Now! Fashion Forward

မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်

House Of The Weekဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

တရုတ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း ဖမ်းဆီးခံရ

(အေအက်ဖ်ပီ)
အောင်ဝင်း
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)

အရှုပ်အထွေးများ ဖြစ်ပေါ်နေသော တရုတ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်းနှင့် အခြားအမှုဆောင်နှစ်ဦးကို ဖမ်းဆီးလိုက်ပြီဟု ရှင်ဟွာသတင်းဌာနက ဇန်န၀ါရီ ၂၇ ရက်က ဖော်ပြခဲ့သည်။

ထို့ပြင် ဥက္ကဋ္ဌဟောင်း နန်ယန်းနှင့် ၎င်း၏ ဒုတိယဒါရိုက်တာ ယန်ယီမင်တို့ ကို တရားစွဲဆိုတော့မည်ဟုလည်း ၎င်းသတင်းတွင် ပါရှိသည်။ ၎င်းတို့ကို ယခင်က မေးမြန်းရန် ရဲကခေါ်ယူထားရာမှ ယခုဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

"နန်ယန်း၊ ယန်ယီမင်နှင့် တခြားသူတွေကို ပြစ်မှုဆိုင်ရာ ဥပဒေအရဖမ်းဆီးလိုက်တာပါ"ဟု ရဲအဖွဲ့က ပြောကြားသည်ကို ရှင်ဟွာက ကိုးကား ဖော်ပြခဲ့သည်။ ၎င်းတို့နှစ်ဦးကို ယခင် တစ်ပတ်ကပင် ရာထူးမှ ဖယ်ရှားခဲ့ပြီး ဖြစ်သည်ဟု သိရသည်။

သောကပတ်လည်ဝိုင်းနေသော တရုတ်ပရော်ဖက်ရှင်နယ်လိဂ်အတွင်းမှ အကျင့်ပျက် ခြစားမှုများကို စစ်ဆေးရင်း ၎င်းတို့ကို ဇန်န၀ါရီ လလယ်ပိုင်းက ရဲအဖွဲ့က ခေါ်ယူသွား ခြင်းဖြစ်သည်။

ဘောလုံးအဖွဲ့ချုပ်မှ အခြားတာဝန်ရှိသူ ပုဂ္ဂိုလ်မည်မျှအထိ ဖမ်းဆီးထားသည်ကိုမူ မသိရှိရသေးပေ။ သို့ရာတွင် 'တရုတ်သတင်းဌာန' က တရုတ်ဘောလုံးအဖွဲ့ချုပ်၏ အပျော်တမ်းလိဂ်ကို စီမံကွပ်ကဲရသော ဖန်ဂွမ်နင်းကို ၂၀၀၆ ခုနှစ်က လုပ်ပွဲတစ်ပွဲဖန်တီးသည်ဆိုကာ သံသယရှိနေသည်ဟု ဖော်ပြခဲ့သည်။

ထိုပွဲမှာလည်း ယွမ် ၁ ဒသမ ၅ သန်း (ဒေါ်လာ ၂၂၀,၀၀၀) အထိ တန်ကြေးရှိခဲ့သည်ဟု ဆိုသည်။

အစောပိုင်းသတင်းများအရ နိုဝင်ဘာလမှစ၍ ဘောလုံးအဖွဲ့ချုပ်နှင့် ကလပ်အသင်းတို့မှ တာဝန်ရှိသူ အနည်းဆုံး ၂၁ ဦးကို တရားဝင်ဖမ်းထားပြီး မသင်္ကာသူ ၁၀၀ ကျော်ကို စစ်ဆေးနေသည်ဟု သိရသည်။

ဇန်န၀ါရီ ၂၆ ရက်ကလည်း တရုတ်အားကစားဝန်ကြီး လျူပင်းက ဘောလုံး ပြိုင်ပွဲများတွင် ပြဿနာများ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပြီး အကျင့်ပျက်ခြစားမှုများ ရှိနေခြင်းက တရုတ်နိုင်ငံ၏ ဘောလုံးအင်အားကြီးဖြစ်ရေး ရည်မှန်းချက်ကို ဟန့်တားနေသည်ဟု ပြောဆိုခဲ့သည်။