Now! Fashion Forward

ကန်တော်ကြီး ရေပြင် ရှုခင်းကိုခံစားနိုင်မယ့် ကွန်ဒိုသစ်

အခန်းရဲ့အကျယ်အ၀န်းက စတုရန်း ပေ ၁,၅၀၀ ရှိပြီး အိပ်ခန်းသုံးခန်းပါဝင် ပါတယ်။ အိမ်ထဲကိုဝင်ဝင်ချင်း ဧည့်ခန်း ဆီကို ရောက်ဖို့ ဘေးတစ်ဖက် တစ်ချက်က အခန်းလေးတွေကို ဖြတ်ရင်း လျှောက် လမ်းအတိုင်း သွားရပါမယ်။ အရင်ဆုံးရေချိုးခန်း အိမ်သာပါ တစ်ယောက်အိပ်ခန်းတစ်ခန်း၊နှစ်ယောက် အိပ်ခန်းတစ်ခန်းတို့က ဘေးတစ်ဖက် တစ်ချက်စီမှာ ရှိပါတယ်။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ကန်တော်ကြီး ရေပြင်ရှုခင်းကိုခံစားနိုင်မယ့် ကွန်ဒိုသစ်

အေးသီတာကျော်
အိမ်ခြံမြေသတင်းထောက်
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၂)

News Pic
တည်နေရာ - ၁၂၃ လမ်းနှင့် ကန်ပတ်လမ်းထောင့်၊ မင်္ဂလာ တောင်ညွန့်မြို့နယ်။
ဈေးနှုန်း - ကျပ်သိန်း ၁,၅၅၀ (အရောင်း)။
ဆက်သွယ်ရန် - ကိုမျိုးညွန့်ဦး။
ဖုန်းနံပါတ် - ၀၉၅ ၀၄၅ ၄၅၈၊ ၀၉၅ ၁၄၅ ၄၅၈။

ဒီတစ်ပတ် အကြိုက်ဆုံးအိမ်ကိုတော့ ရွှေတိဂုံဘုရားနဲ့ ကန်တော်ကြီး ကန်ပတ် လမ်းရှုခင်းကို ကြည့်ရှုခံစားနိုင်မယ့် မြို့လယ်ကောင်နဲ့ အလှမ်းမဝေးတဲ့ ဂိုးလ်ဒင်းဗျူးတာဝါက ကွန်ဒိုတိုက်ခန်း ကို ရွေးချယ် ပေးထားပါတယ်။

ဒုတိယထပ်မှာရှိတဲ့အတွက် ကွန်ဒို တိုက်ခန်းအနေနဲ့ဆိုရင် အထပ်နိမ့် တယ်ဆိုနိုင်ပေမယ့် တကယ်ကို ရှုခင်း ကောင်းပြီး လေကောင်း လေသန့် ရတဲ့ နေရာလေးမှာပါ။

အခန်းရဲ့အကျယ်အ၀န်းက စတုရန်း ပေ ၁,၅၀၀ ရှိပြီး အိပ်ခန်းသုံးခန်း ပါဝင် ပါတယ်။

အိမ်ထဲကိုဝင်ဝင်ချင်း ဧည့်ခန်းဆီကို ရောက်ဖို့ ဘေးတစ်ဖက်တစ်ချက်က အခန်းလေးတွေကို ဖြတ်ရင်း လျှောက် လမ်းအတိုင်း သွားရပါမယ်။

အရင်ဆုံးရေချိုးခန်းအိမ်သာပါ တစ်ယောက်အိပ်ခန်းတစ်ခန်း၊နှစ်ယောက် အိပ်ခန်းတစ်ခန်းတို့က ဘေးတစ်ဖက် တစ်ချက်စီမှာရှိပါတယ်။ မီးဖိုခန်းကိုတော့ သဘာဝအလင်း ရောင်လည်းဝင်အောင် မှန်ချပ်အထူ တွေနဲ့ ကာရံထားပြီး မြင်တွေ့နေကျ မဟုတ်တဲ့ သစ်သားမှာ အဆင်အကွက် ပုံဖော်ထားတဲ့ ရွှေရောင်ကောင်တာ တွေ ရှိပါတယ်။

အခန်းက အလယ်ခန်းဖြစ်တဲ့ အတွက် မီးဖိုခန်းထဲမှာ ပြတင်းပေါက် မပါဝင်ပါဘူး။ ဒါပေမယ့် အနံ့စုပ် ကိရိယာတပ်ဆင်ထားတဲ့အပြင် မှန် တွေနဲ့ ကာထားတဲ့အတွက် အညှော်နံ့ တွေ အခြားဘက်ကို မပျံ့နှံ့နိုင်တော့ဘူး ပေါ့။ အနောက်ဘက်နားမှာတော့ ဧည့်ခန်းနဲ့ ရေချိုးခန်းအိမ်သာပါ အိပ်ခန်းကျယ်တစ်ခန်းရှိပါတယ်။

မှန်ချပ်ကျယ်တွေနဲ့ ကာရံထားပြီး လမ်း တစ်ဖက်သာခြားတဲ့ ကန်တော်ကြီး မြင်ကွင်းနဲ့ မျှော်စင်ကျွန်းကို အတား အဆီးမရှိ မြင်နေရတယ်လေ။

အခန်းရဲ့နံရံကို နံရံကပ်စက္ကူကပ် ထားပြီး အိမ်တွင်းအလှဆင်မှုမှာလည်း ဆန့်ကျင်ဘက်အရောင်တွေနဲ့ မိတ်ဖက် အရောင်တွေကို စုံစုံလင်လင်တွဲစပ် ထားပါတယ်။

ပါကေးကြမ်းခင်းထားပြီး မျက်နှာ ကြက်ကိုလည်း မီးဆိုင်း၊ မီးပွင့်လေးတွေ နဲ့ အသေးစိတ်ပြင်ဆင်မှုလုပ်ထားပါ တယ်။

ဆောက်လုပ်ပြီးစီးမှုရော၊ ပြင်ဆင် မှုပါ သက်တမ်းခြောက်လကျော်လောက် သာ ကြာသေးတဲ့အတွက် ပြန်လည် ပြင်ဆင်မှု လုပ်ဖို့မလိုအပ်ပါဘူး။

လေအေးပေးစက်လေးလုံး တပ်ဆင် ထားပြီး ပရိဘောဂတချို့တလေလည်း ရောင်းဈေးမှာ ပါရှိပြီးသားဖြစ်ပါ တယ်။ ရေမီးအတွက်ကို ကိုယ်ပိုင်မီတာ တစ်လုံးနဲ့ ကွန်ဒိုကနေ ရေရရှိနိုင်ပါတယ်။

နောက်ပြီး လျှပ်စစ်မီး ပြတ်တောက်သွားတယ်ဆိုရင်လည်း အခန်းမီးတွေအားလုံး အလင်းရောင် ရနေအောင် အလိုအလျောက် ချိန်းပေး တဲ့ အင်ဗာတာလိုင်းလည်း ပါရှိ ပါတယ်။