
ကန်တော်ကြီး ရေပြင် ရှုခင်းကိုခံစားနိုင်မယ့် ကွန်ဒိုသစ်
အခန်းရဲ့အကျယ်အ၀န်းက စတုရန်း ပေ ၁,၅၀၀ ရှိပြီး အိပ်ခန်းသုံးခန်းပါဝင်
ပါတယ်။
အိမ်ထဲကိုဝင်ဝင်ချင်း ဧည့်ခန်း ဆီကို ရောက်ဖို့ ဘေးတစ်ဖက် တစ်ချက်က အခန်းလေးတွေကို ဖြတ်ရင်း လျှောက်
လမ်းအတိုင်း သွားရပါမယ်။
အရင်ဆုံးရေချိုးခန်း အိမ်သာပါ
တစ်ယောက်အိပ်ခန်းတစ်ခန်း၊နှစ်ယောက်
အိပ်ခန်းတစ်ခန်းတို့က ဘေးတစ်ဖက် တစ်ချက်စီမှာ ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
အလတ်စားဆောက်လုပ်ရေး စီမံကိန်း ဈေးကွက်ကြောင့် အရေအတွက်လျှော့ချ
ထားထားခင်
အိမ်ခြံမြေဒုစာတည်း
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၂)

မြေဈေးကောင်းနေရာတစ်ခုဖြစ်သည့် ကမာရွတ်မြို့နယ်၊ လှည်းတန်းလမ်းဆုံရှိ စီးပွားရေးအချက်အချာနေရာကို ပြည်လမ်းဘက်မှ တွေ့မြင်ရစဉ်။
ဓာတ်ပုံ-မြန်မာတိုင်း(မ်)
ငွေကြေးအသင့်အတင့်သာ သုံးစွဲနိုင်သော အလတ်တန်းစားဆောက် လုပ်ရေးလုပ်ငန်းရှင်များသည် ၀ယ်လိုအားကျဆင်းမှုကို ကာမိစေရန် ယမန် နှစ်ကထက် အရောင်းသွက်စေသော နေရာများတွင်သာ မူလ ကထက် အရေအတွက် လျှော့ချကာတည်ဆောက်ခြင်းဖြင့် လုပ်ငန်း လည်ပတ် လျက်ရှိကြောင်း၎င်းလုပ်ငန်းရှင်တို့က ပြောသည်။
ရန်ကုန်ဆောက်လုပ်ရေးဈေးကွက်သည် ၂၀၀၉ ခုနှစ်ထက်စာလျှင် ကမ္ဘာ့
ငွေကြေးအကျပ်အတည်းမှ ပြေလျော့လာပြီဖြစ်သော်လည်း ၀ယ်လိုအား သိသာစွာ တက်မလာသည့်အချက်က အိမ်ခြံမြေဈေးကွက်ပေါ်သို့လည်း သက်ရောက်မှုရှိပြီး အချက်အချာနေရာများရှိ အိမ်မြေဈေးများကို မြင့်စေ
လျက်ရှိသည်။
ရန်ကုန်တွင် အန္တရာယ်ရှိအဆောက်အအုံများစွာကိုလည်း ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီက ကြေညာ၍ ပြန်လည် တည်ဆောက်ခိုင်းလျက်ရှိရာ ဆောက်လုပ်ရေးဈေးကွက်သိသာ
စွာ ပြန်လည်ဦးမော့မလာသေးသောအချိန်တွင် အလတ်စား ဆောက်လုပ်ရေး လုပ်ငန်းရှင်များကကျဆင်းနေသည့် ၀ယ်လို အားကို ကာမိရန်အတွက် နေရာကောင်းမှသာ တည်ဆောက်သင့် ကြောင်းရန်ကုန်မြို့လယ်အခြေစိုက် ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
"အလတ်တန်းစား တည်ဆောက်သူတွေအနေနဲ့ ဈေးကွက်နဲ့ ကိုက်ညီပြီးဝယ်လိုအားရှိတဲ့ နေရာတွေမှာပဲ ဆောက်သင့်တယ်။ ၀ယ်လို အားကို အဓိကထားရမယ်။ ရန်ကုန်မှာဆိုလည်းတိုက်တွေဖျက်ဆောက်နေတာ အများကြီးပဲ။ ဒါပေမယ့် ၀ယ်လိုအားတက်ပြီး
အရောင်းထွက်နိုင်မယ့်နေရာကိုရွေးနိုင်ဖို့ အရေးကြီးတယ်။
"စီမံကိန်းတစ်ခုရဲ့ ရင်းနှီးမြှုပ်နှံမှုက သိန်းတစ်ထောင်ကနေ တစ်သောင်းအတွင်းရှိတာကြောင့် နေရာမကောင်းလို့ အရောင်း မထွက် ရင် စီမံကိန်း ကြန့်ကြာပြီး အရှုံးပေါ်နိုင်တယ်။ ၀ယ်လိုအားကျတဲ့အတွက် တစ်နှစ်နဲ့ပြီးရမယ့်ဟာက နှစ်နှစ်၊ သုံးနှစ်ကြာသွားနိုင်
တယ်။ ဒါကြောင့် ဈေးကွက်မှာ ဆောက်ပြီး ၀ယ်သူမရှိလို့ ပိတ်ထားရတဲ့ အခန်းတွေ များလာတာ"ဟု ပြောသည်။
မြို့တွင်းခြောက်မြို့နယ်၊ ဗဟန်း၊ ကမာရွတ်၊ မရမ်းကုန်းစသော နေရာများသည် ၀ယ်လိုအားတက်ရန် အလားအလာကောင်းသော နေရာများဖြစ်ရာ လမ်းမတန်းနှင့်နီးစပ်သော စီးပွားရေးနေရာများသည် စီမံကိန်းအတွက်သင့်တော်သော နေရာများဖြစ်သည်။
"၀ယ်လိုအားကျတဲ့အတွက် ကျွန်တော်တို့လို အလတ်တန်းစားဆောက်လုပ်သူတွေအနေနဲ့ လူကြိုက်များပြီး ပိုအရောင်းသွက်တဲ့ နေရာတွေကို အဓိကထားစဉ်းစားရတယ်။ အရေအတွက်ထက် ၀ယ်လိုအားကို ပိုဂရုစိုက် ရတဲ့အတွက် ဒီနှစ်မှာ မနှစ်ကထက်
လျှော့ပြီး တစ်ဝက်လောက်ပဲ ဆောက်သွားမှာပါ"ဟု ၎င်းကပြောသည်။
ဆောက်လုပ်ရေးဈေးကွက်တွင် ငွေကြေးလည်ပတ်မှုနှင့် သုံးစွဲနိုင်အား ကျဆင်းခြင်းအပြင် ကုန်ကျစရိတ်နှင့် အမြတ်ပါးလာမှုတို့ ကြောင့်လည်း ဆောက်လုပ်သည့် အရေအတွက် မနှစ်ကထက် နည်းလာကြောင်း သရီးဖရန့်ဆောက်လုပ်ရေးမှ ဒါရိုက်တာ ဦးကိုကို
လေးက ပြောသည်။
"အဓိကကတော့ ငွေသုံးစွဲနိုင်အား နည်းလာတဲ့အတွက် ၂၀၀၉ ထက်စာရင် ဒီနှစ်ထဲမှာ ဆောက်လုပ်တဲ့ အရေအတွက် တစ်ဝက် လောက်နည်းပါတယ်။ ဆောက်လုပ်ရေးပစ္စည်းတွေ ဈေးကျပေမယ့် အလုပ်သမားခနဲ့ ကြော်ငြာစရိတ်တွေတက်တဲ့အတွက် တိုက် တစ်လုံးဆောက်မယ်ဆိုရင် ကုန်ကျစရိတ်အနည်းဆုံး ၁၅ ရာခိုင်နှုန်းလောက်တက်လာတယ်။
"အိမ်ခြံမြေဈေးကွက်ကောင်းလာတယ် ဆိုပေမယ့် ဆောက်လုပ်ရေးဘက်မှာ ၀ယ်လိုအား မတက်လာနိုင်သေးဘူး။ စက်မှုဇုန်မြေကွက် တွေနဲ့ စီးပွားရေးဈေးကွက်နေရာက မြေကွက်တွေလောက်ပဲ အရောင်းအ၀ယ်ဖြစ်ပြီး တိုက်ခန်း၊ လုံးချင်းတွေကျတော့ ငွေသုံးနိုင် အားကျတဲ့အတွက် ၀ယ်လိုအား မရှိဘူး။ ကုန်ကျစရိတ်တွေတက်လာတာကြောင့် အမြတ်အနေနဲ့လည်း မနှစ်ကထက် တစ်ဝက် လောက် ကျတယ်"ဟု ဦးကိုကိုလေးက ပြောသည်။
ဆောက်လုပ်ရေးလောကတွင် အမြတ်ပါး၍ အရောင်းထိုင်းနေခြင်း၏ အကြောင်းရင်းဖြစ်သော ငွေကြေးလည် ပတ်မှုအားနည်းခြင်း အကျိုးဆက် အနေဖြင့် အလုံးရေလျှော့ဆောက်ရခြင်း၊ အရောင်းထွက်စေရန် ပရိုမိုးရှင်းဖြင့် ဆွဲဆောင်ခြင်းတို့ကြောင့် အမြတ် ပါးပါးဖြင့် အရောင်းထွက်စေရန် ပြုလုပ်လာရသည်။
ထို့ကြောင့်ပင် အလတ်တန်းစား ဆောက်လုပ်သူများအနေဖြင့် မြို့စွန်ထက် ၀ယ်လိုအားတက်နိုင်သော စီးပွားရေး ဈေးကွက် နေရာများကို ဦးစားပေးလာခြင်းက အရေအတွက် လျော့သွားသည်ဆိုသော်လည်း အချိန်၊ ကုန်ကျစရိတ်နှင့် အကျိုးအမြတ်အရ
ပိုတွက်ခြေကိုက်ကြောင်း သိရသည်။
"ကမ္ဘာ့ငွေကြေးအကျပ်အတည်းရဲ့ သက်ရောက်မှုက ဆောက်လုပ်ရေး လောကမှာရှိတဲ့ အလတ်တန်းစား တည်ဆောက်ရေး သမားတွေပေါ်ကို ပိုသက်ရောက်ပါတယ်။ တည်ဆောက် သူတွေအနေနဲ့ ငွေသုံးနိုင်အားကို ချိန်ဆရမှာဖြစ်တဲ့အပြင် သွားလာ ဆက်သွယ် ရေးလွယ်ကူတဲ့ နေရာကို ရွေးမှ ရောင်း အားတက်မယ်။
"နေရာမကောင်းရင် အရောင်းထွက်အောင် ပရိုမိုးရှင်းလုပ်တာတောင်မှ ၀ယ်လိုအားကျမှာသေချာတယ်။ ဆောက်လုပ်ရေးလောကနဲ့ အိမ်ခြံမြေ ဈေးကွက်က တိုက်ရိုက်ပတ်သက်နေတဲ့အတွက် ၀ယ်လိုအားကျရင် ဈေးတွေလည်း ကျမှာပဲ။ ဆောက်လုပ်ရေး လောက ကောင်းမှ အခန်းတွေ ရောင်းထွက်မှာဖြစ်ပါတယ်။ ၀ယ်သူများမှ ဆောက်သူလည်း များမှာပါ"ဟု အမ်အမ်ဘီဆောက်လုပ်ရေးမှ ဒါရိုက်
တာ ဦးကိုကိုကြီးက ပြောသည်။
"ဒါကြောင့်လည်း မနှစ်ကထက် စီမံကိန်းတွေလျှော့ချထားပြီး ကောင်းတဲ့ နေရာတွေမှာပဲ ရွေးဆောက်ပါတယ်" ဟု ပြောသည်။