Now! Fashion Forward

ခြောက်မိုင်ခွဲက ဆိတ်ငြိမ်တဲ့အိမ်ကလေး

ခံအကျယ်အ၀န်းစတုရန်းပေ ၆,၃၀၀ (ပေ ၇၀ x ပေ ၉၀) လောက် ခန့်မှန်း ခြေရှိပြီး မျက်နှာစာဘက်က အတော် လေး ကျယ်ကျယ်ဝန်းဝန်းရှိ ပါတယ်။ မြေမျက်နှာပြင်ကို ကွန်ကရစ်ခင်းထားပေမယ့် ခြံထဲမှာ အရိပ်ရသစ်ပင်ကြီး တချို့နဲ့ အလှပန်းပင် တချို့လည်း ရှိပါတယ်။ အဖြူရောင်နှစ်ထပ်တိုက်ရဲ့ ပုံစံက နှစ်ဖက်အလေးချိန်မျှနေတဲ့ ခေါက်ချိုးညီပုံစံ မျိုးပါ။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

တိုးဒီဖရန့်ချန်ပီယံ ကွန်တာဒါကို စပိန်ဝန်ကြီးချုပ်ချီးကျူး

(အေအက်ဖ်ပီ)
အတွဲအမှတ် (၂၄ ၊ အမှတ် ၄၇၇)
News Pic
၂၀၁၀ ပြင်သစ်ခရီးရှည်စက်ဘီးစီးပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် စပိန်မှ အယ်ဘာတိုကွန်ဒါတာက အ၀ါရောင်ဂျာစီဖြင့် ဦးဆောင် စီးနင်းယှဉ်ပြိုင်နေစဉ်။ ထို အဆင့် ၂၀ ခရီးသည် ၁၀၂ ဒသမ ၅ ကီလိုမီတာ ရှိပြီး ပါရီမြို့၊ ရှောင်ဆယ်လီ ဆေး လမ်းမကြီး တွင် နောက် ဆုံးပန်းဝင်ခဲ့ပြီး ချန်ပီယံဆုကို ကွန်တာ ဒါက ရရှိသွားခဲ့ သည်။

စပိန်ဝန်ကြီးချုပ် ဟိုဆေးလူးဝစ် ရိုဒရစ် ဇာပါတီရိုက ပြင်သစ်ခရီးရှည် စက်ဘီး ပြိုင်ပွဲ (တိုးဒီဖရန့်) ချန်ပီယံအယ်ဘာတို ကွန်တာဒါကို 'ကျား ကုတ်ကျားခဲဇွဲနပဲကြီးမားမှုနှင့် ကြိုးစားအားထုတ်မှု'၏စံနမူနာပြအဖြစ် ချီးကျူးလိုက်သည်။ချန်ပီယံကွန်တာဒါကို ၀န်ကြီးချုပ်က၎င်း၏နေအိမ် တွင် ဇူလိုင် ၂၆ ရက်က တွေ့ဆုံခဲ့သည်။

"ကျွန်တော်တို့ရဲ့ အလံအရောင်ကို ဂုဏ်အသရေတင့်နေအောင် အမြဲ ကာကွယ်ထိန်းသိမ်းပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်၊ အား ကစားမှာဘယ်လိုပြုမှုနေထိုင်ရတယ်။ဘယ်လို ယှဉ်ပြိုင်ရတယ်ဆိုတာ ကိုခင်ဗျားက စံနမူနာ ပြလိုက်တာပါပဲ" ဟုလည်း ၀န်ကြီးချုပ်က ပြော ကြားခဲ့သည်။ ကွန်တာဒါသည်တိုးဒီဖရန့်ပြိုင်ပွဲတွင် ၂၀၀၇ နှင့် ၂၀၀၉ ခုနှစ်တို့ကလည်းဗိုလ်စွဲခဲ့ရာယခုတတိယအကြိမ်မြောက် ချန်ပီယံဆုရ ခြင်းဖြစ်သည်။ ထို့ကြောင့် လည်း အသက် ၂၇ နှစ် ရှိ ကွန်တာဒါ အား ဇူလိုင်၂၆ ရက်က မက်ဒရစ်လေဆိပ်တွင် စပိန်ပရိသတ်ရာပေါင်း များ စွာက ကြိုဆိုခဲ့ကြခြင်းဖြစ်သည်။ ထိုမှ၎င်း၏ ဇာတိမြို့ဖြစ်သော ပင်တို မြို့သို့ ဆက်လက်သွားရောက်ခဲ့သည်။

"ကျေးဇူးအများကြီးတင်ပါတယ်။ အဲဒီထက်ပိုမပြောတတ်တော့ပါဘူး"ဟု လည်း ကွန်တာဒါကပြောခဲ့သည်။

ပြင်သစ်ခရီးရှည်စက်ဘီးပြိုင်ပွဲသည်ပြင်သစ်နိုင်ငံတစ်နံတစ်လျားအဆင့် ၂၀ ခွဲ၍ ဇူလိုင် ၃ ရက်မှ ၂၅ ရက်အထိ ၂၃ ရက်ကြာယှဉ်ပြိုင် ရသည်။ အဆင့် ၂၀စလုံး စီးနင်းရသည့် ခရီးအကွာအဝေးမှာ ၃၆၄၂ ကီလိုမီတာ (၂၂၆၃ မိုင်) ရှိသည်။ ထိုခရီးတွင် အဲ့လ်တောင်တန်း ပေါ်မှ တောင်တက်ခရီးက ခြောက်ပိုင်းပါဝင်သည်။

ကွန်တာဒါ၏ အောင်ပွဲသည် စပိန်ဘောလုံးအသင်းကမ္ဘာ့ဖလားကိုပထမဆုံးအကြိမ်ရပြီး နှစ်ပတ်အကြာ တွင်ဖြစ်ရာ စပိန်နိုင်ငံအတွက် ဂုဏ်တက်စရာပင်ဖြစ်သည်။ ထို့ပြင် ယခုနှစ်အစောပိုင်းကလည်း စပိန်တင်းနစ်သမား ကမ္ဘာ့အဆင့် (၁) ရာဖေးနာဒဲလ်က ၀င်ဘယ်ဒန် နှင့် ပြင်သစ်အိုးပင်းတို့တွင် ဗိုလ်စွဲခဲ့သည်။