Now! Fashion Forward

ကန်တော်ကြီး ရေပြင် ရှုခင်းကိုခံစားနိုင်မယ့် ကွန်ဒိုသစ်

အခန်းရဲ့အကျယ်အ၀န်းက စတုရန်း ပေ ၁,၅၀၀ ရှိပြီး အိပ်ခန်းသုံးခန်းပါဝင် ပါတယ်။ အိမ်ထဲကိုဝင်ဝင်ချင်း ဧည့်ခန်း ဆီကို ရောက်ဖို့ ဘေးတစ်ဖက် တစ်ချက်က အခန်းလေးတွေကို ဖြတ်ရင်း လျှောက် လမ်းအတိုင်း သွားရပါမယ်။ အရင်ဆုံးရေချိုးခန်း အိမ်သာပါ တစ်ယောက်အိပ်ခန်းတစ်ခန်း၊နှစ်ယောက် အိပ်ခန်းတစ်ခန်းတို့က ဘေးတစ်ဖက် တစ်ချက်စီမှာ ရှိပါတယ်။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ဆိုးလ်မြို့ပြပွဲတွင် မြန်မာပါဝင်ပြသမည်

အေးသီတာကျော်
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၂)

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ စက်တင်ဘာလ ၉ ရက်မှ ၁၂ ရက်နေ့ အထိ ကျင်းပမည့် (၂၅) ကြိမ်မြောက် Seoul Gift Show ၂၀၁၀ တွင် ပြည်တွင်းကုမ္ပဏီသုံးခုက ၎င်းတို့၏ ထုတ်ကုန်များကို သွားရောက်ပြသမည် ဖြစ်ကြောင်းသိရသည်။

ယင်းအစည်းအဝေးသို့ အမှတ်တရ ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ ကျောက်မျက်ရတနာ အစရှိသည့် ကုမ္ပဏီလုပ်ငန်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး အဆိုပါကုမ္ပဏီများမှ ရွှေနန်းတော် ကျောက်မျက်ရတနာ၊ အောင်ဝုဒ် ပရိဘောဂနှင့် ဂန္ဓမာ ကမာ လက်မှုပစ္စည်းကုမ္ပဏီတို့ ဆိုးလ်မြို့ပြပွဲ သို့ ပါဝင်ပြခွင့်ရသည်။

ရွေးချယ်ရာတွင် ဒီဇိုင်းပုံစံ၊ အရည် အသွေး၊ ဈေးနှုန်း၊ ဈေးကွက်ရရှိနိုင်မှု၊ ထုတ်လုပ်နိုင်မှုနှင့် ထုပ်ပိုးမှုပုံစံ စသည့် တို့ကို အခြေခံ ရွေးချယ်ခဲ့သည်။

ဆိုးလ်မြို့တွင် နှစ်စဉ်ကျင်းပသော အဆိုပါပြပွဲကို အာဆီယံ-ကိုရီးယား အနုပညာစင်တာမှ ဦးစီးပြုလုပ်ခြင်းဖြစ် ကြောင်း၊ ကိုရီးယား နှင့် အာဆီယံနိုင်ငံ တို့အကြား ကုန်သွယ်မှုပမာဏ တိုးမြှင့် ရန်၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေး တိုးတက်လာ စေရန်ရည်ရွယ်ကြောင်း သိရသည်။

အဆိုပါပြပွဲတွင် ပြည်တွင်းကုမ္ပဏီ များ အဓိကပါဝင်ပြသမည့် ပစ္စည်းများ မှာ အရောင်အသွေးစုံလင်လှပသည့် ကျောက်မျက် ရတနာများ၊ သဘာဝ ထွက်ကုန်မှပြုလုပ်သော လက်ဆောင် နှင့် လက်မှုပစ္စည်းများဖြစ်သည်။

မြန်မာအပါအ၀င် အခြားအာဆီယံ နိုင်ငံအလိုက် ကုမ္ပဏီသုံးခုစီ ရွေးချယ် သွားမည်ဖြစ်ကြောင်း အာဆီယံ-ကိုရီး ယား အနုပညာ စင်တာ၏ ကုန်သွယ် ရေးနှင့် ရင်းနှီးမြှုပ်နှံရေး မန်နေဂျာ မစ္စတာ ကီဘွန်မွန်းက ပြောသည်။

"မြန်မာ့လက်မှုပစ္စည်းတွေရဲ့ ဈေး ကွက်ဟာ အလားအလာအရမ်းကောင်း တယ်လို့ မြင်မိတယ်။ ဒီပွဲကနေ မြန်မာ့ လက်မှုပစ္စည်း တွေရဲ့အခန်းကဏ္ဍ ပိုပြီး မြင့်မားလာနိုင်တယ်" ဟု ၎င်းက ပြော ကြားသည်။