Decolgen Medicine Advertisement at Myanmar Times

ဝရန်တာအများကြီးပါတဲ့ လုံးချင်းအိမ်

House Of The Week - Mandalayဒီတစ်ပတ်ရွေးချယ်ထားတဲ့ အိမ်လေးက မြို့ထဲနဲ့အလှမ်း မဝေးလှတဲ့တာမွေမြို့နယ် မှာပါ။ တာမွေနဲ့ သင်္ဃန်းကျွန်း မြို့နယ်အစပ်မှာရှိပြီး တာမွေလေးလို့ လည်းလူ သိများပါတယ်။ လေးထောင့် ကန်လမ်းမကြီးကနေ ချိုးကွေ့ဝင်သွားရတဲ့ ပင်ရွှေညောင်လမ်းထဲမှာရှိပါတယ်။.......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ရာသီဥတုဆိုး၍ ပွဲစဉ်များရွှေ့ဆိုင်း

အောင်မိုးဇော်
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၄၉)

Myanmar Gas pipe-line ဘော်လ်တန်နည်းပြသစ် အိုဝင်ကွိုင်း။
ဓာတ်ပုံ - အေအက်ဖ်ပီ

ဒီတစ်ပတ် ပရီမီယာလိဂ်ရဲ့ အခြေ အနေကတော့ ဆိုးရွားတဲ့ ဗြိတိန် ဆောင်းရာသီကြောင့် ပွဲခုနစ်ပွဲမကစား နိုင်တဲ့ အခြေအနေနဲ့ ကြုံသွား စေခဲ့ပါတယ်။

စနေမှာ အာဆင်နယ်၊ မန်ယူတို့ ရဲ့ သရေပွဲတွေရှိခဲ့လို့ တော်သေးပေ မယ့် စူပါဆန်းဒေးက ဗလာဟင်းလင်း ဖြစ်သွားတဲ့ ထူးခြားတဲ့ သီတင်းပတ်ဖြစ် သွားခဲ့ပါတယ်။

ပရီမီယာလိဂ် ကစားသမားတွေကတော့ ဆိုးရွားတဲ့ ဗြိတိန် ဆောင်းရဲ့ နှင်းမှုန်၊ နှင်းဖတ်၊ ရေခဲမှုန်တွေကို ကျေးဇူးတောင် တင်သွားကြ မယ်ထင်ပါတယ်။

ဒီဇင်ဘာ ပွဲကျပ် ကာလမှာ မနားမနေ ကစားခဲ့ရမှုမှာ နားရက်မရှိ ဆက်တိုက်ကစားခဲ့ရတဲ့ ဒဏ်က ဆိုးရွားတဲ့ ဆောင်းနဲ့တွေ့မှပဲ ပရီမီယာလိဂ်အာဏာပိုင်တွေ မကျော် လွှားနိုင်ဖြစ်သွားပြီး P-P ပွဲတွေနဲ့ပဲ ကျေနပ်သွားစေခဲ့ပြီး ကစားသမားတွေ နားရက်ရသွား စေခဲ့ပါတယ်။ဒီတစ်ပတ် ပရီမီယာလိဂ်မှာ ဆိုးရွားတဲ့ ရာသီဥတု နဲ့အပြိုင်ပဲ ဘော်လ်တန်နည်းပြအလှည့် အပြောင်းနဲ့ တစ်ကျော့ပြန် ဗီယာရာ ခရီးတို့က စိတ်ဝင်စားမှုအရှိဆုံး ဖြစ်နေခဲ့ပြန်ပါတယ်။

ဘော်လ်တန်ဟာ မက်ဂ်ဆန်ကို ထုတ်ပယ်အပြီးမှာ ဘန်လေမန်နေဂျာ ကို လိုက်နေတာက အခုတော့ အိုဝင်ကွိုင်းကို ရရှိသွားခဲ့ပြီဖြစ် ပါတယ်။

ဘော်လ်တန်အတွက်မဆိုးတဲ့ မန်နေဂျာ အလှည့်အပြောင်းလို့ ဆိုနိုင်ပေမယ့် ဘန်လေအတွက်တော့ ဆိုးရွားတဲ့ အလှည့်အပြောင်းပဲ ဖြစ်ပါတယ်။ ဘန်လေမှာ အိုဝင်ကွိုင်းမရှိတော့ရင် ဘယ်လိုဖြစ်သွားမလဲ။ ဘော်လ်တန်ကို အိုဝင်ကွိုင်း ရောက်လာလို့ ဘာတွေ ဖြစ်မလဲ ဆိုတာက မေးခွန်းတွေဖြစ်နေခဲ့ ပြီး ဘန်လေအတွက်တော့ စိုးရိမ်ဖွယ် ရာပဲဖြစ်ပါတယ်။

ဒီရာသီအစပိုင်းတုန်းက အိုဝင်ကွိုင်းကို စကော့တလန် ဘောလုံးအဖွဲ့ချုပ်က ကမ်းလှမ်းခဲ့ပေမယ့် အဲဒီတုန်းက အိုဝင်ကွိုင်းက ငြင်းပယ် ခဲ့ပေမယ့် အခုဘော်လ်တန် ကမ်းလှမ်းမှုမှာတော့ အိုဝင်ကွိုင်း မငြင်း သာတော့ဘဲဖြစ်သွားခဲ့ပါတယ်။

ဘော်လ်တန်ဟာ အိုဝင်ကွိုင်းကို ရဖို့ ဘန်လေကို လျော်ကြေးပေးပြီး ခေါ်ခဲ့ရ တာပဲဖြစ်ပါတယ်။ အသက် ၄၃ နှစ်ပဲ ရှိသေးတဲ့ စကော့တစ်ဖြစ်သူ အိုဝင်ကွိုင်းဟာ လက်ရှိ ပရီမီယာလိဂ်မှာ အလားအလာရှိတဲ့ လူငယ်မန်နေဂျာ အဖြစ် သတ်မှတ်ခံထားရပါတယ်။

ဘန်လေလို အသင်းလေးကို အလား အလာရှိတဲ့ မထင်မရှားလူငယ်တွေကို ရှာဖွေပြီး ပရီမီယာလိဂ်တက်လာနိုင် အောင် ကြိုးပမ်းခဲ့၊ လက်ရှိပရီမီယာ လိဂ်မှာလည်း အိမ်ကွင်းပွဲတွေကို အသင်းကြီးတွေပါမရှောင် အကောင်း ဆုံး ကစားနိုင်အောင် ပြင်ဆင်နိုင်ခဲ့တဲ့ အရည်အသွေးတွေကြောင့် ဘော်လ်တန်ရဲ့ နည်းပြလစ်လပ်မှုမှာ လျှောက်ထားသူ မန်နေဂျာအများအပြားထဲကနေ ဘော်လ်တန်က အိုဝင်ကွိုင်းကို ရွေးခဲ့တာပဲဖြစ်ပါတယ်။

ဘန်လေဟာ ဆိုးရွားတဲ့ ဘဏ္ဍာရေး ပြဿနာမရှိပေ မယ့် ဘဏ်ချေးငွေ ၄၄ သန်း ရှိထားတဲ့အတွက် အသင်းရဲ့ အပြောင်းအရွှေ့ အသုံးစရိတ်ကို ကန့်သတ်ထားရတာ ဟာ အိုဝင်ကွိုင်းလ်အနေနဲ့ ဘန်လေကို ပရီမီယာလိဂ်မှာ တင်နိုင်ဖို့ ရုန်းကန်ရနိုင်တဲ့ အနေ အထား ဖစ်နေတာမို့ ဘန်လေထက် ဘဏ္ဍာရေးပိုတောင့်တဲ့ ဘော်လ်တန်ကို ထွက်ခွာလာခဲ့တာပဲ ဖြစ်ပါတယ်။

ဘန်လေလို အသင်းလေးကို ခိုင်မာတဲ့ ကစားကွက်တစ်ခု တည်ဆောက်ကစားနိုင်ခဲ့တဲ့ အခြေ အနေမျိုး ဘော်လ်တန်ကို တည်ဆောက်မှာဖြစ်လို့ အိုဝင်ကွိုင်းလ်ဟာ ဘန်လေ က သူ့ရဲ့နည်းပြအဖွဲ့ကိုပါ ခေါ်လိုက် ပါတယ်။

နောက်ပြီး အာဆင်နယ် ကစား သမားဟောင်း ဗီယာရာဟာ အင်တာ ကို စွန့်ခွာပြီး မန်စီးတီးက သူ့ရဲ့နည်းပြဟောင်း မန်စီနီနဲ့ ပူးပေါင်းလိုက်မှုဟာလည်း စိတ်ဝင်စားဖွယ်ပါပဲ။ မန်စီနီဟာ ခြောက်လအငှားနဲ့ ဗီယာရာကို ခေါ်ခဲ့တာပါ။

ဗီယာရာနဲ့ အင်တာနဲ့ စာချုပ် က ပြည့်တော့မှာဖြစ်ပြီး စာချုပ်သစ် ချုပ်ဖို့ အစီအစဉ်မရှိတာကြောင့် ခြောက်လပြည့်ရင် မန်စီနီက ဗီယာရာ ကို ပြောင်းရွှေ့ကြေးမပေးရဘဲ ခေါ်ယူ နိုင်မှာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့တုန်းက အာဆင်နယ် နဲ့ စပါးတို့က ဗီယာရာကို ခေါ်ဖို့ လုပ်ခဲ့ ကြသေးတာပါ။ ဒါပေမယ့် ဗီယာရာရဲ့ လုပ်ခလစာက အာဆင် နယ်နဲ့ စပါးတို့ နောက်ဆုတ် သွားစရာ ဖြစ်သွားလို့ အခု မန်စီနီက၀င်ပြီး အရခေါ်သွားတာပဲ ဖြစ်ပါတယ်။

ဗီယာရာက အသက်အရွယ် အရ ရော၊ ကစားရတဲ့ အနေအထားအရပါ ခြေကျနေသယောင်ရှိလို့ မန်စီးတီး အနေနဲ့ မခေါ်သင့်ဘူးလို့ ထင်စရာပါ။ ဒါပေမယ့် အင်္ဂလိပ်ဘောလုံးအကြောင်း ကောင်းကောင်းသိပြီး ကွင်းတွင်းမှာ ဦးဆောင်နိုင်စွမ်းရှိတဲ့ အရည်အသွေးက မန်စီနီအတွက် အားကိုးရနိုင်တဲ့ အနေအထားဖြစ်လို့ မန်စီနီဟာ ဗီယာ ရာကို ခေါ်လိုက်တာပဲဖြစ်ပါတယ်။

ဗီယာရာဟာ မန်စီနီယုံကြည်ရနိုင်တဲ့ ကစားသမား၊ အသင်းကို ထိန်းနိုင်တဲ့ ကစားသမားဖြစ်နေတာဟာ မန်စီနီ ခေါ်ရခြင်းရဲ့ အဓိက အကြောင်းရင်းပဲ ဖြစ်ပါတယ်။

ဘယ်ရီ-ဗီယာရီ၊ ဘယ်ရီ-ဒီဂျောင် ကွင်းလယ်အတွဲကို အကောင်းဆုံးအသုံးချနိုင်ဖို့အတွက် ရည်ရွယ်တဲ့ မန်စီနီရဲ့ အကောင်းဘက်ဆီ သွားတဲ့ အနေအထားလို့ပဲ ယူဆနေမိပါရဲ့။