Now! Fashion Forward

မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်

House Of The Weekဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ဘီလီဂျင်းကင်းကို ဆီရီနာ အမီလိုက်နိုင်

(အေအက်ဖ်ပီ)
အောင်ဝင်း
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)

News Pic
တစ်ဦးချင်း ဗိုလ်လုပွဲတွင် ဆီရီနာဝီလျံ ယှဉ်ပြိုင်နေစဉ်။
ဓာတ်ပုံ - အေအက်ဖ်ပီ

အမေရိကန်တင်းနစ်မယ် ဆီရီနာဝီလျံသည် ၎င်းနှစ်ရှည်လများ ရည်မှန်းခဲ့သော အောင်မြင်မှုစံချိန်ကို ရရှိသွားပြီဖြစ်သည်။ ဆီရီနာသည် ၎င်းစံပြုထားခဲ့သော ဘီလီဂျင်းကင်း၏ ဂရင်းဆလမ် ချန်ပီယံဆု ၁၂ ဆု ရရှိခဲ့သော အောင်မြင်မှုစံချိန်ကို ဇန်န၀ါရီ ၃ ရက်နေ့က ဩစတြေးလျ အိုးပင်းချန်ပီယံဆုရယူပြီး အမီလိုက်နိုင်ခဲ့သောကြောင့် ဖြစ်သည်။

ဩစတြေးလျ အိုးပင်းအမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲတွင် ဆီရီနာက ဂျပ်စတင်းဟေနင်ကို ၆-၄၊ ၃-၆၊ ၆-၂ ဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။

"ဘီလီဂျင်းက ကျွန်မရဲ့စံပြဖြစ်သလို ကျွန်မရဲ့ဆရာလည်းဖြစ်ခဲ့ပါတယ်။ တစ်ခါက ဖက်ဒရေးရှင်းဖလားပွဲ အတွက် သူကနည်းပြပေးခဲ့ဖူးတယ်။ ဒီနေ့ပြိုင်ပွဲ မစခင်တုန်းကလည်း ကျွန်မဆီလာပြီး သူက အားပေးခဲ့ တယ်။အခု သူ့လိုလုပ်နိုင်ပြီဖြစ်လို့ ပျော်တာကတော့ ပြောမပြတက် အောင်ပါပဲ" ဟု ဆီရီနာက ပြောခဲ့သည်။

ဩစတြေးလျအိုးပင်း ပြိုင်ပွဲတစ်ခုတည်းတွင်မူ ဆီရီနာအတွက် ယခု ချန်ပီယံဆုသည် ပဉ္စမမြောက်ဗိုလ်စွဲခြင်းဖြစ်ပြီး ပြိုင်ပွဲသမိုင်းတွင် အအောင်မြင်ဆုံး စံချိန်လည်းဖြစ်သည်။ ၎င်းသည် ယခင် က ၂၀၀၃၊ ၂၀၀၅၊ ၂၀၀၇ နှင့် ၂၀၀၉ ခုနှစ်များတွင် ချန်ပီယံဖြစ်ခဲ့သည်။
ဆီရီနာသည် ပြင်သစ်အိုးပင်းတွင် တစ်ကြိမ်၊ ၀င်ဘယ်ဒန်နှင့် အမေရိကန်အိုးပင်းတို့တွင် သုံးကြိမ်စီ ဗိုလ်စွဲခဲ့သည်။