
မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်
ဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ဒက်ဘယ် စထရောင်း ပြိုင်မည်
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)
မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်နှင့် Discovery Group Co.,Ltd တို့ ပူးပေါင်းကာ Double Strong ပိုက်ကျော်ခြင်းပြိုင်ပွဲ ၂၀၁၀ ကို မတ်လ ၄ ရက်နေ့မှ ၇ ရက်နေ့အထိ ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းရှိ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ် အားကစားရုံတွင် ကျင်းပသွား မည်ဖြစ်ကြောင်းသိရသည်။
"၂၀၀၃ ခုနှစ်တုန်းက မိုင်လိုဖလား ဆိုပြီး ပြည်တွင်းက ကစားသမားတွေ အားလုံးပါဝင်နိုင်တဲ့ ပြိုင်ပွဲတစ်ပွဲ ကျွန်တော်တို့ ကျင်းပ ခဲ့ဖူးပါတယ်။ အခုလုပ်မယ့် ပြိုင်ပွဲက မိုင်လိုဖလားပြီးတဲ့နောက် ဒုတိယအကြိမ်ကျင်းပတဲ့ ပြိုင်ပွဲဖြစ်ပါတယ်" ဟု အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးဉာဏ်ထွန်းက ပြောသည်။
"မြန်မာပိုက်ကျော်ခြင်းအဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ လာအိုဆီးဂိမ်းမှာ တခြားအား ကစားနည်းတွေထက် ရွှေတံဆိပ်ပိုယူပေးနိုင်ခဲ့သလို ရည်မှန်းချက်လည်း အောင်မြင်ခဲ့ပါတယ်။ အဲဒီအောင်မြင်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ရယ်၊ ပြီးတော့ ပြည်တွင်းမှာရှိတဲ့ မျိုးဆက်သစ်ကစား သမားတွေကို ဖော်ထုတ်တဲ့ အနေနဲ့ပါ အခု ပြိုင်ပွဲကို ကျင်းပတာဖြစ်ပါတယ်" ဟု ဦးဉာဏ်ထွန်းက ဆိုသည်။ ပြိုင်ပွဲတွင် အမျိုးသား လူသစ်တန်း အသင်းလိုက်ပြိုင်ပွဲနှင့် အလွတ်တန်း အသင်းလိုက်ပြိုင်ပွဲတို့ ပါဝင်ပြီး မြန်မာ့လက်ရွေးစင်များ၏ နှစ်ယောက်တွဲသရုပ်ပြ အစီအစဉ်များကိုလည်း ထည့်သွင်းသွားမည်ဖြစ်သည်။
ပြိုင်ပွဲဝင် လျှောက်လွှာများကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးထားပေးပို့ရမည်။ လူသစ်တန်း ချန်ပီယံဆုအတွက် ကျပ်ငွေသိန်း ၂၀ နှင့် အလွတ်တန်း ချန်ပီယံအတွက် ကျပ်ငွေသိန်း ၃၀ သတ်မှတ်ထားပြီး သရုပ်ပြပြိုင်ပွဲများတွင် အနိုင်ရရှိသည့် မြန်မာ့လက်ရွေးစင် အသင်းများကိုလည်း ဆုကြေးများ ချီးမြှင့်သွားမည်ဟု သိရသည်။