Now! Fashion Forward

တောင်ဥက္ကလာပက စိတ်ကြိုက်အိမ်တစ်လုံး

House Of The Weekခြံအကျယ်အ၀န်းစတုရန်းပေ ၃,၅၀၀ (ပေ ၅၀x ပေ ၇၀) တောင် ရှိတဲ့အတွက် မိသားစု အဆင်ပြေပြေနဲ့နေနိုင်မှာပါ။ ခြံထဲမှာ ပန်းခြံအသေးစားနဲ့ မြက်ခင်းပြင်ပြုပြင်ဖန်တီးဖို့နေရာလေးရယ်၊ ကွန်ကရစ် ခင်းမျက်နှာစာရယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကားတစ်စီးစာရပ်နားနိုင်ဖို့ ကားဂိုဒေါင် လေးကလည်း အိမ်နဲ့ တွဲလျက်ရှိပါတယ်။ .......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

တောင်ကိုရီးယား ရွှေခြောက်ခု အထိရ

(အေအက်ဖ်ပီ)
အောင်ဝင်း
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၆)

News Pic
ဖေဖော်ဝါရီ ၂၃ ရက်က ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့တွင် ကျင်းပ သော ဆောင်းရာသီအိုလံပစ်အမျိုးသမီးဖစ်ဂါး စကိတ်တင်းပြိုင်ပွဲ တွင် ရွှေဆုရသွားသော တောင်ကိုရီးယားမှ ကင်ယူနာ ယှဉ်ပြိုင် နေစဉ်။ ၎င်းသည် ကမ္ဘာ့ချန်ပီယံဆုရရှိထားပြီး အိုလံပစ်ရွှေဆုကို လည်း ၂၂၈ ဒသမ ၅၆ မှတ်ဖြင့် ရရှိသွားသည်။ တောင်ကိုရီယားမှ ကြော်ငြာဘုတ်များ၊ မဂ္ဂဇင်းများနှင့် ရုပ်မြင်သံကြားတို့ အပေါ်တွင် လည်း ၎င်းက စိုးမိုးထားလျက်ရှိသည်။ လွန်ခဲ့သောနှစ်က ဆမ် ဆောင်းကုမ္ပဏီက 'ယူ-နာ' စတိုင် ဖုန်းဟု ကြော်ငြာပြီး ရောင်းချခဲ့ ရာ ခုနစ်လအတွင်း အလုံးရေတစ်သန်းရောင်းချရသဖြင့် အရောင်း စံချိန်သစ်ဖြစ်ခဲ့သည်။ ဓာတ်ပုံ - အေအက်ဖ်ပီ

၂၀၁၀ ကနေဒါ ဆောင်းရာသီ အိုလံပစ်တွင်ဖစ်ဂါး စကိတ်တင်းရွှေဆုရှင် ကင်ယူနာ၏ အောင်မြင်မှုကြောင့် တောင်ကိုရီးယား၏ အနေအထားမြင့် တက်ခဲ့ရသည်။တရုတ်အသင်းသည်လည်း အိမ်နီးချင်းတောင်ကိုရီးယား နှင့် ထက်ကြပ်မကွာလိုက်နိုင်ခဲ့သည်။

ဗန်ကူးဗားဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲတွင် တစ်ချိန်က အာရှအင်အား ကြီး ဖြစ်ခဲ့သော ဂျပန်မှာ ရွှေတစ်ဆုပင်မရ ဘဲ ငွေ ၃၊ ကြေး ၂ သာရခဲ့ သည်။

တောင်ကိုရီးယားသည် အစဉ်အလာပြိုင်ဘက်များဖြစ်သောဥရောပနှင့် မြောက်အမေရိကနိုင်ငံအချို့ကိုကျော်တက်ကာ ရွှေ ၆၊ ငွေ ၆၊ ကြေး ၂ ဖြင့် စုစုပေါင်း ဆုတံဆိပ် ၁၄ ခုရသည် အထိ အောင်မြင်မှုစံချိန်တင်ခဲ့ သည်။ နိုင်ငံအလိုက်တွင် ရွှေခြောက်ခုရရှိသဖြင့် အဆင့် (၅) ချိတ်ခဲ့ သည်။

၂၀၀၈ နွေရာသီအိုလံပစ်ကို အိမ်ရှင်အဖြစ် ကျင်းပစဉ် အမေရိကန်ကို ထိပ်ဆုံးနေရာမှ ကျစေခဲ့သော တရုတ်အသင်းကလည်း ယခုဆောင်း ရာသီအိုလံပစ်တွင် ရွှေငါးဆုအထိရရှိပြီးအောင်မြင်မှုစံချိန်တင်ခဲ့သည်။ ထို့ပြင် ငွေ နှစ်ခုနှင့် ကြေးလေးဆုရခဲ့သည်။

ဗန်ကူးဗားပြိုင်ပွဲတွင် ဂျပန်၏ ပထမ ဆုံး ရွှေဆုရရန် အခွင့်အလမ်းသည် တစ်စက္ကန့်၏ ၂၀၀ ပုံ တစ်ပုံ အချိန်ကွာခြားချက်ဖြင့် ဆုံးရှုံးခဲ့ သည်။ အမျိုးသမီး စကိတ်အမြန်စီး အသင်းလိုက်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဂျာမနီက ဂျပန်ကို ကပ်၍ အနိုင်ရကာ ရွှေဆုရရှိသွားခဲ့သည်။

တောင်ကိုရီးယားအစိုးရကမူ ယခုနှစ် ၎င်းတို့၏ အောင်မြင်မှုကို ၂၀၁၈ ဆောင်းရာသီအိုလံပစ်ကို ၎င်းတို့အိမ်ရှင် လုပ်ချိန်အထိဆက် လက် ထိန်းသိမ်းမြှင့်တင်သွားနိုင်ရန်အတွက် ဆောင်းရာသီ အားကစားပွဲများတွင် ငွေကြေးပိုမို မြှုပ်နှံသုံးစွဲသွားမည်ဟု သမ္မတ လီ မြောင်းဘတ်က ကတိပေးခဲ့သည်။