး ကစားကွက် စနစ်တကျဖော်နိုင်ဖို့ ကြိုးစားချင်တယ်။ ဒီကိစ္စက လွယ်တော့ မလွယ်ဘူး"ဟုဆိုသည်။ သူပြော ထားသောစကားများအရ ဘင်နီ တက်ဇ်သည် ပရိသတ်အကြိုက် ဖျော်ဖြေပေးနိုင်သော ကစားကွက် ကို တည်ဆောက်ချင်ပုံရသည်။
မော်ရင်ဟိုနှင့်နှိုင်းယှဉ်လာသည့်အပေါ်ဘင်နီတက်ဇ်က"ကျွန်တော်တို့က ကစားကွက်ပိုင်းမှာပိုကောင်းအောင်လုပ်နိုင်တယ်"ဟုမယုတ် မလွန် ပြောကြားသည်။ ထိုစကားသည် အထိုက်အလျောက်မှန်ကန်ကြောင်း နာမည်ကျော် မန်စီးတီးနှင့် ခြေစမ်းပွဲတွင် အင်တာမီလန် သုံးဂိုးပြတ်အနိုင် ရခဲ့ခြင်းအားဖြင့် ပေါ်လွင်စေခဲ့သည်။
မော်ရင်ဟိုသည် အင်တာမီလန်သို့ ရောက်လာပြီးသည့်နောက်ရှိတဲ့လူနှင့် အောင်မြင်မှုရအောင် တည်ဆောက်နိုင်ခဲ့သည်။မော်ရင်ဟိုရ ခဲ့သောအောင်မြင်မှုသည် ရေတို(၀ါ)ချက်ချင်းလက်ငင်း အောင်မြင်မှုမျိုးဖြစ်သည်။ ဘင်နီတက်ဇ်ကမူအနာဂတ်ကာလကိုပါထည့်တွက် ပြီး ရေရှည်အချိန်ယူ တည်ဆောက်မည့် သဘောရှိသောကြောင့် "ကျွန်တော်က အသင်းကို ကျစ်ကျစ်လျစ်လျစ်နဲ့ အနာဂတ်နှစ်ပေါင်း များစွာအတွက် တည်ဆောက်ချင်တယ်"ဟုပြောဆိုခဲ့သည်။ အင်တာမီလန်အသင်း ပထမဆုံး လေ့ကျင့်ခန်းဆင်းသောနေ့မှာပင် တွေ့ ရ သည်မှာ ဘင်နီတက်ဇ်သည် မော်ရင်ဟို သုံးစွဲခဲ့သော လေ့ ကျင့်ခန်းများကို ဆက်မသုံးတော့ ခြင်းဖြစ်သည်။
နည်းပြသစ် တစ်ယောက် အနေဖြင့် ဘင်နီတက်ဇ် သည် သူတည် ဆောက်မည့် အသင်းအတွက် လိုအပ်မည်ဟု ယူဆရသော ကစား သမား ခေါ်ယူပေးရန် တောင်းဆိုမှုရှိသော်လည်း သူတောင်း ဆိုသည်မှာ ယခုချိန်ထက် ကစားသမားများများစားစား မဟုတ်သေးဘဲ လီဗာ ပူးအသင်းမှ အာဂျင်တီးနားကွင်းလယ် ကစားသမား မာရှေယာနို တစ်ယောက် သာဖြစ်သည်။
နောက်တစ်ပိုင်းက ပြီးခဲ့သော ရာသီက အောင်မြင်ခဲ့သော တစ်သင်းလုံးကို ဘင်နီတက်ဇ် ဆက်ထိန်းနိုင်ပါ့မလား ဆိုသောအချက်ဖြစ် သည်။
လတ်တလော အင်တာမီလန် အပါ အ၀င် အီတလီဘောလုံးလောကတွင် ပြင်းထန်သောဂယက်တစ်ခုရိုက်ခတ်နေ သည်။ ထိုဂယက် က၂၀၁၀ ကမ္ဘာ့ဖလားတွင် အသက်ကြီးသော ကစားသမား အများစုပါဝင်သွားသည့် အီတလီလက် ရွေးစင်အသင်းကျရှုံးခဲ့ပြီးနောက် စီးရီးအေကလပ်အသင်းများတွင်အီတလီလူငယ်ကစားသမားများကို နေရာပေးပြီးအနာဂတ်ကိုတည်ဆောက်ရမည်ဆိုသောပါရာဒိုင်း ဖြစ်သည်။
ထိုအချက်သည်နည်းပြသစ် ဘင်နီတက်ဇ်အတွက်လွန်စွာ 'ခေါင်းကိုက်' ရမည့် ပြဿနာတစ်ရပ်ဖြစ်လာနိုင်သည်။ အကြောင်းမူကား ယမန်နှစ်က ဖလားသုံးလုံး ရခဲ့သော အင်တာမီလန် အသင်းတွင် အဓိကပါဝင် ခြေစွမ်းပြခဲ့သူ အများစုမှာ နိုင်ငံခြားသားများ ဖြစ်ပြီး အတွေ့အကြုံနှင့် အစွမ်းအစရှိသူများ သာဖြစ်ကြသည်။ အီတလီလူငယ်ကစား သမားများပါဝင်မှုနည်းပါးခဲ့သည်။
ဘင်နီတက်ဇ်ကမူ သူ၏သဘောထားများကိုပြောကြားရာတွင်လူငယ်များကို နေရာပေးမည်ဖြစ် သော်လည်းအသင်းတစ်သင်း အနေ ဖြင့်အခြားရည်ရွယ်ချက်များလည်းရှိနေကြောင်း၊ ထိုထဲတွင်အောင်မြင်မှုရရှိရန်နှင့် ပရိသတ်နှစ်ခြိုက်စေရန်ဆိုသောအချက်များသည် လည်း မရှိမဖြစ်လိုအပ်ကြောင်း ကျားကန်ပြောဆိုခဲ့သည်။
အချုပ်အားဖြင့် ဆိုရလျှင် အင်တာ မီလန်နည်းပြ သစ်ဖြစ်လာသော ဘင်နီတက်ဇ်အနေဖြင့် ရင်ဆိုင်ဖြေရှင်းရမည့် ပြဿနာများစွာရှိ နေသည်။ ထိုပြဿနာ တွေအနက် မော်ရင်ဟိုနှင့်နှိုင်းယှဉ်ခံရမှု၊ အီတလီလူငယ် ကစားသမားများကိုနေရာ ပေးရမည့် ပြဿနာများ သည် ဘင်နီတက်ဇ်အတွက် အကြီးမားဆုံးသော စိန်ခေါ်မှုများဖြစ်လာဖွယ်ရှိသည်။