
မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်
ဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
အနိုင်ရလိုစိတ်ကို မန်ယူထံမှ သင်ယူသင့်
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)

ဇန်န၀ါရီ ၃၁ ရက်က လန်ဒန်မြို့တွင် ကစားသော ပရီမီိယာ လိဂ်ပွဲစဉ်(၂၄)တွင် မန်ချက်စတာယူနိုက်တက်မှ တောင်ကိုရီယား အလယ်တန်းလူ ပတ်ဂျီဆန် အာဆင်နယ်ဘက်သို့ ဂိုးသွင်းရန် ဘောလုံးဆွဲလာစဉ်။ ပတ်ဂျီဆန်၏ သွင်းဂိုးမှာ မန်ယူအတွက် တတိယဂိုးဖြစ်ပြီး ထိုပွဲတွင် အိမ်ရှင်အာဆင်နယ်ကို ၁-၃ ဖြင့် နိုင်ခဲ့သည်။ ဓာတ်ပုံ - အေအက်ဖ်ပီ
အာဆင်နယ်ရဲ့ ပရီမီယာလိဂ် ချန်ပီယံအိပ်မက်ခရီးဟာ စိတ်ပျက်စရာ ပြန်ဖြစ်လာခဲ့ပြန်ပြီ ဖြစ်ပါတယ်။ ချယ်လ်ဆီးကို အိမ်ကွင်းမှာ ဂိုးပြတ်ရှုံး တုန်းက အကြီးအကျယ် စိတ်ပျက်ခဲ့ရ သလိုမျိုး အခုတစ်ခါထပ်ပြီး မန်ယူကို အိမ်ကွင်းမှာ ၁-၃ နဲ့ ဂိုးပြတ်ရှုံးပြန် တော့စိတ်ပျက်စရာ ဖြစ်ခဲ့ရ တာပဲဖြစ်ပါတယ်။ ဒီရာသီမှာအဓိကပြိုင်ဘက် မန်ယူကို နှစ်ကျော့ စလုံး ရှုံးနိမ့်သွားပြီး ချယ်လ်ဆီးကို ပထမအကျော့မှာ ရှုံးနိမ့် ထားလို့ မြင်း သုံးကောင်ပြေးနေတဲ့ ပရီမီယာလိဂ်ဟာ ဖေဖော်ဝါရီလ ကုန်လောက် ဆိုရင် မြင်းနှစ်ကောင် ပြေးတဲ့ ပြိုင်ပွဲဖြစ်လာ လေမလား ဆိုတာတွေးစရာ ဖြစ်လာနေခဲ့ပြီဖြစ်ပါတယ်။
ဖာဂူဆန်ဟာဗုဒ္ဓဟူးမှာ ပြိုင်ဘက် မန်စီးတီးကို ကားလင်းဖလားမှာအနိုင် ယူပြီးအောင်ပွဲခံပြီးတဲ့နောက်မှာ ကြီးမားတဲ့ဖိအားမျိုးမရှိဘဲ အာဆင်နယ် ပွဲကိုပြင်ဆင်လာတာပဲဖြစ်ပြီး ထပ်မံအောင်ပွဲခံသွားခဲ့တာကတော့ မန်ယူ ရဲ့ အကောင်းဆုံးပုံစံပြန်လာရနေတာကို ပြသခြင်းပဲဖြစ်ပါတယ် သရဲနီ စိတ်ဓာတ် ဆိုတဲ့သင်္ကေတကို မန်စီးတီး၊ အာဆင်နယ်ပွဲတွေမှာ ပြန်လည် ဖော်ထုတ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ အာဆင်ဝင်းဂါးအနေနဲ့ သူ့အသင်းကို ကစားကွက် လှပမှုတွေနဲ့ အကောင်းဆုံးတည်ဆောက် ထားတာ မှန်ပေ မယ့် သူ့အသင်းရဲ့ စိတ်ဓာတ်ကိုတော့အကောင်း ဆုံးပုံစံရအောင်တော့ တည်ဆောက်ထား နိုင်ခြင်းမရှိသေးဘူးဆိုတာ ချဲယ်လ်ဆီးကို ဂိုးပြတ်ရှုံး တဲ့ပွဲ၊ အခုမန်ယူကို ဂိုးပြတ်ရှုံးတဲ့ပွဲတွေက ပြသနေပါတယ်။
အခုပွဲမှာအာဆင်နယ်ဟာအကောင်းဆုံးပုံစံနဲ့ ပွဲထွက်လာတာပဲ ဖြစ်ပါတယ်။ တိုက်စစ်မှာ ဒါဆေးလ်ဗားလိုတိုက်စစ်မှူး စစ်စစ် မပါတာ ကလွဲရင် အာဆင်နယ်လူစာရင်းဟာ အတောင့်တင်းဆုံးပဲ ဖြစ်ပါတယ်။ မန်ယူမှာက နောက်တန်းမှာ ဖာဒီနန်၊ ဗီဒစ်မပါလို့ အားနည်းမှု ရှိကောင်းရှိနေခဲ့ပါတယ်။
တိုက်စစ်မှာရွန်နီကိုပဲ အထောင်ထားခဲ့လို့တကယ်တမ်းဆိုရင်မန်ယူ လူစာရင်းမှာ အားနည်းမှုရှိနေခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်း ကစားတဲ့အခါမှာတော့ အာဆင်နယ်ကွင်းလယ် ငါးယောက် (နာဆရီ၊ ဒီနယ်ဆင်၊ ဆောင်း၊ ဖာဘရီ ဂက်စ်၊ ရိုဆစ်ကီး)ဟာ မန်ယူရဲ့ ကွင်းလယ်ကို မထိန်းချုပ်နိုင်ဘဲ ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် တောင်ပံနှစ်ဖက်က နာဆရီ၊ ရိုဆစ်ကီးနှစ်ယောက်ဟာ တိုက်စစ်ကို မလိုက်နိုင်ခဲ့သလို ခံစစ်ဇုန်ကိုလည်း ပြန်ပြီးမကူညီနိုင်တာက မန်ယူအခုလို ဂိုးပြတ်အနိုင်ရဖို့ ဖြစ်လာခဲ့ရတဲ့ အကြောင်းအရင်းပဲ ဖြစ်ပါတယ်။
နှစ်သင်းစလုံးကတော့ ပါဝါဂိမ်းအပြည့်နဲ့ ကစားသွားကြလို့ ပထမပိုင်းက အကောင်းဆုံး ပွဲဖြစ်ခဲ့ ပေမယ့် အာဆင်နယ်တောင်ပံတွေကို နာနီ၊ပတ်ဂျီဆန်ဆိုတဲ့ မန်ယူတောင်ပံတွေက အနိုင်ယူနိုင်စွမ်းရှိတဲ့အတွက် အာဆင်နယ် တိုက်စစ်ထွက် လာပုံနဲ့ မန်ယူတိုက်စစ်ထွက် လာပုံတို့မှာ မန်ယူတိုက်စစ်ကချည်း အန္တရာယ်တွေ ပေးသွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဂိုးကန်သွင်းခွင့်မှာ အာဆင်နယ်က ပိုများနိုင်ခဲ့ ပေမယ့် ထိရောက်မှုမှာကျတော့ မန်ယူကပိုသာသွားခဲ့ပါတယ်။
ဒီလိုခြေရည်တူ အသင်းမျိုးနဲ့တွေ့တဲ့အခါ အာဆင်နယ်ကစားသမားတွေဟာ အကြိတ်အနယ်ကစားနိုင်မှုမှာ လိုနေတာကိုလည်း တွေ့ရမှာပဲ ဖြစ်ပါတယ်။ အထူးသဖြင့်စိတ်ဓာတ်ပဲဖြစ်ပါတယ်။ နှစ်ဂိုးရှုံးပြီးတဲ့နောက် ဒုတိယပိုင်း အရောက်မှာ စောစောစီးစီး ဂိုးထပ် ပေးပြီးလိုက်တဲ့ အချိန်မှာတော့ စိတ်ဓာတ်ဆိုတာ လုံးလုံးပျောက်ကွယ်သွားတယ်ဆိုတာက အာဆင်နယ်အပေါ် စိတ်ပျက်စရာပဲ ဖြစ်ပါတယ်။
အရှုံးကို ကျော်လွှားနိုင်စွမ်းဆိုတဲ့ စိတ်စွမ်းရည်မျိုး အာဆင်နယ်မှာ မရှိတာက ချန်ပီယံဖြစ်နိုင်ခွင့်ဆိုတာ မဖြစ်နိုင် တော့ပါဘူး။ ဒီပွဲမှာကွင်းလယ်ဒိုင်ရဲ့ ကိုင်တွယ်ပုံတွေဟာလည်း အမှား အယွင်း အနည်းဆုံးဖြစ်ခဲ့လို့ အာဆင်ဝင်းဂါးအနေနဲ့ အပြစ်တင်လို့လည်း မရတော့ပါဘူး။ တကယ်တမ်း ဒီပွဲအပေါ်မှာသုံးသပ် ကြည့်လိုက်ရင် မန်ယူဟာ အကောင်းဆုံးကစားနိုင်ခဲ့ပြီး အာဆင်နယ်ဟာ မန်ယူကို လိုက်မမီနိုင်ဘူးဆိုတာတွေ့ရမှာပဲ ဖြစ်ပါတယ်။ အသင်းလိုက်စုစည်းမှု စိတ်ဓာတ်မှာ မန်ယူကို မမီနိုင်ခဲ့တာက အာဆင်နယ် အခုလိုဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ်။
ဗီလာကို သရေကျ၊ မန်ယူကိုရှုံးပြီးတဲ့ နောက်မှာတစ်ခါ ချယ်လ်ဆီးပွဲကလည်း ထပ်ပြီးတော့လာနေပြန်တော့ အိမ်ကွင်းမှာ ချယ်လ်ဆီး ကိုရှုံးပြီးတဲ့ နောက်ပိုင်းရှုံးပွဲ မရှိ အကောင်းဆုံးကစားနိုင်နေတဲ့ အာဆင်နယ်အတွက်တော့ ဖေဖော်ဝါရီ လဟာ မဟာအကျပ်အတည်း ကာလဖြစ်နေခဲ့ပါတယ်။ ချယ်လ်ဆီးကိုသာထပ်မံ ရှုံးသွားခဲ့မယ်ဆိုရင်တော့ ပရီမီယာလိဂ် ချန်ပီယံဖလားနဲ့ မနီးတော့တဲ့ အနေအထား နဲ့ အာဆင်ဝင်းဂါးရဲ့ အာဆင်နယ်ကြုံတွေ့ရတော့မှာပဲ ဖြစ်ပါတယ်။