
မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်
ဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ပြည်တွင်းကစားသမားများကို ရောင်းရန်မသေချာသေး
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)
ဇေယျာရွှေမြေ အသင်းသည် ၎င်း၏ နာမည်ကြီး ပြည်တွင်းကစားသမားအချို့အား အခြားကလပ်အသင်း များက ၀ယ်ယူရန် ကမ်းလှမ်းထားသော်လည်း အဆိုပါ ကမ်းလှမ်းခြင်း ခံထားရသည့် ကစားသမားများကို ရောင်းထုတ်ရန် မသေချာသေးကြောင်း အသင်း၏ မန်နေဂျာ ဦးမြင့်သိန်းက ပြောသည်။
"အသင်းက နာမည်ကြီးကစားသမားတချို့ကို တခြားအသင်းတွေက ခေါ်ဖို့ ကမ်းလှမ်းထားတာတွေရှိပါတယ်။ အောင်မျိုးသန့်ကို ဒဲလ်တာ အသင်းက ခေါ်ဖို့ ပြောထားတယ်။ ဒါပေမယ့် ကစားသမားအ၀င်မရှိဘဲ အသင်းက ကစားသမားတွေကို ထုတ်ရောင်းလိုက် လို့လည်း မဖြစ်ပါဘူး။ အ၀င်အထွက်မျှတမှ အသင်းက အောင်မြင်မှာလေ။ အသင်းမှာရှိတဲ့ တချို့ကစားသမားတွေက တခြား အသင်းတွေ ကိုပြောင်းပြီး ကစားချင်ပေမယ့် အသင်းက ခွင့်မပြုရင် သူတို့ သွားလို့မရပါဘူး။ အသင်းရဲ့ စီမံရာကို နာခံရမှာပဲ။ အသင်းက နေဆိုရင် တခြားအသင်းကို သွားချင်လည်း ဒီအသင်းမှာပဲ နေရမှာ။ ဒီအသင်းမှာပဲ နေချင်ပေမယ့်လည်း အသင်းက သွား ဆိုရင် တခြားအသင်းကို သွားကစား ရမှာပဲ။ ပရော်ဖက်ရှင်နယ်မှာ အားလုံး ဒီအတိုင်းပဲသွားနေရတာ။အခု လောလောဆယ်တော့ ဇေယျာရွှေမြေအသင်းက နိုင်ငံခြားကစားသမားခြောက်ယောက်ကို ခြေစမ်းနေပါတယ်။ မကြာခင်မှာတော့ ဆားဗီးယားနိုင်ငံက ကစားသမားတစ်ယောက်ထပ်ရောက်ဖို့ ရှိပါတယ်"ဟု ဦးမြင့်သိန်းက ပြောကြားသည်။
မြန်မာနေရှင်နယ်လိဂ် ဂရင်းရွိုင်ရယ် ၂၀၀၉ ပြိုင်ပွဲတွင် ဒုတိယနေရာသို့ ရောက်ရှိခဲ့သော ဒဲလ်တာယူနိုက်တက်အသင်းမှာလည်း ၎င်းအသင်းမှ တိုက်စစ်မှူးတစ်ဦးဖြစ်သူ စတန်လေမှ လွဲ၍ ကျန်နိုင်ငံခြားက ကစားသမားများ အားလုံးကိုပြန်လွှတ်မည်ဖြစ်ပြီး ပြည်ပကစားသမားအသစ်များကို ထပ်မံခေါ်ယူအားဖြည့်သွားမည်ဖြစ်ကြောင်း ဒဲလ်တာယူနိုက်အသင်း မန်နေဂျာ ဦးတင်မြင့် အောင်က ပြောသည်။
"အခုလောလောဆယ် အသင်းမှာ ရှိနေတဲ့ ပြည်ပကစားသမားတွေထဲက စတန်လေကလွဲရင် ကျန်တဲ့လူတွေ အားလုံးပြန်လွှတ်မယ်။ အဲဗစ်တို့ဆိုရင် အသင်းမှာခြေစွမ်းပေါ်ပေမယ့် တခြား ပြဿနာတွေရှိတာကြောင့် ပြန်လွှတ်မှာပါ။ နောင်လာမယ့် ပွဲတွေအတွက် နိုင်ငံခြားကစားသမားတွေ ထပ်ခေါ်ပြီး လေးနေရာလောက်အားဖြည့်သွားမယ်။ ပြည်တွင်းကစားသမားတွေထဲကတော့ ဇေယျာ ရွှေမြေအသင်းက အောင်မျိုးသန့်ကို ခေါ်ဖို့ ကမ်းလှမ်းထားပေမယ့် တရားဝင်အဖြေတော့ မရသေးပါဘူး" ဟု ဦးတင်မြင့်အောင်က ပြောသည်။
ထို့ပြင် ရန်ကုန်ယူနိုက်တက်မှ နိုင်ငံခြားဘောလုံးသမားလေးဦး ဒဲလ်တာသို့ ပြောင်းလာမည်ဟုလည်း သိရသည်။