
ကန်တော်ကြီး ရေပြင် ရှုခင်းကိုခံစားနိုင်မယ့် ကွန်ဒိုသစ်
အခန်းရဲ့အကျယ်အ၀န်းက စတုရန်း ပေ ၁,၅၀၀ ရှိပြီး အိပ်ခန်းသုံးခန်းပါဝင်
ပါတယ်။
အိမ်ထဲကိုဝင်ဝင်ချင်း ဧည့်ခန်း ဆီကို ရောက်ဖို့ ဘေးတစ်ဖက် တစ်ချက်က အခန်းလေးတွေကို ဖြတ်ရင်း လျှောက်
လမ်းအတိုင်း သွားရပါမယ်။
အရင်ဆုံးရေချိုးခန်း အိမ်သာပါ
တစ်ယောက်အိပ်ခန်းတစ်ခန်း၊နှစ်ယောက်
အိပ်ခန်းတစ်ခန်းတို့က ဘေးတစ်ဖက် တစ်ချက်စီမှာ ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
တရုတ်တွင် ဘလက်စတုံး ရင်းနှီးမြှုပ်နှံမည်
ဇော်ဝင်း ဘာသာပြန်သည်။
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၂)
နာမည်ကြီး အမေရိကန် ပုဂ္ဂလိက ကုမ္ပဏီ ဘလက်စတုံးအုပ်စုသည် တရုတ်နိုင်ငံ၏ တိုးတက်နေသည့် အိမ်ခြံမြေဈေးကွက်တွင် အရေးပါ သည့် ပထမဆုံးသော ရင်းနှီးမြှုပ်နှံမှု ပြု လုပ်ရန် သဘောတူစာချုပ်တစ်ခု လက်မှတ်ရေးထိုးလိုက်ပြီဖြစ်သည်ဟု ဖိုင်နင်ရှယ်တိုင်း(မ်)သတင်းတွင် ဩဂုတ်လ ၂၃ ရက်နေ့က ဖော်ပြခဲ့သည်။
ဘလက်စတုံးသည် မြောက်ပိုင်း ဒါလီယန်ကမ်းရိုးတန်းမြို့တော်တွင် ဟိုတယ်တစ်လုံးနှင့် ဇိမ်ခံအိမ်ရာများ ဆောက်လုပ်ရေးအတွက် ဟောင်ကောင် တွင် အကြီးဆုံးအိမ်ခြံမြေကုမ္ပဏီတစ်ခု ဖြစ်သည့် ဂရိတ်အီးဂဲလ်ကုမ္ပဏီနှင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ် သည်ဟု ၎င်းသတင်းစာကဖော်ပြခဲ့ သည်။
ဒါလီယန်ဒေသသည် တရုတ် နိုင်ငံမြောက်ပိုင်း ဟောင်ကောင်တွင် စီးပွားရေးအချက်အချာကျသည့် ဒေသ ဖြစ်သည်။
ဩဂုတ်လ ၂၃ ရက်နေ့ နောက်ပိုင်းတွင် ဂရိတ်အီးဂဲလ်က ဇိမ်ခံ တိုက်ခန်း ၁,၂၀၀ နှင့် အခန်း ၃၅၀ ပါ နိုင်ငံတကာဟိုတယ်တစ်လုံး ဆောက် လုပ်သွားမည်ဖြစ်ကာ ၎င်းအတွက် ယမန်နှစ်က ယွမ် ၇၃၄ သန်း (အမေရိကန်ဒေါ်လာ ၉၄ သန်း) ဖိုး ၀ယ်ယူခဲ့သည်ဟု အတည်ပြုပြောခဲ့သည်။
ယင်းထုတ်ပြန်ချက်များမှာ ဘလက်စတုံးက နောက်ငါးနှစ်တွင် ၎င်းတို့၏ အိန္ဒိယ ရင်းနှီးမြှုပ်နှံမှုကို ဒေါ်လာသုံးဘီလျံအထိ တိုးမြှင့်သွား မည်ဟု ပြောဆိုအပြီး တစ်ပတ်အကြာတွင် ထွက်ရှိလာခြင်းဖြစ်သည်။