Now! Fashion Forward

ခြောက်မိုင်ခွဲက ဆိတ်ငြိမ်တဲ့အိမ်ကလေး

ခံအကျယ်အ၀န်းစတုရန်းပေ ၆,၃၀၀ (ပေ ၇၀ x ပေ ၉၀) လောက် ခန့်မှန်း ခြေရှိပြီး မျက်နှာစာဘက်က အတော် လေး ကျယ်ကျယ်ဝန်းဝန်းရှိ ပါတယ်။ မြေမျက်နှာပြင်ကို ကွန်ကရစ်ခင်းထားပေမယ့် ခြံထဲမှာ အရိပ်ရသစ်ပင်ကြီး တချို့နဲ့ အလှပန်းပင် တချို့လည်း ရှိပါတယ်။ အဖြူရောင်နှစ်ထပ်တိုက်ရဲ့ ပုံစံက နှစ်ဖက်အလေးချိန်မျှနေတဲ့ ခေါက်ချိုးညီပုံစံ မျိုးပါ။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

နိုင်ငံပြောင်းကစားရန် ဂျီယောင် စိတ်ကူး

ဂျီယောင်၏နည်းပြ ထရက်ဗာဖလိပ် မိုးသည် ဆယ်ကျော်သက် ဂျီယောင် ကလေးအား တကယ့်ပြိုင်ပွဲကြီးတွေမှာ ၀င်ပြိုင်နိုင်သူအဆင့် ရောက်အောင် လုပ်ပေးခဲ့တယ်။ "ဩစတြေးလျမှာက လေ့ကျင့်ဖို့ ပစ္စည်းမစ္စယ၊ ကွင်း အစ ရှိတာတွေသိပ် ပြည့်စုံတယ်။ ကိုရီးယား မှာ ထက်ပိုကောင်း တယ်။ ဒါကြောင့် ကျွန်တော် လေ့ကျင့်နိုင်သမျှ လေ့ကျင့်လို့ရခဲ့တယ်။ အဲဒီလိုလေ့ကျင့်နိုင်ခဲ့လို့ကျွန်တော့ရဲ့ ပြိုင်ပွဲအတွက် အများကြီးအထောက်အပံ့ဖြစ် စေခဲ့တယ်"

News 

စီးပွားရေးကျဆင်းမှုကြောင့် ပြင်သစ်ကလပ်များ အကျပ်တွေ့နေ

"ဒါဟာ လွန်ခဲ့တဲ့နွေရာသီမှာတွေ့ခဲ့ ကြရပြီးဖြစ်တဲ့ အခြေအနေဆက်ဖြစ်နေခြင်းပါပဲ" ဟု ပြင်သစ်ဆုကြေးစား ဘောလုံးကလပ်အသင်းများသမဂ္ဂ (ယူစီပီအက်ဖ်)၏ ဥက္ကဋ္ဌ ဖီးလစ်ဒီယာလိုက ပြောသည်။ "ရီးယဲလ်မက်ဒရစ်နှင့် ပြင်သစ်က လိုင်ယွန်နှင့် မာဆေးတို့ရဲ့ ပြောင်းရွှေ့ကြေး ပမာဏကြီးမားမှုအပြင် ဘောဒိုးက ယုန်းဂေါကပ်ဖ်ကို ဆက်ထား မယ်ဆိုတာတွေကြောင့် လူထုမှာ တုန်လှုပ်သွားကြတယ်။ ဒါပေမယ့် ဈေးကွက်ကတော့ကျနေပြီး သားပါ"

News 

ကမ္ဘာ့တန်ဖိုးအကြီးဆုံးတွင် မန်ယူရှိ

ဖို့ဘ်မဂ္ဂဇင်းကစုစည်းလေ့လာချက်အရ အင်္ဂလန်ပရီမီယာလိဂ်၏အသင်းကြီးတစ်သင်းဖြစ်သည့် မန်ချက်စတာယူနိုက်တက်သည် အားကစားဘက်တွင်တန်ဖိုး အကြီးဆုံးအသင်းဖြစ်သည်ဟု သိရသည်။ ဖို့ဘ်မဂ္ဂဇင်းက ကမ္ဘာ့တန်ဖိုး အကြီးဆုံးအသင်းများ စာရင်းကို ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့ရာ ထိုစာရင်း၌ မန်ချက်စတာ ယူနိုက်တက်က ဒေါ်လာ ၁ ဒသမ ၈၄ ဘီလျံဖြင့် ထိပ်ဆုံး ရောက်နေသည်။

News 

တွေ့မရှောင်နှင့် ၀င်းထွန်းသရေကျ

"ဒီတစ်ခေါက် ကတော့ ရွှေခါးပတ် ချန်ပီယံတွေ တော်တော်သတိထားရတဲ့ ပွဲပဲ။အငယ်တွေရဲ့ ထိုးကွက်တွေ၊ တိုက် စစ်ဆင်မှုတွေကို အလူးအလဲခံရပေမယ့် သူတို့မှာ ခံနိုင်ရည်ရှိလို့တော် သေးတာပေါ့။နောက်ဆိုရင် လက်ဝှေ့သမား အသစ်တွေကို လန့်သွားမှာ သေချာ တယ်" လို့ လက်ဝှေ့ပွဲတိုင်း မလွတ် တမ်းအားပေးတယ်ဆိုတဲ့ ၀ါသနာရှင် ဦးမောင်ဦးက အားတက်သရော ပြောသည်။

News 

မန်စီးတီးရဲ့ ပြင်ဆင်အားနဲ့ ချန်ပီယံလိဂ်နေရာ အားပြိုင်မှု

မန်စီးတီး ကစားသမား ဂါရတ်ဘယ်ရီ က " ပရီမီယာလိဂ်မှာ Big Four ဆိုတာ ကျော်လွန် သွားခဲ့ပြီ။ ဒီရာသီ မန်စီးတီး ဟာ မနှစ်က ထက်ပိုပြီး အားပြိုင်စွမ်း ရှိ လာခဲ့ပြီး ထိပ်တန်း အဆင့် လေးသင်း ထဲ ၀င်ရေးဟာ ဒီရာသီ ပရီမီယာလိဂ် ကျွန်တော်တို့ ရဲ့ ရည်မှန်းချက် ပဲဖြစ် တယ်" လို့ ပြောဆိုနေခဲ့ပြီဖြစ်ပါတယ်။ လောလောဆယ် မန်စီးတီးရဲ့အမေရိကန် ခရီးစဉ်မှာ ပထမဆုံးပွဲဖြစ်တဲ့ စပို့တင်း လစ္စဘွန်းနဲ့ပွဲမှာ ၂-၀ နဲ့ မန်စီးတီးရှုံးသွားခဲ့ပေမယ့် ဒီရာသီမန်စီးတီးရဲ့ပြင်ဆင်အားကို မန်ယူ၊ချယ်လ်ဆီး၊အာဆယ်နယ်၊တော့တင်ဟမ်ဟော့ စပါးတို့ကတော့ သတိထားလျက်ရှိနေ ကြပါတယ်။

News 

အီရတ်ဘောလုံးအဖွဲ့ချုပ် ရွေးကောက်ပွဲ ရွှေ့ဆိုင်း

လက်ရှိဥက္ကဋ္ဌဟူစိန်ဆာအိဒ်ကအိုင်အက်ဖ်အေ၏ကော်မတီဝင် ၆၃ဦး စလုံးကရွေးကောက်ပွဲကိုရွှေ့ဆိုင်းထားရန် မေတ္တာရပ်ခံသည့်စာကို ဖီဖာသို့ပို့ရန် သဘောတူခဲ့ကြကြောင်း ကာဒစ်ဒေသ၏မြို့တော်အာဘီးလ်တွင် ကျင်းပ သည့် အစည်းအဝေး၌ ပြောကြားခဲ့သည်။ "ကျွန်တော်တို့ကဖီဖာကကိုယ်စားလှယ်များနဲ့ အာရှဘောလုံးအဖွဲ့ ချုပ်၏ ကိုယ်စားလှယ်များကို ကော်မတီရဲ့မေတ္တာရပ်ခံချက်ကိုသယ် ဆောင်ပေးသွားရန် အခွင့်အာဏာ အပ်နှင်း ခဲ့ပြီး ဖြစ်ပါတယ်"ဟု ဆာအိဒ်က ပြောသည်။

News 

နောက်တန်းလူ ကိုလာရွိုင်း မန်စီးတီးစာချုပ်

မန်ချက်စတာစီးတီးမန်နေဂျာမန်ချီနီသည်ဆားဘီးယားနောက်တန်းလူအလက်ဆန်းဒါးကိုလာရွိုင်းကို ပေါင် ၁၉သန်းခန့်ဖြင့် လာဇီယိုမှ ခေါ်ယူကာ စာချုပ်လိုက်သည်။ ကိုလာရွိုင်း (၂၄ နှစ်)သည် အင်္ဂလန်တွင် အလုပ်လုပ် ခွင့်ရရှိပြီး ဆေးစစ်ပြီးနောက် ငါးနှစ်သက်တမ်းရှိ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

News 

တိုးဒီဖရန့်ချန်ပီယံ ကွန်တာဒါကို စပိန်ဝန်ကြီးချုပ် ချီးကျူး

"ကျွန်တော်တို့ရဲ့ အလံအရောင်ကို ဂုဏ်အသရေတင့်နေအောင် အမြဲ ကာကွယ်ထိန်းသိမ်းပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်၊ အားကစားမှာဘယ်လိုပြုမှုနေထိုင်ရတယ်။ဘယ်လို ယှဉ်ပြိုင်ရတယ်ဆိုတာ ကိုခင်ဗျားက စံနမူနာ ပြလိုက်တာပါပဲ" ဟုလည်း ၀န်ကြီးချုပ်က ပြောကြားခဲ့သည်။ ကွန်တာဒါသည်တိုးဒီဖရန့်ပြိုင်ပွဲတွင် ၂၀၀၇ နှင့် ၂၀၀၉ ခုနှစ်တို့ကလည်းဗိုလ်စွဲခဲ့ရာယခုတတိယအကြိမ်မြောက် ချန်ပီယံဆုရ ခြင်းဖြစ်သည်။News 

နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အိန္ဒိယသို့သွားရောက်

အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီးအလည်အပတ် ရောက်ရှိနေသည့် ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီး ဒေါ်ကြိုင်ကြိုင်တို့ ဇူလိုင်လ ၂၇ ရက်နေ့က နယူးဒေလီမြို့ရှိ ကွယ်လွန်သူ အိန္ဒိယ ခေါင်းဆောင်ကြီး မဟတ္တမဂန္ဓီ၏ ဂူဗိမာန်၌ လွမ်းသူ့ ပန်းခွေချ ဂါရ၀ပြုနေစဉ်။

News

Local News

ဧရာဝတီဒေသအတွက် ရေပေါ်ဆေးခန်းဝန်ဆောင်မှု စတင်

"ဒီလိုလုပ်ဖို့ နာဂစ်ဖြစ်ပြီးကတည်းက စိတ်ထဲမှာ နှစ်ထားခဲ့တာ။ ပိုက်ဆံ မရှိလို့ မသေသင့်ဘဲ သေသွားတဲ့လူနာတွေ၊ တကယ်ဒုက္ခ ရောက်နေ သူတွေကို အိမ်တိုင်ရာရောက် ကုသပေးချင်လို့ ဒီအဖွဲ့အစည်းထဲမှာ ပါဝင်ဖြစ်ခဲ့တာပါ" ဟု ဒေါက်တာပီကျော်လှ က ပြောသည်။ "ကုန်းလမ်းမပေါက်တဲ့ ဒေသတွေမှာရှိတဲ့ ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်တွေ၊ အချိန်မီခွဲစိတ်မှုမလုပ်ခဲ့ရလို့ ခြေ၊လက် ဖြတ်ခဲ့ရသူ တွေနဲ့ ထိခိုက်ဒဏ်ရာ ရသူတွေကို အဓိကကုသမယ်"

News

» သတင်းအပြည့်အစုံသို့..

ပြည်တွင်းပုံနှိပ်လုပ်ငန်း ၇၅ ရာခိုင်နှုန်းကျော် ပြည်ပမှ တင်သွင်းသည့်စက္ကူများအပေါ် မှီခိုနေရ

"ပြည်တွင်းမှာ စက္ကူထုတ်လုပ်တဲ့ စက်ရုံက ခြောက်ရုံ လောက်ပဲ ရှိပါတယ်။ ဒါပေမယ့် အဲဒီပုဂ္ဂလိကစက်ရုံ တွေက သုံးပြီးသားစက္ကူတွေကို ပြန်လည်ကြိတ်ခွဲ သန့်စင်ပြီး ပြုလုပ်တဲ့စက္ကူမျိုးတွေပဲ ဖြစ်တဲ့အတွက် ဈေးကွက်လိုအပ်ချက်အတွက် လိုအပ်တဲ့စက္ကူအများဆုံး ကို ပြည်ပကနေ နှစ်စဉ်တင်သွင်းနေရပါတယ်"

News

Local News

ဇုန်ထုတ်ကားများ အရောင်းအ၀ယ်အေး

လိုက်ထရပ် (တောင်းအေ့စ်ပစ်ကပ်) တစ်စီး၏ တန်ဖိုးမှာ ယခုနှစ်အတွင်း မော်ဒယ်လ်အလိုက် ကျပ်သိန်း ၁၂၀ မှ ၂၀၀ ကြားတွင်ရှိကြောင်း၊ ကျပ်သိန်း ၁၄၀ မှ ၁၇၀ အတွင်းရှိ ကားများမှာ အများဆုံး အရောင်း အ၀ယ်ဖြစ်နေကြောင်း၊ ပြည်ပမှ တင်သွင်းလာသော ပစ်ကပ်ကားများမှာမူ ကျပ်သိန်း ၂၀၀ မှ ၄၀၀ ခန့်အတွင်း ရှိကြောင်း ၎င်းက ပြောသည်။

News

» သတင်းအပြည့်အစုံသို့..

၁၃၇၂ ခုနှစ် ဒုတိယ၀ါဆိုလပြည့်၊ ဇူလိုင်လ ၂၆ ရက်နေ့ က တောင်သမန်အင်းရှိ တောင်မင်းကြီးမြတ်စွာဘုရားသို့ လာရောက်ဖူးမျှော်ကြသူများနှင့် ဦးပိန် တံတားသို့ လာ ရောက်လည်ပတ်ကြသူများကို တွေ့ရစဉ်။ မြန်မာလူမျိုး တို့၏ ဗုဒ္ဓဘာသာဓလေ့အတိုင်း ၀ါဆိုသင်္ကန်းကပ်လှူ ခြင်းနှင့်အတူ မန္တလေးတောင်၊ ကျောက်တော်ကြီးဘုရား၊ မဟာမုနိရုပ်ရှင်တော်သို့ ဘုရားဖူးလာရောက်သူများဖြင့် ထိုနေ့ကစည်ကားခဲ့ပြီး ကန်ရေအပြည့်ဖြင့် လှပနေသည့် ကမ္ဘာကျော်ဦးပိန်တံတားသို့ လာရောက်လည်ပတ်သူ များနှင့် များပြားစည်ကားခဲ့သည်ကိုတွေ့ရသည်။ သတင်းနှင့်ဓာတ်ပုံ - စည်သူနိုင်

Local News

မန္တလေးစက်မှုဇုန်တွင် ဘက်စုံသုံးယာဉ်၊ ဘတ်စ်ကားနှင့် ကုန်တင်ယာဉ်ကြီးများ တပ်ဆင် ထုတ်လုပ် ခွင့်ရရှိပြီဖြစ်

မန္တလေးစက်မှုဇုန်သည် ၂၀၀၃ ခုနှစ် Light Truck ကား၊ ဂျစ်ကားနှင့်ဘတ်စ်ကားသုံးမျိုး ထုတ်လုပ် ခွင့်ရခဲ့သည်။ ၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်မှစပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဌာနက မော်တော်ယာဉ်များ ထုတ်လုပ်ရန် လိုအပ်သည့် အင်ဂျင်နှင့် ပစ္စည်းများ တင်သွင်းခွင့်နှင့် တပ်ဆင်ထုတ်လုပ်ရောင်းချခွင့် ပြုထားပြီ ဖြစ်ကြောင်း သိရသည်။

News

» သတင်းအပြည့်အစုံသို့..

ဟောင်းပေမယ့် ကောင်းနေဆဲ.. ပရိသတ်တွေ နှစ်သက်နေဆဲ .. အင်္ဂလိပ်ခေတ်ဟောင်း သီချင်းတွေ ...

"အဲဒီအချိန်တုန်းက ငယ်လည်းငယ်၊ ရင်ကလည်းရှင်း ခေါင်းကလည်းရှင်းဆိုတော့ အဲဒီလိုသွက်လက်မြူးကြွတဲ့ သီချင်းတွေကို စွဲလမ်းသွားတာ အခုထိ မမေ့နိုင်ဘူး။ နားထောင်လို့လည်း မရိုးနိုင်သေးဘူး။ သူတို့ရဲ့သံစဉ် လေးတွေက နားစွဲလွယ်တယ်။ စာသား အရမ်း အား ကောင်းတော့မှတ်မိလွယ်တယ်"

News

Local News

တယောမတီးနိုင်လို့ စိတ်ဓာတ်ကျခဲ့ဖူးတဲ့ ချမ်းဟိန်းကြွယ်

ငယ်ငယ်ကတည်းက ရင်းနှီးခဲ့တာကတော့ မြန်မာသံစဉ်ပဲပေါ့။ ဆို၊က၊ရေး၊ တီးမှာလည်း တယောနဲ့ ပတ်သက်ပြီး ဆုတွေရနေတော့ ကျွန်တော် အထက်တန်းအရွယ်လောက်မှာ စားသောက် ဆိုင်တစ်ခုကနေ သူတို့ရဲ့မြန်မာပိုင်း ဖျော်ဖြေမှု အစီအစဉ်မှာ ၀င်တီးပေးဖို့ ခေါ်တယ်။ အဲဒီမှာ လေးဇီးကလပ်ကကိုနိုင်ဇော်ကလည်း ကျောင်းတက်ရင်းနဲ့ ကီးဘုတ်ဝင်တီးတယ်။ အဲဒီကနေသူတို့တီးတာ တွေကို တွေ့ပြီး ကျွန်တော်လည်း ခေတ်ပေါ်သီချင်းတွေကို တီးဖို့ စစဉ်းစားဖြစ်ခဲ့တာပါ။

News

» သတင်းအပြည့်အစုံသို့..

'ကန်' ထောက်လှမ်းရေးအဖွဲ့များကို ၀ါရှင်တန်ပို့စ် ဝေဖန်

"အလွန်ကိုးရိုးကားရားနိုင်သော၊အလွန်သိုဝှက်သော၊ ငွေကြေးမည်မျှ ကုန်ကျနေပြီကိုမသိရသော၊ ၀န်ထမ်း မည်မျှခန့် ထားသည်ကိုမသိရသော၊ အစီအစဉ် မည်မျှ များများ ရှိသည်ကိုမသိရသောအလုပ်တစ်ခုတည်းကို အဖွဲ့အစည်းဘယ်လောက် များများလုပ်ဆောင်နေ သည်ကို မသိရ"News


ဇူလိုင်လ ၂၀ ရက်နေ့က ဗီယက်နမ်နိုင်ငံ၊ဟနွိုင်းမြို့တွင် ပြုလုပ်သွားသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ (၄၃) ကြိမ်မြောက် နှစ်စဉ်အစည်းအဝေးပွဲ၌ အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်(လယ်)က သတင်း စာဆရာများနှင့်တွေ့ဆုံဖြေကြားနေစဉ်။အာရှ-ပစိဖိတ် နိုင်ငံခြားရေးဝန်ကြီးများက ၎င်းအစည်းအဝေးတွင် ကိုရီးယားကျွန်းဆွယ်၌ မြင့်တက်နေသည့်တင်းမာမှုများ ကိုဖြေရှင်းရန် နည်းလမ်းများ ဆွေးနွေးခဲ့ကြသည်။