
ကန်တော်ကြီး ရေပြင် ရှုခင်းကိုခံစားနိုင်မယ့် ကွန်ဒိုသစ်
အခန်းရဲ့အကျယ်အ၀န်းက စတုရန်း ပေ ၁,၅၀၀ ရှိပြီး အိပ်ခန်းသုံးခန်းပါဝင်
ပါတယ်။
အိမ်ထဲကိုဝင်ဝင်ချင်း ဧည့်ခန်း ဆီကို ရောက်ဖို့ ဘေးတစ်ဖက် တစ်ချက်က အခန်းလေးတွေကို ဖြတ်ရင်း လျှောက်
လမ်းအတိုင်း သွားရပါမယ်။
အရင်ဆုံးရေချိုးခန်း အိမ်သာပါ
တစ်ယောက်အိပ်ခန်းတစ်ခန်း၊နှစ်ယောက်
အိပ်ခန်းတစ်ခန်းတို့က ဘေးတစ်ဖက် တစ်ချက်စီမှာ ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
အာဆီယံနိုင်ငံတွင်း ဆင်းရဲချမ်းသာကွာဟမှု ကြီးမား
(အေအက်ဖ်ပီ)
တင်စိန် ဘာသာပြန်သည်။
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၂)
ဒါနန်း (ဗီယက်နမ်) - ဖွံ့ဖြိုးတိုးတက် လျက်ရှိသည့် အရှေ့တောင်အာရှဒေသ ကြီး၏ အချမ်းသာဆုံးနှင့် အဆင်းရဲဆုံး နိုင်ငံများတွင် ကြီးမားကျယ်ပြန့်သော ကွာဟချက်ကြီးတစ်ရပ်ရှိနေကြောင်း၊ ထိုသို့ရှိနေခြင်းက အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့၏ ရည်မှန်းချက် ကြီးမားသည့် ဥရောပပုံစံတစ်ခုတည်းသော ဈေးကွက်တစ်ရပ်အတွက် တွန်းအားပေးမှုကိုပင် အန္တရာယ်ပြုနိုင်ကြောင်း ဗုဒ္ဓဟူးနေ့က သတိပေးပြောကြားခဲ့သည်။
ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့သည် တိုးတက်မှုနှုန်း အမြင့်ဆုံးစံချိန် တင်ခဲ့သော်လည်း ၎င်းတို့ တစ်ဦးချင်းစီ၏ စုစုပေါင်း ပြည်တွင်းထုက်ကုန်တန်ဖိုးမှာ အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံတွင် အနိမ့်ဆုံးအဖြစ် ဆက်လက်တည်ရှိနေသည်။
"ဖွံ့ဖြိုးမှုကွာဟချက် ကြီးမားကျယ်ပြန့်တဲ့အန္တရာယ်ဟာ အာဆီယံအဖွဲ့ရဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှု၊ အထူးသဖြင့် အာဆီယံ စီးပွားရေး ပေါင်းစည်းမှု တိုးချဲ့ ရေးကိုပေးနေတဲ့ ဆက်စပ်မှုအခြေ အနေတွေအတွက် အဓိကအခက်အခဲ ကြီးတစ်ရပ် ဖြစ်ပါတယ်"ဟု အာဆီယံ အဖွဲ့၏ ကုန်သွယ်ရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးများ၏ နှစ်ပတ် လည်အစည်းအဝေးဖွင့်ပွဲ မိန့်ခွန်း၌ ဗီယက်နမ် ၀န်ကြီးချုပ် ငုယင်တန်ဒန်း က ထည့်သွင်းပြောကြားသည်။
အာဆီယံအဖွဲ့သည် ဥရောပသမဂ္ဂ ၏ နမူနာကို အတုယူ၍ ၂၀၁၅ ခုနှစ် တွင် တစ်ခုတည်းသောဈေးကွက် တစ်ရပ် ထူထောင်ရေးနှင့် လူဦးရေသန်း ၆၀၀ ခန့်အတွက် ကုန်ထုတ်လုပ်ငန်း အခြေခံထူထောင်ရေးကို လိုလားသည်။ ထိုရည်မှန်းချက်ပန်းတိုင်မှာ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ထံမှ အားသွန်ဆောင် ရွက်မှု၏ စေ့ဆော်မှုကြောင့် ဖြစ်သည်။
အာဆီယံ၏ ချမ်းသာနှင့် ဆင်းရဲ အဖွဲ့ဝင်နိုင်ငံများ ကွာဟချက်မှာ အတော်ပင် ကျယ်ပြန့်လာခဲ့ပြီး တစ်ခုတည်းသော ဈေးကွက်ဖန်တီး ရန် ကြိုးပမ်းမှုများကို အားလျော့စေနိုင် သည်ဟု အာဆီယံအတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်က သတင်းထောက်များ ကို ပြောကြား သည်။
အာဆီယံကိန်းဂဏန်းများအရ အုပ်စု အတွင်း တစ်ဦးချင်းစီ၏ ဂျီဒီပီမှာ မြန်မာနိုင်ငံတွင် ၄၁၉ ဒေါ်လာမှ စင်ကာပူတွင် ဒေါ်လာ ၃၆,၀၀၀ ကျော် ထိ ပမာဏအမျိုးမျိုးရှိသည်။
မစ္စတာဆူရင်က ဆက်လက်ပြော ကြားရာတွင် အာဆီယံအဖွဲ့အတွင်း ကွာဟမှုကျယ်ပြန့်ခဲ့ရသည့် အကြောင်းရင်းမှ ကမ္ဘာ့စီးပွားရေး သည် ၂၀၀၈ ခုနှစ်က ကြုံခဲ့ရသော စီးပွားရေးအကျပ် အတည်းမှ ပြန်လည်နာလန်ထူလာသည့်အလျောက် နိုင်ငံအချို့သည် ရင်းနှီး မြှုပ်နှံမှုကို ဆွဲဆောင်နိုင်စွမ်း ပိုမို ကောင်းမွန်လာ၍ ဖြစ်သည်ဆို၏။
အဆိုပါအစည်းအဝေးတွင် သဘာပတိအဖြစ်ဆောင်ရွက်သော ဗီယက်နမ် ၀န်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာကြသည့် ၀န်ကြီးများအား ပို၍ညီမျှမှုရှိသော အာဆီယံအဖွဲ့ကြီးအဖြစ် ဖန်တီးရန်၊ လက်ဆုပ်လက်ကိုင် ပြနိုင်သော အားသွန်ခွန်စိုက်ဆောင် ရွက်မှုများကို စီစဉ်ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။
အခြားသော မဟာဗျူဟာတစ်ရပ်မှာ ဒေသကြီး၏ ဘဏ္ဍာရေးဝန်ကြီးများက ထူထောင်ရန် မူအားဖြင့် သဘောတူခဲ့ သော စီးပွားရေး အခြေခံအဆောက် အအုံ ရန်ပုံငွေတစ်ရပ်ပင် ဖြစ်သည်ဟု ဆူရင်က ပြောကြားခဲ့သည်။
ဥရောပကုန်သည်ကြီးများအသင်းက ခန့်မှန်းချက်ကို ဖော်ပြရာတွင် ဗီယက် နမ်နိုင်ငံ တစ်နိုင်ငံတည်း၌ပင်လျှင် ဒေါ်လာ ဘီလျံ ၇၀-၈၀ ၀န်းကျင်ရှိ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု တစ်ရပ်ကို လာမည့်ငါးနှစ်မှ ၁၀ နှစ် အတွင်း လိုအပ်မည်ဟု ဆိုသည်။
ယင်းနိုင်ငံရှိ နိုင်ငံခြားစီးပွားရေး လုပ်ငန်းများက၊ ပင်လယ်ရေနက် ဆိပ်ကမ်းလမ်းမကြီးများ၊ လျှပ်စစ်ဓာတ် အားနှင့် အခြားမရှိမဖြစ် လိုအပ်သည့် အခြေခံအဆောက်အအုံများနှင့် စပ်လျဉ်း၍ စိုးရိမ်မကင်းဖြစ်နေရခြင်း ကို မကြာခဏပင် ဖော်ပြခဲ့ကြသည်။