Now! Fashion Forward

တောင်ဥက္ကလာပက စိတ်ကြိုက်အိမ်တစ်လုံး

House Of The Weekခြံအကျယ်အ၀န်းစတုရန်းပေ ၃,၅၀၀ (ပေ ၅၀x ပေ ၇၀) တောင် ရှိတဲ့အတွက် မိသားစု အဆင်ပြေပြေနဲ့နေနိုင်မှာပါ။ ခြံထဲမှာ ပန်းခြံအသေးစားနဲ့ မြက်ခင်းပြင်ပြုပြင်ဖန်တီးဖို့နေရာလေးရယ်၊ ကွန်ကရစ် ခင်းမျက်နှာစာရယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကားတစ်စီးစာရပ်နားနိုင်ဖို့ ကားဂိုဒေါင် လေးကလည်း အိမ်နဲ့ တွဲလျက်ရှိပါတယ်။ .......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

မြန်မာပြည်က ဘောလုံးချစ်စိတ်ကိုမှ ချစ်မိနေ

ဂျွန်ဂျူဒန်
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၆)
News Pic
ရန်ကုန် နည်းစနစ်ဒါရိုက်တာ ပီတာဘက်တလာ(၀ဲ)နှင့် ရတနာပုံ၏ နိုင်ငံခြားသား ကြီးကြပ်သူနှစ်ဦး(ယာ)တို့ကို ပွဲတစ်ပွဲ၌တွေ့ရစဉ်။ ဓာတ်ပုံ - လွင်မောင်မောင်

ဝက်စ်ဟမ်းနဲ့ ၀က်ဘရွန်း အသင်းတွေမှာ တစ်ချိန်က အလယ်တန်းလူ အဖြစ်ကစားခဲ့တဲ့ ပီတာဘတ်တလာဟာ ဩစတြေးလျ၊စင်ကာပူ၊အင်ဒို နီးရှားနဲ့ မလေးရှားတို့မှာ နည်းပြအဖြစ် နှစ်ပေါင်း များစွာလုပ်ကိုင်ခဲ့ပြီး အခုရန်ကုန်ယူနိုက် တက်အသင်းကို တာဝန်ယူကြီးကြပ် နေပါတယ်။ မြန်မာနေရှင်နယ်လိဂ် အပေါ် သူ့ရဲ့အမြင်နဲ့ မြန်မာတွေရဲ့ ဘောလုံးချစ် စိတ်ကိုသူချစ်မိနေပြီလို့ အခုလိုပြောပြခဲ့ပါတယ်။

"ကျွန်တော်ဒီကိုရောက်တာ ငါးလရှိပြီး ဒီနိုင်ငံမှာ ဘောလုံးစွမ်းပကား တွေ အများကြီးရှိနေတာလည်းတွေ့ပြီးပါပြီ။ မြန်မာနိုင်ငံက ဘောလုံး ဆိုအရူးအမူးပဲလေ။ ရန်ကုန်ယူနိုက်တက်အသင်းကို ကျွန်တော်နည်းပြ နေတာပါ။ ပိုင်ရှင်ကတော့ ဦးတေဇနဲ့ သူ့သား ဖြိုးတေဇပါ။ သူ့တို့ရဲ့ မျှော်မှန်းချက်၊ သူ့တို့သွားချင်တဲ့နေရာ၊ သူတို့ရယူဖို့မျှော်လင့်ထားတဲ့ အောင်မြင်မှုကပဲ ကျွန်တော့ကို ဒီမှာ ရှိစေတာဖြစ်ပါတယ်။

အာရှမှာတော့ အခြေခံအဆောက်အအုံတွေအတွက် ဒေါ်လာသန်းနဲ့ချီ ရင်းနှီးမြှုပ်နှံပြီး သူတို့ရဲ့ကိုယ်ပိုင်ငွေတွေကို တကယ်သုံးစွဲ နေတဲ့သူတွေနဲ့ ကျွန်တော်ပထမဆုံး အလုပ်လုပ်ဖူး တာပါပဲ။သူတို့ကမြက်ခင်းတုကွင်းသစ်ကိုဆောက်တယ်။ ဒီလေ့ကျင့်ရေး အ ဆောက်အအုံသစ်က နောက်နှစ်ဆိုပြီးပါပြီ။ အဲဒီကွင်းသစ်ဟာ အရှေ့တောင်အာရှမှာတော့ ကွင်းအများစု လောက်ကိုကောင်းပြီး ဒီနိုင်ငံမှာတော့ အကောင်းဆုံးဖြစ်မှာပါ။

ဘောလုံးအကယ်ဒမီတစ်ခုအတွက် လည်း ဖွဲ့စည်းပုံနဲ့ စနစ်တကျ လုပ်ကိုင် နေပါပြီ။ ယူ-၁၇၊ ယူ-၁၉ နဲ့ အရန် အသင်းတွေရှိတော့ မှာပါ။ လွန်ခဲ့တဲ့ ငါးလ ကျွန်တော်ရောက်တုန်းက ဆို ပထမလက်ရွေးစင်အသင်းဟာ လိဂ်ရဲ့ အောက်ခြေမှာ ရုန်းကန်နေရတာပါ။ အခုတော့ ကျွန်တော်တို့ဟာ နောက်ဆုံး ခုနစ်ပွဲမှာ ခြောက်ပွဲနိုင်ပြီး တစ်ပွဲသရေ ကျခဲ့ပါတယ်။ ဒါကြောင့်လည်း အနာဂတ်အတွက် ယုံကြည်မှု ကြီးကြီးမားမား ရှိနေတာပါ။ ဘောလုံးသမား ကောင်းတွေလည်းရှိတော့ ဒီနှစ်မှာ ပြည်တွင်းချန်ပီယံဆုအတွက် ကျွန်တော် တို့ စိန်ခေါ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်လုပ်ခဲ့တဲ့ အသင်း တိုင်းနီးပါးကို ပြန်ဖွဲ့စည်းရတာပါပဲ။ အနိုင်ရအောင် ဘယ်လို လုပ်ရမယ်ဆို တာကျွန်တော်သိပါတယ်။ ကျွန်တော့ မှတ်တမ်းတွေက သက်သေပါပဲ။

လာမယ့်ဘောလုံးရာသီဆိုမြန်မာနေရှင်နယ်လိဂ်မှာ ၁၁သင်းရှိလာမှာပါ။ ဒီပြိုင်ပွဲဟာသိပ်ကိုပြိုင်ဆိုင်မှုပြင်းထန်လာမယ်လို့ကျွန်တော် တွက်ထားတယ်။ ဩစတြေးလျ၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူနဲ့ အခုမြန်မာနိုင်ငံမှာ လုပ်ခဲ့တဲ့၊ လုပ်နေတဲ့ အတွေ့အကြုံအရ ကျွန်တော် ဒီလိုပြောရဲတာပါ။ စင်ကာပူ၊မလေးရှားနဲ့ အင်ဒိုနီးရှားတို့မှာတောင် ကျွန်တော်တို့ တည်ဆောက်နေတဲ့လေ့ကျင့်ရေးကွင်းနဲ့ အဆောက်အအုံမျိုးဘယ်ကွင်းမှာမှ ရှိမှာမဟုတ်ပါဘူး။

အသင်းပိုင်ရှင်ကလည်း ကျွန်တော့ကို အပြည့်အ၀ပံ့ပိုးပေးပါတယ်။ လူရွေးချယ်တာတောင်သူတို့က ၀င်စွက်ဖက်ကြတာမဟုတ်ပါဘူး။ အာရှမှာတော့ အထူးအဆန်းပါပဲ။

နည်းစနစ်အရလည်း လူငယ်ဘောလုံးသမားတွေဟာ အလွန်တော်ကြပါတယ်။ နောက်ရာသီဆို ထိုင်းလိဂ်က အကောင်းဆုံးအသင်း တွေနဲ့ ကျွန်တော် တို့ ယှဉ်နိုင်မယ်ဆိုတာ ပုံအောပြီးလောင်းရဲ ပါတယ်။ ဒီနိုင်ငံမှာ နှစ်ပေါင်းများစွာ ပရော်ဖက်ရှင်နယ်လိဂ် မရှိခဲ့တာ၊ ဘောလုံး အဆင့်အတန်းကျဆင်းခဲ့တာတွေဟာ တွေးကြည့်ရင်တောင် အံ့ဩစရာဖြစ်နေပါတယ်။ မကြာခင် ကာလမှာတော့ မြန်မာ ဟာ အာရှမှာလေးစားစွာ နေရာထားရမယ့် အင်အား တစ်ရပ်ဖြစ်လာမယ်လို့ ကျွန်တော် ထင်ပါတယ်။ လူငယ်ကစားသမားတွေဟာ သင်ယူဖို့ဆန္ဒပြင်းပြကြပြီး လိုလို ချင်ချင်လည်းရှိကြပါတယ်။ သူတို့နဲ့ အလုပ်လုပ်ရတာလည်း အတော် ကောင်းပါတယ်။

တိုးတက်မယ့်အပိုင်းတွေလည်း အထင်အရှားရှိနေပါတယ်။ဒိုင်ကြီးကြပ် မှု အခြေအနေကလည်း အဲဒီအပိုင်း ထဲက တစ်ခုပါပဲ။ ဖီဖာနဲ့ အေအက်ဖ်စီ အကူအညီနဲ့လုပ်တဲ့ ဒိုင်လူကြီးနဲ့ နည်းပြ သင်တန်းတွေက အဲဒီအပိုင်းတွေကို အကျိုးဖြစ်စေမှာပါ။ဒီမှာနည်းပြ အများစု က လိုင်စင်မရှိကြပါဘူး။ ဒီကိစ္စကိုလည်း ဖြေရှင်းနိုင်ဖို့ရှိနေပါတယ်။ ကျွန်တော့မှာ တခြားနေရာက ကမ်းလှမ်းတာတွေလည်း ရှိပါ တယ်။ မလေးရှား ကနေ ယူကေကိုပြန်သွားဖြစ် တော့မလို့ ပဲ။အာဖရိကတိုက်ကနိုင်ငံ့ လက်ရွေး စင် အသင်းတစ်သင်းက ကမ်းလှမ်း တာ လည်းရှိတယ်။ ဒါပေမယ့် မြန်မာနိုင်ငံ က ဒီလူတွေက ရှေ့အနာဂတ်အတွက် တကယ်ကြိုးစားနေကြတာပါ။ သူတို့က ထူးခြားတဲ့ လူတွေပါပဲ။

အချိန်တော့ယူရပါမယ်။ ရှေ့ပိုင်း မျက်နှာစာအတော်များများမှာလည်း ကြိုးစားလုပ်ကိုင်ရမှာတွေရှိပါတယ်။ အဲဒီအကြောင်းတွေနဲ့ ကျွန်တော် နေနေတာပါ။ ကျွန်တော်နဲ့အတူ လုပ်ဖို့ အတွက် အင်္ဂလိပ်လူမျိုးပဲ ဖြစ်တဲ့ အဲရစ် ၀ီလျံကို ခေါ်ထားပါတယ်။ သူက ဩစ တြေးလျနဲ့ အင်ဒိုနီးရှားမှာ နှစ်အတော် ကြာလုပ်ခဲ့သူပါ။ အခုဆို သူက အကယ်ဒမီကို အုပ်ချုပ်စီမံနေပါတယ်။ သူ့သား ရိုင်းက ဩစ တြေးလျနဲ့ မစ်ဒယ်ဘရော့တို့မှာ ကစားနေတာပါ။

ကျွန်တော်တို့ အကယ်ဒမီအတွက် စမ်းသပ်ပြီး လူရွေးတော့ စနေ၊ တနင်္ဂနွေ ပိတ်ရက်မှာကိုပဲ ၆,၀၀၀ ကျော်ရောက် လာတယ်။ ၀ရုန်း သုန်းကား လုပ်ရတာ ပါပဲ။ နောက်ဆုံးတော့ သုံးလေးငါးပတ် အချိန်ယူစမ်းသပ်ပြီး လူငယ်လေး ၆၀ ကို ရွေးလိုက်တယ်။ အားလုံးကို ပညာသင်ဆုပေးမှာပါ။ သူတို့ဟာ ဘောလုံးပညာကိုသာမက အင်္ဂလိပ်စာကိုလည်းသင်ကြားရမှာပါ။ သူတို့ဟာကိုယ်တိုင်ဖွံ့ဖြိုးအောင် လုပ်ရတဲ့ အစီအစဉ်တွေနဲ့ လေ့ကျင့်ကြရမှာပါ။

ဒီလိုစီမံချက်မျိုးက ကျွန်တော့လို နည်းပြတစ်ယောက်အတွက်တော့ အလွန်ကောင်းပါတယ်။ ရန်ကုန် ယူနိုက်တက်ကို အမြဲတိုးတက် နေစေ ချင်ပါတယ်။ ကျွန်တော့မှာ စိတ်ကူးတွေ အများကြီးပါ။ အိပ်မက်ကတော့ နောင် တစ်ချိန်မှာ အေအက်ဖ်စီဖလားပွဲကို ယှဉ်ပြိုင် ခွင့်ရဖို့ပါပဲ။ အာရှချန်ပီယံလိဂ်ကိုလည်း တစ်နေ့တော့ ၀င်ပြိုင်နိုင်မှာပါ။ တစ်ခါတလေမှာ အိပ်မက်တွေဟာ တကယ်ဖြစ်လာတာပဲလေ။

ရန်ကုန်ယူနိုက်တက်ဟာ ဘောလုံး အခြေခံအဆောက်အအုံပိုင်းမှာ ဖွံ့ဖြိုးလာနေပါပြီ။ နိုင်ငံခြားနည်းပြတွေ လည်းငှားထားပါတယ်။ ဘရာဇီးလ် ဘောလုံးသမားသုံးယောက်နဲ့ ဂါနာက နှစ်ယောက်ရှိပါတယ်။ ဂါနာဘောလုံးသမားတွေက ယူ-၂၁ လက်ရွေးစင်တွေပါ။ မြန်မာနိုင်ငံက နိုင်ငံခြားသားဘောလုံးသမားကောင်းတွေ လိုအပ်တာပါ။ ပြီးခဲ့တဲ့ ရာသီကလိုဈေးပေါပေါ အာဖရိက ဘောလုံးသမား တွေ မဟုတ်ပါဘူး။ နိုင်ငံခြားသားဘောလုံးသမားတွေဟာ မြန်မာလူငယ်တွေအတွက် စံနမူနာကောင်းတွေဖြစ်ရပါမယ်။ သူတို့ဟာ အရည်အသွေးကောင်းတွေရှိရပါမယ်။"

အောင်ဝင်း ဘာသာပြန်သည်။