Now! Fashion Forward

ပင်လုံအိမ်ရာဝင်းထဲက မြေယာရှုခင်း စိတ်ကြိုက် ဖန်တီးနိုင်မယ့် နှစ်ထပ်အိမ်

ခြံအကျယ်က စတုရန်းပေ ၁၉,၀၀၀ နီးပါး(ပေ ၉၈ x ပေ ၁၉၀)တောင်ရှိတဲ့ အတွက် ခြံ ကို ကိုယ့်စိတ်ကြိုက်မြေယာ ရှုခင်း ဒီဇိုင်းလေးပြင်ဆင်လို့ ရနေပါပြီ။ ခြံရဲ့အရှေ့ဘက်မှာ မြက်ခင်းပြင် ကျယ်နဲ့ ပန်းခြံလေးရှိပြီး ကားမောင်းဝင်ဖို့ ကွန်ကရစ်လမ်းက စက်ဝိုင်းခြမ်းပုံ သဏ္ဌာန် ကွေ့ဝိုက်ထားပါတယ်။ ညာ ဘက်မှာ သစ်ခွပန်းရုံငယ်လေးရှိသလို ဘယ်ဘက်မှာ တော့ နားနေဆောင်နဲ့ ငါးကန်တစ်ကန်ရှိပါတယ်။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ဘွန်ဒက်စ်လီဂါတွင် ဒေါ့မွန် လက်မှတ်အရောင်းစံချိန်တင်

(အေအက်ဖ်ပီ)
တင်ဦး ဘာသာပြန်သည်။
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၁)

ဘာလင် - ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဂျာမနီ၏ အောင်မြင်မှုကြောင့် ဂျာမနီ၏ ဘွန်ဒက်စ်လီဂါဘောလုံးပွဲများ၏ လက်မှတ်ရောင်းအားမြင့် တက်လာခဲ့ရာ ဘိုရုရှားဒေါ့မွန်အသင်းကလည်း မိမိတို့ အသင်း၏ လက်မှတ်ရောင်းအားကို ယခုနှစ်ရာသီတွင် စံချိန်တင်မြင့်တက်လာ မည်ဟု မျှော်မှန်းထားသည်။

လွန်ခဲ့သောလတွင် ကျင်းပခဲ့သော ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ဂျာမနီသည် တတိယရခဲ့ရာ ဘွန်ဒက်စ်လီဂါမှ ကလပ်သင်း ၁၈ သင်းစလုံး၏ ယခုနှစ် ရာသီလက်မှတ်ရောင်းအားသည် စံချိန် တင်မြင့် တက်လာသည်။ လွန်ခဲ့သော ရာသီက ၁၈ သင်းပေါင်း လက်မှတ် ရောင်းရ အရေအတွက် စုစုပေါင်းသည် ၄၃၅,၀၀၀ ရှိခဲ့ရာမှ ယခုနှစ်တွင် ၄၆၀,၀၀၀ အထိမြင့်တက်လာသည်။

သောကြာနေ့တွင်စတင်တော့မည့် ဘောလုံးရာသီ၌ဒေါ့မွန်၏ရောင်းချပြီး လက်မှတ်အရေအတွက်မှာ ၅၁,၂၀၀ဖြစ်ရာ ယခင်နှစ်ရာသီ က ၎င်းတို့တင်ထားသည့်လက်မှတ်အရေအတွက် ၅၀,၆၇၅ စောင်စံချိန်ကို ချိုး၍ လက်မှတ် အရောင်းရဆုံးကလပ်အသင်း အဖြစ်ရှေ့ ကပြေးနေသည်။

ဒေါ့မွန်အသင်းအားကစားကွင်းသည် လူဦးရေ ၈၁,၀၀၀ ဆံ့သည်အနက် လက်မှတ် ၅၀,၀၀၀ ကျော်အထိ ရောင်းရခဲ့သည်မှာ ကလပ် အသင်း၏ သမိုင်းတွင် စတုတ္ထအကြိမ်ဖြစ်သည်။

ဒေါ့မွန်သည် လွန်ခဲ့သောရာသီတုန်းက လက်မှတ်ရောင်းရသည့် အရေအတွက်တွင် ပဉ္စမလိုက်ခဲ့သည်။ တနင်္ဂ နွေနေ့တွင် ဘိုင်ယန် မြူးနစ်ကို အိမ်ရှင် အဖြစ်လက်ခံ ယှဉ်ပြိုင်ကစားရမည်ဖြစ်ရာ ထိုပွဲ၌ ယခုထက်လက်မှတ်ရောင်း အားပိုတက်လာဖွယ်ရှိသည်။

ဒေါ့မွန်၏ ပြိုင်ဘက် ရှော်ကေးလ်သည် ရာသီပေါက် လက်မှတ်ရောင်းရ အရေအတွက် ၄၂,၀၀၀ ဖြင့် ဒုတိယ လိုက်သည်။ လက်ရှိ ချန်ပီယံဘိုင်ယန်မြူးနစ်သည် ယင်း၏အလိုင်းယန်စ် အာရီနားကွင်းအတွက် ရာသီလက်မှတ် ရောင်းရအရေအတွက် ၃၇,၆၀၀ ရောက် ရှိလည်း အရောင်းရပ်ပစ်မည်ဖြစ်သည်။