Now! Fashion Forward

မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်

House Of The Weekဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

မြန်မာ မာစတာပြိုင်ပွဲ ဂါဗင်ဖလင့် ဗိုလ်စွဲ

အောင်စည်သူဟိန်း
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)

News Pic
မြန်မာ မာစတာ ၂၀၁၀ ဂေါက်သီးရိုက်ပြိုင်ပွဲတွင် စုစုပေါင်း ရိုက်ချက် ၂၇၆ ချက်ဖြင့် ဗိုလ်စွဲသွားသော ဩစတြေးလျမှ ဂါဗင်ဖလင့် ယှဉ်ပြိုင်နေစဉ်။ ဓာတ်ပုံ - ဟိန်းလတ်အောင်

မြန်မာပီဂျီအေနှင့် Asian Development Tour တို့၏စီစဉ်မှု၊ အဲပုဂံ ကုမ္ပဏီက အဓိက ပံ့ပိုးကာ IBTC ကတင်ဆက်သည့် မြန်မာမာစတာ ၂၀၁၀ ဂေါက်သီးရိုက် ပြိုင်ပွဲကိုဇန်န၀ါရီလ ၂၈ ရက်မှ ၃၁ ရက်နေ့အထိ ရန်ကုန်မြို့၊ ပန်းလှိုင် ဂေါက်ကွင်းတွင်ကျင်းပရာ ၂၀၀၉ ခုနှစ် Asian Tour ၏နံပါတ် (၁၁) နေရာတွင်ရှိခဲ့သော ဩစတြေးလျ ဂေါက်သီး ကစားသမား ဂါဗင်ဖလင့်က ဗိုလ်စွဲကာ ဆုကြေးငွေ ကန်ဒေါ်လာ ၁၅,၀၀၀ ရရှိသွားသည်။

ဂါဗင်မှာ လေးရက်ယှဉ်ပြိုင်မှုအပြီးတွင် သတ်မှတ်ရိုက်ချက် ၂၈၈ ချက် ထက် ၁၂ ချက်လျော့ရိုက်ကာ ရိုက်ချက် ၄ ချက်လျော့ရိုက်ခဲ့သော မြန်မာနိုင်ငံမှ အောင်ဝင်းကို အနိုင်ယူကာ ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။

"ဒီအောင်မြင်မှုဟာ ၂၀၁၀ မှာ ကျွန်တော့်အတွက်ပထမဆုံးအောင် မြင်မှုဖြစ်ပြီး ဒီလိုအောင်မြင်မှုမျိုးကို နောက်တစ်ကြိမ်ထပ်မံဆောင်ရွက် နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်"ဟု အသက် ၂၈ နှစ်အရွယ်ဂါဗင်က ပွဲစဉ် ပြီးဆုံးချိန်တွင် ပြောသည်။

ဒုတိယရရှိခဲ့သော အောင်ဝင်းမှာ တတိယနေ့တွင် ဂါဗင်ထက် သုံးချက်လျော့ ရိုက်နိုင်သည်မှလွဲ၍ ပထမနေ့ တွင်ဂါဗင်ထက်တစ်ချက်၊ ဒုတိယနေ့တွင် ခြောက်ချက်နှင့် နောက်ဆုံးနေ့တွင် လေးချက်ပိုရိုက်ခဲ့သဖြင့် ဒုတိယဆုဖြင့်သာ ကျေနပ်ခဲ့ရခြင်းဖြစ်သည်။

"ပွဲတိုင်းကိုတော့ အမြင့်မားဆုံး အောင်မြင်မှုကိုမျှော်မှန်းပြီးကျွန်တော် ကြိုးစားပါတယ်။ နာမည်ကြီး ကစားသမားတွေနဲ့ ယှဉ်ပြိုင်ရလို့ စိတ်ထဲမှာ ဖိအားဝင်တာမျိုးတော့ မရှိပါဘူး။ ကျွန်တော့်မှာလိုအပ်ချက်၊ အားနည်းချက်လေးတွေရှိခဲ့တာကြောင့် ပထမ မရတာပါ"ဟု အောင်ဝင်းကပြောသည်။

အောင်ဝင်းက ၎င်း၏ အားနည်းချက်မှာ အဝေးရိုက်ချက် (Drive) ဖြစ်ပြီး ဂါဗင်၏ အားသာချက်မှာလည်း အဝေးရိုက်ချက်ပင်ဖြစ်သည် ဟု ဆိုသည်။

တတိယဆုကို မလေးရှားနိုင်ငံသား အက်မဲလ်တာမီဇီ၊တရုတ်(တိုင်ပေ) မှ စုဂျားဂျန်၊ဘရာဇီးလ်မှ လူကက်စ်လီးနှင့်စပိန်မှ ဂါဗရီရယ်က နီဇာရီတို့က စုစုပေါင်းရိုက်ချက်၂၈၆ ချက်စီဖြင့် တတိယရရှိခဲ့သည်။

၂၀၀၉ ခုနှစ်မြန်မာမာစတာပြိုင်ပွဲ တွင်ဗိုလ်စွဲခဲ့သောစိုးကျော်နိုင်မှာ ရိုက်ချက်၂၈၈ ချက်ဖြင့် အဆင့်ငါး နေရာ၌သာ ရပ်တည်နိုင်ခဲ့သည်။