
ကန်တော်ကြီး ရေပြင် ရှုခင်းကိုခံစားနိုင်မယ့် ကွန်ဒိုသစ်
အခန်းရဲ့အကျယ်အ၀န်းက စတုရန်း ပေ ၁,၅၀၀ ရှိပြီး အိပ်ခန်းသုံးခန်းပါဝင်
ပါတယ်။
အိမ်ထဲကိုဝင်ဝင်ချင်း ဧည့်ခန်း ဆီကို ရောက်ဖို့ ဘေးတစ်ဖက် တစ်ချက်က အခန်းလေးတွေကို ဖြတ်ရင်း လျှောက်
လမ်းအတိုင်း သွားရပါမယ်။
အရင်ဆုံးရေချိုးခန်း အိမ်သာပါ
တစ်ယောက်အိပ်ခန်းတစ်ခန်း၊နှစ်ယောက်
အိပ်ခန်းတစ်ခန်းတို့က ဘေးတစ်ဖက် တစ်ချက်စီမှာ ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ပျိုးပင်ပေါက်ရောင်းအား နှစ်ဆမြင့်တက်လာ
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၂)
ယခုနှစ်မိုးရာသီတွင် အရိပ်ရသစ်ပင် ကြီးမျိုး ပျိုးပင်ရောင်းအားမှာ ယခင်နှစ် ထက် ထက်ဝက်ကျော် မြင့်တက်လာ ကြောင်း ပျိုးပင် အရောင်းဆိုင်များမှ တာဝန်ရှိသူများက ပြောသည်။
"မနှစ်ကထက် သိသိသာသာ ရောင်း အားပိုများတယ်။ ဧရာဝတီတိုင်းက ဆေးရုံတွေနဲ့ နာဂစ်မုန်တိုင်းသင့်ခဲ့တဲ့ နေရာတွေကို လှူဖို့ ၀ယ်ကြတာ များ တယ်။ အများအားဖြင့် အရိပ်ရအပင် ကြီးမျိုးကို ၀ယ်ကြတယ်" ဟု အင်းစိန် မြို့နယ်မှ ပျိုးပင်စိုက်ပျိုးရောင်းချသူ ကိုရဲမင်းထွန်းက ပြောသည်။
ခရေ၊ ကံ့ကော်၊ ရေတမာနှင့် တည်ပင် များမှာ ရောင်းအားအကောင်းဆုံး ဖြစ်ကြောင်း၊ ခရေပင်မှာ နေပြည်တော် ရှိလမ်းများတွင် စိုက်ပျိုးရန် ၎င်းထံမှ တစ်ဆင့်ပြန်လည်ဝယ်ယူကြကြောင်း ၎င်းက ပြောသည်။
"ပုံမှန်ကတော့ တစ်ရက်ကို လေးငါး ထောင်ဖိုးလောက် ရောင်းရတယ်။ အရင်နှစ်က တစ်လကို တစ်သိန်းခွဲ လောက် ရောင်းရတယ်။ ဒီနှစ် ဇူလိုင် နဲ့ ဩဂုတ်လတွေမှာ ရောင်းအားတက် တယ်။ တစ်လကို ပျမ်းမျှနှစ်သိန်းဝန်း ကျင်လောက်ထိ ရောင်းရတယ်"ဟု ကိုရဲမင်းထွန်းက ပြောသည်။
"ဥယျာဉ်အတွက် လိုအပ်သော မျိုးစေ့ကို အစက ထိုင်းကို ကိုယ်တိုင် ဆင်းဝယ်တယ်။ အခုတော့ လှမ်းမှာ လိုက်တယ်။ နှင်းဆီမျိုးကို မန္တလေးက ၀ယ်ပြီး အရိပ်ရပင်မျိုးစေ့တွေကိုတော့ လမ်းဘေးက အပင်တွေအောက်မှာ နေ့စားချ ကောက်ခိုင်းပြီး ပြန်ရောင်းတဲ့ လူတွေ ဆီကတစ်ဆင့် ပြန်ဝယ်ရတယ်" ဟု ၎င်းက ပြောသည်။
ယခုနှစ်မိုးရာသီတွင် ရန်ကုန်မြို့တွင်းရှိ ကျောင်းများက ကျောင်း ဥယျာဉ်အတွင်းစိုက်ပျိုးရန် ကံ့ကော်နှင့် ခရေပင်များကို အ၀ယ် များကြောင်း၊ အိမ်ခြံဝင်းများမှ နှင်းဆီ၊ ရွက်လှပင်၊ မာလကာပင်များနှင့် အခြားအလှပင်များကို ၀ယ်ယူကြကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်၊ ဆန်းရွှေဝါပျိုးပင် ဆိုင်မှ ဦးပန်းနုက "ဆိုင်မှာ အရောင်းရ ဆုံးက ခရေနဲ့ ကျူးဘားပဲ။ တခြား အလှပင်တွေဖြစ်တဲ့ ကင်းပန်း၊ မနီလာ နဲ့အသောက ကျောက်ခက်တွေလည်း ရောင်းရတယ်။ ခရေပင်၊ တည်ပင်နဲ့ ဗာဒံပင်ကိုတော့ လှူဖို့ဝယ်ကြတာများ တယ်။ ဒီနှစ်မှာ ခရေက ရောင်းအား အကောင်းဆုံးပါ" ဟု ပြောသည်။
ပျိုးပင်ဈေးနှုန်းများမှာ အရွယ်အစား လိုက် အမျိုးမျိုးရှိရာ တစ်တောင်ခန့် အရွယ်ကို ကျပ် ၅၀၀ ၊ ကိုးပေ အရွယ် ကို ကျပ် ၁၅,၀၀၀ အနည်းဆုံး သတ်မှတ် ရောင်းချကြောင်း၊ ကျူးဘားပင် တစ်တောင် အရွယ်မှာ ကျပ် ၅၀၀ မှ နှစ်ပေကျော်လျှင် ကျပ် ၁,၀၀၀ သတ် မှတ်ထားပြီး ကျပ်တစ်သောင်းကျော် တန် အရွယ်စားထိ ရှိကြောင်း၊ နေပြည် တော်မှ အရိပ်ရအပင်ကြီးမျိုးကို တစ်ကြိမ်ဝယ်လျှင် ရာနှင့်ချီ၍ ၀ယ်ယူ လေ့ရှိကာ အများအားဖြင့် ကိုးပေ၊ ၁၀ ပေအမြင့်ရှိပြီး အရိပ်ရနိုင်သည့် အရွယ် အစားကို ၀ယ်ယူကြောင်း သိရ သည်။
ပျိုးပင်စိုက်ပျိုးလုပ်ကိုင်သူများသည် လူတို့၏ စီးပွားရေးအရ ၀ယ်လိုအား ပေါ်မူတည်၍ လုပ်ကိုင်ရခြင်းဖြစ်ရာ ရာသီဥတုကြောင့်သော် လည်းကောင်း၊ နိုင်ငံရေး၊ စီးပွားရေး အခြေအနေများ မကောင်းလျှင် လုပ်ငန်းရပ်တန့်သည် အထိ ထိခိုက်မှုရှိကြောင်းသိရသည်။
"မျိုးစေ့က ထိုင်းသွားဝယ်ရတာ ခက်တယ်။ ဒီတော့ မျိုးပင်မှန်သမျှကို ၀ယ်ပြီး လိုက်စိုက်တယ်။ ယိုးဒယားမျိုး ၃,၀၀၀၊ ၅,၀၀၀ တန်ကို ၀ယ်စိုက်တယ်။တစ်ပင်တလေ ဒုက္ခခံပြီး စိုက်လိုက် တော့ ကင်းပန်း၊ ကြိမ်ထမ်းတို့လို ထိုင်း မျိုး အလှပင် အပင်ကြီးမျိုးတွေ ရသွား တာပေါ့။ အရိပ်ရအပင်ကြီးမျိုးကိုတော့ နယ်ကပို့ပေးတယ်။ ခရေမျိုးစေ့ ဆိုလို ချင်သလောက်ရတယ်။ ပျိုးဖို့ အချိန် တော့ ယူရတာပေါ့။ တစ်မျိုးကို အနည်း ဆုံး တစ်ထောင်လောက် ထားတယ်" ဟု ဦးပန်းနုက ပြောသည်။
"ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ ခြံကျယ်တဲ့သူတွေက မြေခွေးမြီးလို့ ခေါ်တဲ့ အလှပင်မျိုးကို တော်တော် ၀ယ်တယ်"ဟု အုတ်ကျင်းမှ ပျိုးပင် ရောင်းသူတစ်ဦးက ပြောသည်။