
တောင်ဥက္ကလာပက စိတ်ကြိုက်အိမ်တစ်လုံး
ခြံအကျယ်အ၀န်းစတုရန်းပေ ၃,၅၀၀ (ပေ ၅၀x ပေ ၇၀) တောင် ရှိတဲ့အတွက် မိသားစု အဆင်ပြေပြေနဲ့နေနိုင်မှာပါ။ ခြံထဲမှာ ပန်းခြံအသေးစားနဲ့ မြက်ခင်းပြင်ပြုပြင်ဖန်တီးဖို့နေရာလေးရယ်၊ ကွန်ကရစ် ခင်းမျက်နှာစာရယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကားတစ်စီးစာရပ်နားနိုင်ဖို့ ကားဂိုဒေါင် လေးကလည်း အိမ်နဲ့ တွဲလျက်ရှိပါတယ်။ .......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ဆောင်းရာသီအိုလံပစ်ပိတ်ပွဲ သန်းထောင်ပေါင်းများစွာ ကြည့်ရှု
အောင်ဝင်း
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၆)

ကနေဒါနှင့် အမေရိကန်တို့ အမျိုးသားရေခဲပြင်ဟော်ကီ ဗိုလ်လုပွဲ ယှဉ်ပြိုင်စဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ
၂၀၁၀ ဗန်ကူးဗား ဆောင်းရာသီ အိုလံပစ်သည် အိမ်ရှင်ကနေဒါ၏ ဟော်ကီအောင်ပွဲနှင့်အတူ ပြီးဆုံးသွားသည်။
ကနေဒါ၏သမိုင်းဝင်နေ့ တစ်နေ့ ဖြစ်သော ဖေဖော်ဝါရီ ၂၈ ရက်က ကျင်းပသည့် ပိတ်ပွဲ အခမ်း အနား၏ ဆန်းကြယ်လှပသော ရှုခင်း ရှုကွက်များကို ကမ္ဘာတစ်ဝန်းမှ ရုပ်မြင်သံကြား ပရိသတ် သန်း ထောင်ပေါင်းများစွာက ကြည့်ရှုအားပေး ခဲ့သည်ဟု ခန့်မှန်း တွက်ချက်ထားကြသည်။
၎င်းပိတ်ပွဲမှာ အားကစား ပိတ်ပွဲထက် အက၊ အလှ၊ ဂီတများဖြင့် ဖျော်ဖြေပွဲကဲ့သို့ပင်ဖြစ်ခဲ့သည်။
ထိုအခမ်းအနား၌ ဖွင့်ပွဲနေ့တွင် လေ့ကျင့်ရင်း သေဆုံးသွားသော ဂျော်ဂျီ ယာပြိုင်ပွဲဝင် နိုဒါကာနာရီတာဗီလီအတွက် ဂုဏ်ပြုစကားပြောကြားကာ ၁၇ ရက်ကြာ ကျင်းပခဲ့သောပြိုင်ပွဲ ပြီးဆုံးသွားပြီဖြစ်ကြောင်း နိုင်ငံတကာ အိုလံပစ်ကော်မတီဥက္ကဋ္ဌ ဘာဇေးရော့က ကြေညာခဲ့သည်။
၂၀၁၀ ဆောင်းရာသီအိုလံပစ်တွင် အိမ်ရှင်ကနေဒါက ရွှေ ၁၄၊ ငွေ ၇၊ ကြေး ၅ ဖြင့် ပထမ၊ ဂျာမနီကရွှေ ၁၀၊ ငွေ ၁၃၊ ကြေး ၇ ဖြင့် ဒုတိယနှင့် အမေရိကန်က ရွှေ ၉၊ ငွေ ၁၅၊ ကြေး ၁၃ ဖြင့် တတိယနေရာရရှိသည်။ ဆုတံဆိပ်စုစုပေါင်းတွင်မူ အမေရိကန်က ၃၇ ခု၊ ဂျာမနီက ၃၀ ခု၊ ကနေဒါက ၂၆ ခု၊ နော်ဝေက ၂၃ ခုဖြင့် အစဉ်လိုက် ရပ်တည်နိုင်ကြသည်။