Now! Fashion Forward

မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်

House Of The Weekဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ဖက်ဒရာ၏ နှစ်သစ်အောင်ပွဲ

တင်မိုးအောင်
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)

News Pic
ဂရင်းဆလမ် ချန်ပီယံဆု ၁၆ ခုနှင့် အောင်ပွဲခံနေသော ဖက်ဒရာ၏ မှတ်တမ်းပုံများ။ ဓာတ်ပုံ အေအက်ဖ်ပီ

ဩစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲကတော့ လက်ရှိကမ္ဘာ့အဆင့်(၁) တင်းနစ်သမားရော်ဂျာဖက်ဒရာရဲ့ အောင်ပွဲခံမှုနဲ့အတူ ဇန်န၀ါရီ ၃၁ ရက်က ပြီးဆုံးခဲ့ပါပြီ။ ပြီးခဲ့တဲ့နှစ်နှစ် ဆက်တိုက် သူလက်လွှတ်ခဲ့ရတဲ့ ဒီသရဖူကို ဒီနှစ်မှာတော့ အသက် ၂၂ အရွယ် ကမ္ဘာ့အဆင့် (၅) ရှိ ဗြိတိသျှ တင်းနစ်သမား အင်ဒီမာရေးကို ၆-၃၊ ၆-၄၊ ၇-၆ (၁၃-၁၁) နဲ့သုံးပွဲပြတ်ကစားပြီး အနိုင်ယူကာ သူ့အတွက် စတုတ္ထမြောက် ဩစတြေးလျအိုးပင်း သရဖူကို ရယူနိုင်ခဲ့ပါပြီ။

ဒီအနိုင်ကြောင့်လည်း ဖက်ဒရာအနေနဲ့ မနှစ်က သူတင်ထားတဲ့ ဂရင်း ဆလမ်အများဆုံးစံချိန် ၁၅ ခုကို ထပ်ချိုးပြီး စံချိန်သစ်ဖြစ်တဲ့ ၁၆ ခုကိုပါ တင်နိုင်ခဲ့တာကြောင့် မျိုးဆက်သစ် လူငယ်တင်းနစ်သမားတွေ အားကျ အတုယူနိုင်စရာ စံပြတင်းနစ်သမား တစ်ယောက်ဖြစ်ခဲ့ပါပြီ။ အသက် ၂၈ နှစ် ရှိပြီဖြစ်တဲ့ ဖက်ဒရာဟာ အခုပြိုင်ပွဲမှာ သူ့ရဲ့အကောင်းဆုံး လက်ရည် ကိုပြနိုင်ခဲ့တယ်လို့တောင် ပြောရမလိုပါပဲ။

နောက်ဆုံးဗိုလ်လုပွဲ အပါအ၀င် စုစုပေါင်းကစားခဲ့တဲ့ ခုနစ်ပွဲမှာ ရုရှား တင်းနစ်သမားတွေဖြစ်တဲ့ အီဂေါ်အင်ဒရိဗ်နဲ့ကမ္ဘာ့အဆင့် (၆) နီကို လိုင်းဒေဗီဒန်ကို တို့နှစ်ယောက်ကိုသာ အဖွင့်ပွဲစဉ်နဲ့ ကွာတား ဖိုင်နယ် တွေမှာ ပွဲလတ်လေးပွဲစီ ကစားခဲ့ရပြီး ကျန်ပွဲစဉ်တွေအားလုံးမှာ ပွဲလတ် သုံးပွဲပြတ်နဲ့ အနိုင်ယူခဲ့တာပါ။ အဲဒီထဲမှာ အကြိုဗိုလ်လုပွဲအဖြစ်ကစားတဲ့ ကမ္ဘာ့အဆင့် (၁၀) ပြင်သစ်တင်းနစ်သမား ဆွန်ဂါနဲ့ ပွဲဆိုရင် တစ်နာရီနဲ့ ၂၈ မိနစ်ပဲကြာခဲ့ပြီး သက်သောင့်သက်သာ ကစားခဲ့ရတာပါ။

ဒါကြောင့်လည်း အဲဒီအကြိုဗိုလ်လုပွဲအပြီးမှာ ဆွန်ဂါက အင်ဒီမာရေးကို 'သတိသာထားပေတော့လို့' ဗိုလ်လုပွဲ မတိုင်ခင် ကြိုတင်သတိပေးခဲ့ပါသေးတယ်။

သူပြောတဲ့အတိုင်းပါပဲ ဖက်ဒရာအနေနဲ့ မာရေးကို သုံးပွဲပြတ်အနိုင်ယူခဲ့ပြီး တတိယမြောက်ပွဲလောက်သာအကြိတ်အနယ်ရှိခဲ့ပြီး ပရိသတ်တွေလည်း အကြိုက်တွေ့ခဲ့ကာ ပြိုင်ပွဲတစ်လျှောက် အချိန်အကြာဆုံးကစားရတဲ့ တိုင်ဘရိတ်ကာ ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။
ဒီနှစ်ပြိုင်ပွဲရဲ့ နောက်ဆုံးဗိုလ်လုပွဲကတော့ ပရိသတ်စံချိန်တင်ခဲ့တဲ့ပွဲတစ်ပွဲလည်း ဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လည်းဆိုတော့ နောက်ဆုံး ဗိုလ်လုပွဲကိုရောက်လာတဲ့ အင်ဒီမာရေးဟာအင်္ဂလန်တင်း နစ်ပရိသတ်တွေအတွက် ပြီးခဲ့တဲ့ ၇၄ နှစ်အတွင်း ဂရင်းဆလမ် ချန်ပီယံ သရဖူကို ပထမဦးဆုံးအကြိမ် ပြန်လည်ရယူ ပေးနိုင်မယ့်မျှော်လင့်ချက်ကို ပေးနိုင်တဲ့ ဗြိတိသျှတင်းနစ်သမားတစ်ဦး ဖြစ်နေလို့ ပါ။

သူ့အရင်ဂရင်းဆလမ် ချန်ပီယံဘွဲ့ကို နောက်ဆုံးရယူနိုင်ခဲ့တဲ့ ဗြိတိသျှ တင်းနစ်သမားကတော့ ဖရက်ဒ်ပယ်ရီဖြစ်ပြီး ၁၉၃၆ ခုနှစ် တုန်းက အမေရိကန်အိုးပင်း ချန်ပီယံဖြစ်ခဲ့တာပါ။ ဒါကြောင့်လည်း အဲဒီနောက်ဆုံး ဗိုလ်လုပွဲမှာ အင်ဒီမာရေးကို အားပေးတဲ့ အင်္ဂလန်ပရိသတ်တွေက သိသိသာသာကိုများနေခဲ့တာပါ။

ဒါပေမယ့်လည်း အဲဒီပွဲမတိုင်ခင်ကတည်းက ဆွစ်ဇာလန်တင်းနစ်သမား ဖက်ဒရာက အင်္ဂလန်ပရိသတ်တွေကို သူတို့ရဲ့ ဆန္ဒပြည့်ဝဖို့ အတွက် နောက်ထပ်နှစ်အတော်ကြာ ထပ်စောင့်ရဦးမယ်လို့ သတိပေးထားခဲ့ပြီးသားပါ။ ဆွန်ဂါနဲ့ ကစားတဲ့ အကြိုဗိုလ်လုပွဲ အပြီး တင်းနစ်ကွင်းထဲမှာတင်လုပ်တဲ့ တွေ့ဆုံမေးမြန်း ခန်းမှာယခင်ကမ္ဘာ့အဆင့် (၁) တင်းနစ်သမားဟောင်း အမေရိကန်တင်းနစ် သမား ဂျင်ကူရီယာရဲ့ "ဂရင်းဆလမ် ပြိုင်ပွဲမှာ ဗြိတိသျှတင်းနစ်သမားတွေ ဘယ်တော့လောက်အနိုင်ရနိုင်မလဲ" ဆိုတဲ့ အမေးကို ဖြေကြား ရာမှာတော့ သူက"နောက်ထပ် နှစ်တစ်သိန်းခွဲလောက် ဒါမှမဟုတ် အဲဒီထက်ကြာရင်လည်းကြာမှာပေါ့ဗျာလို့" အရွှန်းဖောက်ပြီး ဖြေခဲ့တာကလည်း မာရေးကိုစိတ်ဓာတ် စစ်ဆင်ရေးလုပ်တာဖြစ်နိုင်သလို သူ့ကိုယ် သူ လည်းယုံကြည်မှုအပြည့်ရှိ ကြောင်းကိုလည်း ဖော်ပြနေသလိုပါပဲ။

အမှန်တော့ ကြေးစားတင်းနစ်လောကမှာ ဂရင်းဆလမ် သရဖူကိုရနိုင်ဖို့ဆိုတာ ဟာ အတော်ခက်ခဲတဲ့ ကိစ္စတစ်ခုပါ။ လက်ရည် ကောင်းတာ တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။အထူးသဖြင့်အဲဒီ လို ပြိုင်ပွဲကြီးတွေရဲ့ နောက်ဆုံးဗိုလ်လုပွဲကို ရောက်လာတဲ့ တင်းနစ်သမားတိုင်း ရင်ဆိုင်ရတဲ့ ဖိအားဒဏ်ကို ခံနိုင်ဖို့ကလည်း အတော်အရေးပါပါတယ်။ ဒါကြောင့်လည်း "ကျွန်တော့အတွက် တော့ ဒီဗိုလ်လုပွဲ ကစားရမှာကို ဘာမှစိုးရိမ်ပူပန်နေစရာမရှိပါဘူး၊ ဘာလို့လည်းဆိုတော့ ဒီလိုဗိုလ်လုပွဲတွေကို ကျွန်တော် အများကြီး ကစားခဲ့ပြီးပါပြီ။ အင်ဒီအတွက်တော့ ဒီဒဏ်တွေကို ခံနိုင်ဖို့အတွေ့အကြုံတွေ လိုပါသေးတယ်၊ ဒါကြောင့် အခုကစားမယ့် ပွဲက သူ့အတွက် အတော်ဝန်ထုပ်ဝန်ပိုး ဖြစ်မယ်လို့ထင်ပါတယ်"လို့ ဂရင်းဆလမ် နောက်ဆုံးဗိုလ်လုပွဲကို အခုပွဲ အပါအ၀င်စုစုပေါင်း (၂၂)ကြိမ် ကစားခဲ့ပြီးဖြစ်တဲ့ဖက်ဒရာက ဒီနှစ် ဗိုလ်လုပွဲမကစားခင်ကတည်းက အင်ဒီမာရေးနဲ့ပတ်သက်ပြီး ပြောခဲ့ပါတယ်။

ရော်ဂျာဖက်ဒရာ၏ အောင်မြင်မှု

ဂရင်းဆလမ်ချန်ပီယံဆု ၁၆ ခု
- ဩစတြေးလျအိုးပင်း ၄ ကြိမ်
- ၀င်ဘယ်ဒန် ၆ ကြိမ်
- ပြင်သစ်အိုးပင်း ၁ ကြိမ်
- အမေရိကန်အိုးပင်း ၅ ကြိမ်
(ဒုတိယအအောင်မြင်ဆုံးမှာ အမေရိကန်မှ ပိဆင်းပရပ်ဖြစ်ပြီး ဂရင်းဆလမ် ချန်ပီယံဆု ၁၄ ဆု ရခဲ့သည်။)