Now! Fashion Forward

မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်

House Of The Weekဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

၁၉ ပွဲ အရှုံးမရှိ စံချိန်တင်

(အေအက်ဖ်ပီ)
အောင်ဝင်း ဘာသာပြန်သည်။
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)

အာဖရိက - နိုင်ငံများဖလားပြိုင်ပွဲတွင် ဗိုလ်စွဲသွားခဲ့သော အီဂျစ်အသင်းသည် အခြားအောင်မြင်မှုစံချိန်များကိုလည်း တင်နိုင်ခဲ့သည်။ ဇန်န၀ါရီ ၃၁ ရက်က အင်ဂိုလာနိုင်ငံတွင် ကျင်းပခဲ့သော အာဖရိကနိုင်ငံများ ဖလားဗိုလ်လုပွဲတွင် အီဂျစ်က ဂါနာကို ၁-၀ ဖြင့် ဗိုလ်စွဲ ခဲ့သည်။

ထို့ကြောင့် အာဖရိကပြိုင်ပွဲ သမိုင်းတွင် အီဂျစ်ကသုံးကြိမ်ဆက်နှင့် စုစုပေါင်းခုနစ်ကြိမ်ဗိုလ်စွဲကာ အောင်မြင်မှု စံချိန်တင်ခဲ့သည်။ ထို့ပြင် နှစ်နှစ် တစ်ကြိမ်ကျင်းပသော အာဖရိကဖလားပြိုင်ပွဲ လေးကြိမ်တွင် ၁၉ ပွဲ ဆက်တိုက် အရှုံးမရှိစံချိန်ကိုလည်း တင်နိုင်ခဲ့သည်။