
မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်
ဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ဖက်ဒရာ၏ နှစ်သစ်အောင်ပွဲ
ဒီအနိုင်ကြောင့်လည်း ဖက်ဒရာအနေနဲ့ မနှစ်က သူတင်ထားတဲ့ ဂရင်းဆလမ်အများဆုံးစံချိန် ၁၅ ခုကို ထပ်ချိုးပြီး စံချိန်သစ်ဖြစ်တဲ့ ၁၆ ခုကိုပါ တင်နိုင်ခဲ့တာကြောင့် မျိုးဆက်သစ် လူငယ်တင်းနစ်သမားတွေ အားကျ အတုယူ နိုင်စရာ စံပြတင်းနစ်သမား တစ်ယောက်ဖြစ်ခဲ့ပါပြီ။ အသက် ၂၈ နှစ် ရှိပြီဖြစ်တဲ့ ဖက်ဒရာဟာ အခုပြိုင်ပွဲမှာ သူ့ရဲ့အကောင်းဆုံး လက်ရည် ကိုပြနိုင်ခဲ့တယ်လို့တောင် ပြောရမလိုပါပဲ။
ဘီလီဂျင်းကင်းကို ဆီရီနာ အမီလိုက်နိုင်
ဩစတြေးလျ အိုးပင်းအမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲတွင် ဆီရီနာက ဂျပ်စတင်းဟေနင်ကို ၆-၄၊ ၃-၆၊ ၆-၂ ဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။ "ဘီလီဂျင်းက ကျွန်မရဲ့စံပြဖြစ်သလို ကျွန်မရဲ့ဆရာလည်းဖြစ်ခဲ့ပါတယ်။ တစ်ခါက ဖက်ဒရေးရှင်းဖလားပွဲ အတွက် သူကနည်းပြပေးခဲ့ဖူးတယ်။ ဒီနေ့ပြိုင်ပွဲ မစခင်တုန်းကလည်း ကျွန်မဆီလာပြီး သူက အားပေးခဲ့တယ်။အခု သူ့လိုလုပ်နိုင်ပြီဖြစ်လို့ ပျော်တာကတော့ ပြောမပြတက်အောင်ပါပဲ"
ဒက်ဘယ် စထရောင်း ပြိုင်မည်
"မြန်မာပိုက်ကျော်ခြင်းအဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ လာအိုဆီးဂိမ်းမှာ တခြားအား ကစားနည်းတွေထက် ရွှေတံဆိပ်ပိုယူပေးနိုင်ခဲ့သလို ရည်မှန်းချက်လည်း အောင်မြင်ခဲ့ပါတယ်။ အဲဒီအောင်မြင်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ရယ်၊ ပြီးတော့ ပြည်တွင်းမှာရှိတဲ့ မျိုးဆက်သစ်ကစား သမားတွေကို ဖော်ထုတ်တဲ့ အနေနဲ့ပါ အခု ပြိုင်ပွဲကို ကျင်းပတာဖြစ်ပါတယ်"
မြန်မာ မာစတာပြိုင်ပွဲ ဂါဗင်ဖလင့် ဗိုလ်စွဲ
မြန်မာပီဂျီအေနှင့် Asian Development Tour တို့၏စီစဉ်မှု၊ အဲပုဂံ ကုမ္ပဏီက အဓိက ပံ့ပိုးကာ IBTC က တင်ဆက်သည့် မြန်မာမာစတာ ၂၀၁၀ ဂေါက်သီးရိုက် ပြိုင်ပွဲကိုဇန်န၀ါရီလ ၂၈ ရက်မှ ၃၁ ရက်နေ့အထိ ရန်ကုန်မြို့၊ ပန်းလှိုင် ဂေါက်ကွင်းတွင်ကျင်းပရာ ၂၀၀၉ ခုနှစ် Asian Tour ၏နံပါတ် (၁၁) နေရာတွင်ရှိခဲ့သော ဩစတြေးလျ ဂေါက်သီး ကစားသမား ဂါဗင်ဖလင့်က ဗိုလ်စွဲကာ ဆုကြေးငွေ ကန်ဒေါ်လာ ၁၅,၀၀၀ ရရှိ သွားသည်။
ပြည်တွင်းကစားသမားများကို ရောင်းရန်မသေချာသေး
"အသင်းက နာမည်ကြီးကစားသမားတချို့ကို တခြားအသင်းတွေက ခေါ်ဖို့ ကမ်းလှမ်းထားတာတွေရှိပါတယ်။ အောင်မျိုးသန့်ကို ဒဲလ်တာ အသင်းက ခေါ်ဖို့ ပြောထားတယ်။ ဒါပေမယ့် ကစားသမားအ၀င်မရှိဘဲ အသင်းက ကစားသမားတွေကို ထုတ်ရောင်းလိုက် လို့လည်း မဖြစ်ပါဘူး။ အ၀င်အထွက်မျှတမှ အသင်းက အောင်မြင်မှာလေ။ အသင်းမှာရှိတဲ့ တချို့ကစားသမားတွေက ...."
ဂေါက်သီးပညာနဲ့ ဘ၀တည်ဆောက်ချင်သူ
အသက် ခုနစ်နှစ်သား ကတည်းက ဂေါက်တံတစ်ချောင်းနဲ့ပဲ အချိန်ကုန် နေတတ်တဲ့သူ့ကို ပတ်ဝန်းကျင်က လူတွေက ဒီကလေးကြီးလာရင် Golfer ပဲ ဖြစ်မယ်ထင်တယ်လို့ မှတ်ချက်ပေးခဲ့ကြတယ်။ အချိန်ရှိသရွှေ့ အစိမ်းရောင် မြက်ဖျာအစွန်းက ကျင်းငယ်လေးရှိရာကို ဂေါက်သီး မရောက်ရောက်အောင် ကြိုးစားရတာက သူ့ရဲ့ တစ်ခုတည်းသော ကစားနည်းဖြစ်ခဲ့တယ်။
၁၉ ပွဲ အရှုံးမရှိ စံချိန်တင်
အာဖရိက - နိုင်ငံများဖလားပြိုင်ပွဲတွင် ဗိုလ်စွဲသွားခဲ့သော အီဂျစ်အသင်းသည် အခြားအောင်မြင်မှုစံချိန်များကိုလည်း တင်နိုင်ခဲ့သည်။ ဇန်န၀ါရီ ၃၁ ရက်က အင်ဂိုလာနိုင်ငံတွင် ကျင်းပခဲ့သော အာဖရိကနိုင်ငံများ ဖလားဗိုလ်လုပွဲတွင် အီဂျစ်က ဂါနာကို ၁-၀ ဖြင့် ဗိုလ်စွဲ ခဲ့သည်။
တရုတ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း ဖမ်းဆီးခံရ
အရှုပ်အထွေးများ ဖြစ်ပေါ်နေသော တရုတ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်းနှင့် အခြားအမှုဆောင်နှစ်ဦးကို ဖမ်းဆီးလိုက်ပြီဟု ရှင်ဟွာ သတင်းဌာနက ဇန်န၀ါရီ ၂၇ ရက်က ဖော်ပြခဲ့သည်။ ထို့ပြင် ဥက္ကဋ္ဌဟောင်း နန်ယန်းနှင့် ၎င်း၏ ဒုတိယဒါရိုက်တာ ယန်ယီမင်တို့ ကို တရားစွဲဆိုတော့မည်ဟုလည်း ၎င်းသတင်းတွင် ပါရှိသည်။ ၎င်းတို့ကို ယခင်က မေးမြန်းရန် ရဲကခေါ်ယူထားရာမှ ယခုဖမ်းဆီး လိုက်ခြင်းဖြစ်သည်။
အနိုင်ရလိုစိတ်ကို မန်ယူထံမှ သင်ယူသင့်
အာဆင်နယ်ရဲ့ ပရီမီယာလိဂ် ချန်ပီယံအိပ်မက်ခရီးဟာ စိတ်ပျက်စရာ ပြန်ဖြစ်လာခဲ့ပြန်ပြီ ဖြစ်ပါတယ်။ ချယ်လ်ဆီးကို အိမ်ကွင်းမှာ ဂိုးပြတ်ရှုံး တုန်းက အကြီးအကျယ် စိတ်ပျက်ခဲ့ရ သလိုမျိုး အခုတစ်ခါထပ်ပြီး မန်ယူကို အိမ်ကွင်းမှာ ၁-၃ နဲ့ ဂိုးပြတ်ရှုံးပြန် တော့စိတ်ပျက်စရာ ဖြစ်ခဲ့ရ တာပဲဖြစ်ပါတယ်။ ဒီရာသီမှာ အဓိက ပြိုင်ဘက် မန်ယူကို နှစ်ကျော့ စလုံး ရှုံးနိမ့်သွားပြီး ချယ်လ်ဆီးကို ပထမအကျော့မှာ ရှုံးနိမ့် ထားလို့ မြင်း သုံးကောင်ပြေးနေတဲ့ ပရီမီယာလိဂ်ဟာ ဖေဖော်ဝါရီလ ကုန်လောက် ဆိုရင် မြင်းနှစ်ကောင် ပြေးတဲ့ ပြိုင်ပွဲဖြစ်လာ လေမလား ဆိုတာတွေးစရာ .....
BLC နှင့် အကြမ်းဖက်အဖွဲ့ PGFဆက်နွယ်နေ သလား
"BLCဆိုတာကတော့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ Burma Lawyer's Council ဖြစ်ပြီး ၁၉၉၄ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့မှာ စတင် ဖွဲ့စည်း ခဲ့တာဖြစ်တယ်။ စတင် သန္ဓေတည် ပေါက်ဖွားခဲ့တဲ့ နေရာက ထိုင်းနိုင်ငံနယ်စပ် လွတ်မြောက်နယ်မြေ KNU ဌာနချုပ် မာနယ် ပလောမှာ ဖြစ်တယ်။......"![]()
ပြည်ပသို့ ဆန်မတင် ပို့မီ အရည်အသွေး သေချာစစ်ဆေး ပြီးမှ တင်ပို့သင့်
"ဘာလို့လဲဆိုတော့ မြန်မာပြည်က အဓိကတင်ပို့နေတဲ့ အာဖရိကလို နိုင်ငံကတောင် နောက်ပိုင်းကျရင် အရည်အသွေးထိန်းသိမ်းခြင်းကိုပဲ ဦးစားပေးတော့မှာဖြစ်တယ်။ ဒါ့ပြင် ဘာဖြစ်လာနိုင်သေးလဲဆိုတော့ ISO အသိအမှတ်ပြုတဲ့ စက်တွေနဲ့ ကြိတ်ခွဲထုတ်လုပ်မှပဲ လက်ခံမယ်ဆိုတာ မျိုး တောင် ဖြစ်လာနိုင်တယ်။ အာဖရိကလည်း အရင်လို မဟုတ်တော့ ဘူး။ တိုးတက်လာပြီ။ ဒါကြောင့် အခုကတည်းက ကြိုတင်ပြင်ဆင် ထားမှဖြစ်မယ်"
- တန်ဖိုးနည်းကုန်များ၏နောက်ကွယ်တွင် လူကုန်ကူးမှုများရှိနေနိုင်
- အရှေ့တောင်အာရှဒေသတွင် ဆေးဝါးတု သန်း ၂၀ ဖမ်းမိ
- ပို့ကုန်ရငွေတန်ဖိုး ကျဆင်း
- ကျန်းမာရေးကဏ္ဍအတွက် ဂျပန်အစိုးရကူညီ
ငါးသိန်းတန် စီဒီအမ်အေ ၈၀၀ မဂ္ဂါဟတ်ဇ် ဖုန်း မန္တလေးတွင် ၀ယ်လိုအားများလျက်ရှိနေ
"လောလောဆယ် ငါးသိန်းတန်ဖုန်းအတွက် အထိုင် ဖုန်းတွေ၊ ဟန်းဆက် တွေ အဓိကရောင်းနေရတယ်။ အထိုင်ဖုန်းက အနည်းဆုံး ကျပ်သုံးသောင်းကနေ နှစ်သိန်းထိရှိတယ်။ တရုတ်နဲ့ ကိုရီးယားနိုင်ငံလုပ်တွေပါ။ ဟန်းဆက်တွေက တရုတ်၊ ကိုရီးယား၊ အိန္ဒိယနဲ့ ထိုင်း နိုင်ငံလုပ်တွေပါ။ ကျပ်လေးငါးသောင်းကနေ လေးငါး သိန်းတန်ထိ .......![]()
မန္တလေးဈေးကွက်၌ စိန်အရောင်းအ၀ယ်
"ကမ္ဘာမှာစိန်ဈေးတွေကပုံမှန်ပါပဲ။ ပြည်တွင်းမှာက ၀ယ်လိုအားကြောင့် ဈေးကျသွားရာက ပုံမှန်ဈေး ပြန်ရောက်လာပေမယ့် ကောက်ပဲသီးနှံတွေပေါ်တဲ့ အချိန်၊ သင်္ကြန်မတိုင်ခင်အရောင်းအ၀ယ်လိုက်တဲ့ အချိန် မို့လို့ အရောင်းအ၀ယ် နည်းနည်းပိုသွက်လာပါတယ်။ အခုရက် ရွှေထည်ရော၊ စိန်ထည်ပါ အရောင်းသွက်နေတယ်"![]()
- မိုးညှင်းတွင် ကြွပ်ကြွပ်အိတ် အသုံးပြုခြင်း ယခုနှစ်ဆန်းမှ စတင်တားမြစ်
- အင်ဂျင်ဝိုင် ဈေးကွက် အပြိုင်အဆိုင်များလာ
- တရုတ်ပညာရှင်များ ငလျင်တိုင်းစက် စစ်ဆေး
- ဆန်သစ်အရောင်းအေး ဆန်ဟောင်းဈေးကိုမီ
- တောင်ဘက်တစ်လျှောက် ဈေးလျော့သွားတဲ့ အိမ်ခြံမြေ
အခြေခံစားသောက်ကုန်အချို့ ဈေးကျနေသော် လည်း ၀ယ်လိုအားမလိုက်
ယမန်နှစ်က ဈေးကောင်းခဲ့သော ကြက်သွန်နီဈေးမှာ အသစ်များဝင် ရောက်လာမှု များပြားလာသောကြောင့် ဇန်န၀ါရီလ အစပိုင်းမှာပင် ဈေးကျ သွားခဲ့ကြောင်း၊ အမြင့်စ တစ်ပိဿာ လျှင် ယမန်နှစ် ဒီဇင်ဘာလကုန်၌ ကျပ် ၁,၃၀၀ ရှိခဲ့ရာမှ ယခုအခါ ကျပ် ၇၅၀ သို့ ကျဆင်း သွားခဲ့ပြီး အနိမ့်စဈေးမှာ ကျပ် ၈၅၀ မှ ၄၀၀ သို့ ရောက် ရှိသွားကြောင်း သိရသည်။![]()
နိုင်ငံပိုင်ရုပ်ရှင်ရုံများကို လက်ရှိလုပ်ကိုင်နေသူများ လေလံ ပြန်ဆွဲမည်
"ကျွန်တော်လေလံပြန်ဝင်မှာပါ။ လက်ရှိမှာ ဒီရုပ်ရှင်လုပ်ငန်းပဲ လုပ်နေတဲ့အတွက် မြို့မနဲ့ ရွှေဂုန်ရုံတွေ ပြင်ဆင် စရိတ်အတွက်လည်း ကျပ်သိန်း လေးထောင်ကျော် ရင်းနှီးမြှုပ်နှံထား တာပါ။တကယ်လို့ လေလံရခဲ့မယ်ဆိုရင်လည်း ဒီရုံတွေကို သရီးဒီရုံတွေ အဖြစ် အဆင့်မြှင့်တင်သွားဖို့ ရည်ရွယ်ထားတာပါ"![]()
- ပြည်တွင်းရွှေဈေး ကျရိပ်ပြ
- စိန်ရိုင်းရှားလာ၍ ပြည်တွင်းစိန်ဈေး မြင့်တက်
- ပြင်သစ်နိုင်ငံ ဆန်ကုန်သွယ်မှုညီလာခံမှ ဖိတ်ခေါ်လျက်ရှိ
- အာရှနိုင်ငံများ စီးပွားရေးဖွံ့ဖြိုးမှု အရှိန်ရလာ
- ယန်းငွေ ခိုင်မာလာခြင်းနှင့် စီးပွားရေးကျဆင်းမှုကြောင့် ဂျပန် ခရီးသွားလုပ်ငန်း ထိခိုက်
အဆောင်သူ ဘဝ
"လှည်းတန်းဘက်မှာ တော်တော်အံ့ဩစရာကောင်းတဲ့ ကိစ္စတစ်ခုက ပွဲစားတွေကို မဆက်သွယ်မချင်း အဲဒီ လူဘယ်တော့မှ အဆောင်ရှာလို့ ရမှာမဟုတ်ဘူး။ အဆောင်ပိုင်ရှင်တွေဆီ တိုက်ရိုက်သွားရင် နေရာလွတ် ရှိလည်း များသောအားဖြင့် ......"![]()
ကြိုးဝိုင်းဝတ်စုံ
သူ့ဘော်ဒါတွေဖြစ်တဲ့ စူပါခရစ်ဘရောင်းကလည်း မီလန်ကို လိုက်လာ ပြီး လက်ဝှေ့သမားတွေကနေ စိတ်ကူးရလာတဲ့ ဂေါ်လ်တီယာရဲ့ ဒီနှစ် ဆောင်းဦး၊ ဆောင်းရာသီဖက်ရှင်တွေကို လာကြည့်ပါတယ်။ သူက အေအက်ဖ်ပီကို "ဒီပွဲတွေကို ကျွန်တော် တကယ်ကြည့်ချင်တာပါ" လို့ ဆိုပါတယ်။![]()
- ပရောဂျက် ခြောက်အိပ်မက်
- ရုပ်ဝတ္ထုဆန်သောမြို့မှ အနုပညာဆန်သောမြို့ဆီသို့
- နိုင်ငံခြားသူ ရုပ်ရှင်သရုပ်ဆောင်တွေ ဘောလိဝုဒ်ကို ရောက်လာ ကြပြီ
- နာမည်ကျော်များ ဟေတီငလျင်အတွက် လှူဒါန်း
အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ၀ါရှင်တန် မြို့တော်၌ ၂၀၁၀ ပြည့်နှစ်၊ ဇန်န၀ါရီလ ၂၇ ရက်တွင် အမေရိကန် ကွန်ဂရက်လွှတ်တော်တွင် ၎င်း၏ပထမဆုံး နိုင်ငံတော်သို့ပြောကြားသော မိန့်ခွန်းပြောအပြီး ဒုတိယ သမ္မတ ဂျိုးဘိုင်ဒင်နှင့် လွှတ်တော် ဥက္ကဋ္ဌ နန်စီပယ်လိုစီ တို့က လက်ခုပ်ဩဘာပေးနေစဉ်။
မဟာမဲခေါင်မြစ်ဝှမ်းဒေသအတွင်းရှိ ကျားမျိုးပြုန်းလုနီးပါးဖြစ်
ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အာမခံချက် မူကြမ်းကို ၀ါရှင်တန်ကပြုစုနေကြောင်းဖြင့်လည်း သံတမန်များကပြောကြားသည်။ အစ္စရေး နိုင်ငံ ထုတ် မားရစ်သတင်းစာအဆိုအရ ၀ါရှင်တန်သည် နှစ်နှစ်အတွင်း အပြီးသတ် ငြိမ်းချမ်းရေးရရန် ပါလက်စတိုင်း-အစ္စရေး ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြန်စရန် အစီအစဉ်တစ်ခုကို ရေးဆွဲနေသည် ဟုဆိုသည်။![]()
- ထိုင်း၌ စစ်လေ့ကျင့်ခန်းများ 'ကန်' စတင်
- ဆေးဆိုင်ဝင်ခိုး လိုချင်သောဆေးမရ
- နျူကလီးယား အကြမ်းဖက်ဝါဒလျှော့ချရေး နည်းလမ်းသုံးသွယ်
၂၀၁၀ ပြည့်နှစ်၊ ဇန်န၀ါရီလ ၂၈ ရက်နေ့က သီရိလင်္ကာ နိုင်ငံ၊ ကိုလံဘိုမြို့၌ သတင်းစာများက လက်ရှိသမ္မတ မဟင်ဒါရာဂျာပတ်ဆီအနေဖြင့် ဒုတိယအကြိမ် သမ္မတ အဖြစ် အရွေးခံရသည့်သတင်းများဖော်ပြသည့် သတင်း စာများကို တွေ့ရစဉ်။ သမ္မတ ရာဂျာပတ်ဆီသည် ယင်း ၏ အဓိကပြိုင်ဘက်ဖြစ်သည့် ယခင် ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ဆာရာ့သ် ဖွန်ဆီကာကို ၅၇ ရာခိုင်နှုန်းမဲ အသာဖြင့် ပြတ်ပြတ်သားသား အနိုင်ရရှိသွားကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ ကားလမ်းများပြင်ရန် စီမံကိန်းကြီး
အိန္ဒိယနိုင်ငံ၏ စိတ်ပျက်ဖွယ်ကောင်း သော ကားလမ်းများကြောင့် အမျိုးသား ကုန်ထုတ်လုပ်မှုကို ဒရွတ်တိုက်ဆွဲနေသည်။ မွမ်ဘိုင်း၊ နယူးဒေလီနှင့်ဘန်ဂါလို ကဲ့သို့သော မြို့ကြီးများ၌ပင် လမ်းမကောင်း၍ တာတိုခရီးကိုပင် နာရီအတော်ကြာသွားနေရသည်။ အဓိကလမ်းတွေက ကျဉ်းမြောင်းနေသည်။ တံတားများနှင့် အမြန်သွား ကားလမ်းများက လည်း အလွန်နည်းသေးသည်။ ကား လုပ်ငန်းကဏ္ဍ၌ တိုးတက်လာ၍ အခြေအနေ ပိုဆိုးလာသည်။![]()



