
တောင်ဥက္ကလာပက စိတ်ကြိုက်အိမ်တစ်လုံး
ခြံအကျယ်အ၀န်းစတုရန်းပေ ၃,၅၀၀ (ပေ ၅၀x ပေ ၇၀) တောင် ရှိတဲ့အတွက် မိသားစု အဆင်ပြေပြေနဲ့နေနိုင်မှာပါ။ ခြံထဲမှာ ပန်းခြံအသေးစားနဲ့ မြက်ခင်းပြင်ပြုပြင်ဖန်တီးဖို့နေရာလေးရယ်၊ ကွန်ကရစ် ခင်းမျက်နှာစာရယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကားတစ်စီးစာရပ်နားနိုင်ဖို့ ကားဂိုဒေါင် လေးကလည်း အိမ်နဲ့ တွဲလျက်ရှိပါတယ်။ .......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ချန်ပီယံ ရတနာပုံအသင်း အပြောင်းအလဲ ကြီးကြီးမားမား လုပ်ရန်မရှိ
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၆)
မြန်မာနေရှင်နယ်လိဂ်၏ လက်ရှိချန်ပီယံအသင်းဖြစ်သော ရတနာပုံအသင်း အနေဖြင့် မတ်လအတွင်း ပြန်လည်ကျင်းပမည့် မြန်မာ နေရှင်နယ်လိဂ်ပြိုင်ပွဲများအတွက် ကြီးမားသောပြင်ဆင်မှု၊ ပြောင်းလဲမှုများလုပ်သွားရန် အစီအစဉ်မရှိကြောင်း အသင်းပိုင်ရှင်ဖြစ်သူ ဒေါက်တာစိုင်းဆမ်ထွန်းက ဖေဖော်ဝါရီလ တတိယပတ်တွင်ပြောသည်။
"လာမယ့်ပြိုင်ပွဲအတွက် ရတနာပုံ အသင်းအနေနဲ့ ကြီးမားတဲ့ အပြောင်းအလဲလုပ်ဖို့မရှိပါဘူး။ တခြားအသင်းက ကစားသမားတွေကို ခေါ်ဖို့ ကမ်းလှမ်းသွားဖို့လည်းမရှိပါဘူး။ ဒီရာသီသစ်အတွက် ကြီးကြီးကျယ်ကျယ် ပြင်ဆင်ထားတာလည်းမရှိသလို မပြင်ဆင်တော့ ဘူးလို့လည်း စဉ်းစားထားတယ်။ ဒါပေမယ့် ကျွန်တော်တို့ပဲ ချန်ပီယံထပ် ဖြစ်ဦးမှာပါ" ဟု ၎င်းက ပြောသည်။
ရတနာပုံအက်ဖ်စီ၏ အရန်အသင်းမှကစားသမား ၁၁ ဦးခန့်ထွက်သွားဖွယ်ရှိရာ အဆိုပါအရန်အသင်းအတွက် ကစားသမားအားဖြည့် သွားရန် အစီအစဉ်များ ပြုလုပ်ရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
"အသင်းကြီးမှာရှိတဲ့ အဓိက ကစားသမားတွေနေရာမှာ အပြောင်းအလဲတော့ ဘာမှမရှိပါဘူး။ အသင်းကထွက်မယ့် ကစားသမားမရှိ သလိုကစားသမားအသစ် ထပ်မရနိုင်တာလည်းသေချာတယ်။ ထွက်သွားတဲ့နိုင်ငံခြား ကစားသမားနှစ်ယောက်နေရာကိုတော့အိုင်ဗရီ ကို့စ်နဲ့ ဘာကီနာဖာဆိုနိုင်ငံ တွေက ကစားသမားနှစ်ယောက်ထပ်ခေါ်ပြီး အားဖြည့်ထားတယ်။ ရတနာပုံ အက်ဖ်စီရဲ့ အရန်အသင်း ကနေတော့ ကစားသမား ၁၀ ဦးကနေ ၁၁ ဦးအထိ ထွက်သွားဖွယ်ရှိတယ်။ အဲဒီနေရာတွေကိုတော့ အသင်းက မွေးထားတဲ့ လူငယ် ကစားသမားတွေနဲ့ပဲ အားဖြည့်သွားမယ်" ဟု ရတနာပုံအသင်းပိုင်ရှင်ဖြစ်သူ ဒေါက်တာစိုင်းဆမ်ထွန်းက ပြောကြားသည်။