
ကန်တော်ကြီး ရေပြင် ရှုခင်းကိုခံစားနိုင်မယ့် ကွန်ဒိုသစ်
အခန်းရဲ့အကျယ်အ၀န်းက စတုရန်း ပေ ၁,၅၀၀ ရှိပြီး အိပ်ခန်းသုံးခန်းပါဝင်
ပါတယ်။
အိမ်ထဲကိုဝင်ဝင်ချင်း ဧည့်ခန်း ဆီကို ရောက်ဖို့ ဘေးတစ်ဖက် တစ်ချက်က အခန်းလေးတွေကို ဖြတ်ရင်း လျှောက်
လမ်းအတိုင်း သွားရပါမယ်။
အရင်ဆုံးရေချိုးခန်း အိမ်သာပါ
တစ်ယောက်အိပ်ခန်းတစ်ခန်း၊နှစ်ယောက်
အိပ်ခန်းတစ်ခန်းတို့က ဘေးတစ်ဖက် တစ်ချက်စီမှာ ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ပြည်တွင်း အသေးစား၊ အလတ်စားလုပ်ငန်းများ၌ လုပ်ကိုင်ရန် ထိုင်းလုပ်ငန်းရှင်များ စိတ်ဝင်စား
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၂)

ထိုင်း-မြန်မာ လုပ်ငန်းရှင်များဆွေးနွေးပွဲ၌ ပြသထားသည့် ထိုင်းပစ္စည်းအချို့ကို တွေ့ရစဉ်။
ဓာတ်ပုံ - ကောင်းထက်
ထိုင်း လုပ်ငန်းရှင်များသည် ပြည်တွင်း အသေးစားနှင့် အလတ်စား စက်မှု လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန်နှင့် ကုန်သွယ်မှု လုပ်ကိုင် ဆောင်ရွက်ရန် စိတ်ဝင်စားကြောင်း ဩဂုတ်လ ၂၆ ရက်နေ့က ပါ့ခ် ရွိုင်ရယ်ဟိုတယ်တွင် ကျင်းပသော ထိုင်း-မြန်မာ လုပ်ငန်းရှင် များ ဆွေးနွေးပွဲမှ သိရသည်။
ဆွေးနွေးပွဲကို ကုန်သည်စက်မှု အသင်းချုပ်မှတစ်ဆင့် Global Business Link-GBL ကုမ္ပဏီလီမိတက်ကဦးစီးကာ ထိုင်း နိုင်ငံ စက်မှုမြှင့်တင်ရေး ဌာန (ဒီအိုင်ပီ) နှင့် ပူးပေါင်းကျင်းပခြင်းဖြစ်သည်။
"ထိုင်းနိုင်ငံက မြန်မာနဲ့ ပုံမှန် ကုန်သွယ်ရေးလမ်းကြောင်းနဲ့ အဓိက ကုန်သွယ်ဖက်ဖြစ်သလို ဒီကိုလာရောက် ရင်းနှီးမြှုပ်နှံမှုမှာလည်း နံပါတ်တစ် နေရာ ရနေတယ်"ဟု ကုန်သည်စက်မှု အသင်းချုပ် ဒု-ဥက္ကဋ္ဌ ဦးထွန်းအောင် က ပြောသည်။
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ လာ ရောက်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းပေါင်း ၆၁ ခုရှိရာ တန်ဖိုးငွေပမာဏ အမေရိ ကန်ဒေါ်လာ ၉,၅၆၈ သန်းရှိခြင်း ကြောင့် ရင်းနှီးမြှုပ်နှံထားသော ၃၅ နိုင်ငံအနက် နံပါတ်တစ်နေရာ ရထား ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
ဆွေးနွေးပွဲသို့ ကုန်ပစ္စည်းထုပ်ပိုးမှု လုပ်ငန်းအမျိုးမျိုး၊ စားသောက်ကုန်၊ ကွန်ကရစ်မစ်ဇာ၊ ဇွန်းခက်ရင်းအသုံး အဆောင်များ၊ အီလက်ထရွန်းနစ်ပစ္စည်း များ၊ ပလတ်စတစ်ပစ္စည်းများ၊ ဟိုတယ် သုံး အိပ်ရာနှင့်မွေ့ရာ၊ စက္ကူ၊ ကြွေထည်၊ သဘာဝမြေဩဇာ၊ ပလတ်စတာ စသော ထိုင်းလုပ်ငန်း ၂၇ ခုမှ လုပ်ငန်း ရှင် ၆၄ ရောက်က တက်ရောက် ဆွေးနွေးခဲ့သည်။
"ဒီပီအိုင်အနေနဲ့ မြန်မာနဲ့ကုန်သွယ် မှု၊ ရင်းနှီးမြှုပ်နှံမှုတွေလုပ်တဲ့အခါ နှစ်ဦး နှစ်ဖက် အကျိုးအမြတ်ရတာမျိုးတွေ အဓိက ဖြစ်စေ ချင်တယ်"ဟု ဒီပီအိုင် ဒါရိုက်တာ Mr. Manop Chivatana-soontorn က ပြောသည်။
မြန်မာပြည်၏ ပုဂ္ဂလိကကဏ္ဍ အတွင်းလုပ်ကိုင်ရန် ဆန္ဒရှိပြီး ရန်ကုန် အပြင် မန္တလေးကိုလည်း စိတ်ဝင်စား ကြောင်း ၎င်းက ဆိုသည်။
"ထိုင်းနဲ့မြန်မာက တိုင်းပြည်အချင်း ချင်းလည်း နီးစပ်တယ်။ လူဦးရေက လည်း သိပ်မကွာဘူး။ ဒီအခြေအနေက နှစ်နိုင်ငံပူးပေါင်းပြီး အသေးစား၊ အလတ်စားလုပ်ငန်းတွေ တိုးတက် အောင်လုပ်ကိုင်ဖို့ အခွင့်အလမ်း ကောင်းပဲ"ဟု Mr. Manop ကဆိုသည်။
ထိုင်းပစ္စည်းများ လတ်တလောအခြေ အနေအရ ပြည်တွင်း၌ ရောင်းလို အားနှင့်မမျှသော ၀ယ်လိုအားကြောင့် ဈေးတက်လျက်ရှိရာ ယခုကဲ့သို့ တိုက် ရိုက်လုပ်ကိုင်ခွင့် ပိုမိုရရှိလာပါက ဈေးနှုန်းတည်ငြိမ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
"မနေ့က Capital Mart ကို ရောက် တော့ အဲဒီမှာရှိတဲ့ပစ္စည်းတွေရဲ့ ၅၀ ရာခိုင်နှုန်းနီးပါးလောက်က ထိုင်းပစ္စည်းတွေ တွေ့ခဲ့တယ်။ အဲဒါကြောင့်လည်း ထိုင်းလုပ်ငန်းရှင်တွေက မြန်မာပြည်ရဲ့ ဈေးကွက်ကို စိတ်ဝင်စားတာ"ဟု စက်မှု လုပ်ငန်းအစု ဒါရိုက်တာ Ms Yuparat Satawiriya က ပြောသည်။
"ထိုင်းနိုင်ငံက ထုတ်လုပ်မှု၊ ၀န်ဆောင်မှုလုပ်ငန်းတွေမှာ တစ်စိုက် မတ်မတ် သွားနိုင်တယ်။ အဲဒီလိုပဲ ၀ယ်ယူတဲ့နှုန်းလည်းများအောင် လုပ် နိုင်တယ်။ ထိုင်းက ရင်းနှီးမြှုပ်နှံမှုတွေ လာလုပ်မယ်ဆိုရင် သူတို့ဆီကနေ အဲဒီ နည်းစနစ် တွေရနိုင်တယ်"ဟု ဂျီဘီ အယ်လ်၏ မန်နေဂျင်း ဒါရိုက်တာ ဦးမိုးမြင့်ကျော်က ဆိုသည်။