Now! Fashion Forward

ကန်တော်ကြီး ရေပြင် ရှုခင်းကိုခံစားနိုင်မယ့် ကွန်ဒိုသစ်

အခန်းရဲ့အကျယ်အ၀န်းက စတုရန်း ပေ ၁,၅၀၀ ရှိပြီး အိပ်ခန်းသုံးခန်းပါဝင် ပါတယ်။ အိမ်ထဲကိုဝင်ဝင်ချင်း ဧည့်ခန်း ဆီကို ရောက်ဖို့ ဘေးတစ်ဖက် တစ်ချက်က အခန်းလေးတွေကို ဖြတ်ရင်း လျှောက် လမ်းအတိုင်း သွားရပါမယ်။ အရင်ဆုံးရေချိုးခန်း အိမ်သာပါ တစ်ယောက်အိပ်ခန်းတစ်ခန်း၊နှစ်ယောက် အိပ်ခန်းတစ်ခန်းတို့က ဘေးတစ်ဖက် တစ်ချက်စီမှာ ရှိပါတယ်။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ကြိမ်ထည်ဈေးကွက် ပြည်တွင်းသို့ ဦးတည်ထိုးဖောက်လာ

အေးသီတာကျော်
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၂)

ပြည်တွင်းကြိမ်ထည် လက်မှုပစ္စည်း ကုမ္ပဏီများသည် ပြည်ပသို့တင်ပို့ ရောင်းချခြင်းထက် ပြည်တွင်းဈေးကွက်၌ တွင်တွင်ကျယ်ကျယ် ရောင်းချနိုင်ရန် ကြိုးပမ်းလာကြောင်း အဆိုပါကုမ္ပဏီ များမှ တာဝန်ရှိသူများက ပြောသည်။

ပြည်ပသို့ ကြိမ်နှင့်ဝါး လက်မှုပစ္စည်း များ တင်ပို့ရောင်းချခြင်းတွင် တစ်နှစ် ထက်တစ်နှစ် မှာယူမှု လျော့နည်းလာ ခြင်း၊ တင်ပို့မှုနှင့် အခြားအထွေထွေ စရိတ် မြင့်မားမှုတို့ကြောင့် ထုတ်လုပ်သူ များအနေဖြင့် ပြည်တွင်းဈေးကွက်ကို သာ ပိုမိုစိတ်ဝင်စားလာခြင်း ဖြစ်သည်။

"ပြည်ပတင်ပို့မှု ပါးနေတဲ့အချိန်မှာ ကိုယ့်ရဲ့ အလုပ်သမားတွေကိုလည်း တခြားအလုပ် မခိုင်းချင်ဘူး။ ဒါကြောင့် ပြည်တွင်းမှာ ရောင်းချနိုင်မယ့် တန်ဖိုး လည်း အရမ်းမမြင့်မားတဲ့ ကုန်ချောမျိုး ထုတ်လုပ်ပြီးရောင်းရင် အဆင်ပြေနိုင် မယ်" ဟု Classic Home ထရိတ်ဒင်း ဒါရိုက်တာ ဦးကျော်သူက ဆိုသည်။

ပြည်ပတင်ပို့မှု လျော့ကျရခြင်းမှာ ပြည်တွင်း ထုတ်လုပ်သူများသည် ကြိမ်ဝါးအဓိကတင်ပို့နေသည့် နိုင်ငံများ ကဲ့သို့ ၀ယ်လိုအား ရှိသည့်အတိုင်း အမြောက်အမြား ထုတ်လုပ်ခြင်းကို မယှဉ်နိုင်ကြောင်း၊ အရေအတွက် များများ မထုတ်နိုင်ခြင်းကြောင့် ဈေးနှုန်း အရလည်း လျော့ကျသက်သာစွာ မလုပ်နိုင်ခြင်းတို့ကြောင့်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယခုနှစ်များအတွင်း မြန်မာနိုင်ငံမှ ဥရောပနှင့် အခြားဈေးကွက်များသို့ တင်ပို့နှုန်းမှာ တစ်လလျှင် ပေ ၂၀ အရှည်ရှိ ကွန်တိန်နာ အလုံးရေ ၂၀ မှ ၃၀ ကြားသာ အများဆုံးရှိသည်။ ၂၀၀၆ ခုနှစ်အထိ ကွန်တိန်နာအလုံးရေ ၇၀ မှ ၈၀ ကြား တင်ပို့ခဲ့ပြီး တရုတ်၊ ဗီယက်နမ် စသည့် နိုင်ငံတို့၏တင်ပို့မှုမှာ တစ်လ လျှင် အလုံးရေ ၁,၀၀၀ ကျော်ရှိသည်။

မြန်မာနိုင်ငံမှ ဂျာမနီသို့အရောက် ပေ ၂၀ အရှည်ရှိ ကွန်တိန်နာတစ်လုံး၏ ကုန်ကျစရိတ်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁,၇၀၀ တွင်ရှိပြီး အင်ဒိုနီးရှား မှာ 'ကန်'ဒေါ်လာ ၅၀၀ နှင့် တရုတ်မှာ မူ ရာသီဥတုပေါ်မူတည်၍ 'ကန်' ဒေါ်လာ ၃၀၀ မှ ၄၀၀ အတွင်းသာ ရှိနေသည်။

"ဖော်ပြလို့ရတဲ့ စရိတ်တွေအပြင် မဖော်ပြနိုင်တဲ့ အထွေထွေ ထုတ်လုပ်မှု စရိတ်လည်းရှိတဲ့အတွက် တခြားနိုင်ငံ ရဲ့ ထုတ်လုပ်မှု အပိုင်းတွေကို နည်းနာ ယူသင့်တယ်။

"ကြိမ်ထည်တွေကို ပြည်တွင်းအဓိက ထား ရောင်းမယ်ဆိုရင် ပိုအကျိုး အမြတ်ရှိလာပြီး ပိုရောင်းရနိုင်တယ်"ဟု ဦးကျော်သူက ပြောသည်။

ပြည်တွင်းဈေးကွက်၌ ရောင်းချပါက အခွန်ငွေ၊ သယ်ယူပို့ဆောင်စရိတ်နှင့် အခြားအထွေထွေစရိတ်များ လျော့ နည်းသက်သာ မည်ဖြစ်၍ ဈေးနှုန်းချို သာစွာဖြင့် ရောင်းနိုင်မည်ဖြစ်သည်။

မြန်မာ့ကြိမ်ထည် လက်ရာအဆင့် အတန်းမှာ တရုတ်၊ ဗီယက်နမ်၊ အင်ဒို နီးရှားစသော အဓိကနိုင်ငံများ၏ ကုန် ပစ္စည်းကို မမီသေး ကြောင်း သိရသည်။

"တရုတ်ပစ္စည်းတွေကျတော့ ဈေးနှုန်း နဲ့ အရည်အသွေး အမျိုးမျိုးရှိတယ်။ ဈေးပေါပြီဆိုရင်လည်း မယုံနိုင်လောက် အောင်ကို ပေါတယ်။ အရည်အသွေး ကောင်းပြီး ဈေးကြီးတာမျိုးလည်း ရှိ တယ်"ဟု ဦးကျော်သူက ပြောသည်။

ပြည်တွင်း၌ရောင်းချခြင်းနှင့် ပြည်ပ သို့ တင်ပို့ခြင်းတွင် ရာသီဥတုရော၊ အကြိုက်ချင်းပါ မတူညီသည့်အတွက် ဒီဇိုင်းပုံစံ ပြောင်းလဲ သင့်ကြောင်း တီအာရ် အက်စ် ထရိတ်ဒင်းမှ အထွေထွေ မန်နေဂျာ ဦးအောင်မင်းက ပြောသည်။

အနောက်နိုင်ငံများသည် ကြီးကြီးမား မား အကြမ်းထည်ပုံစံများကို နှစ်သက် သဘောကျပြီး ပြည်တွင်းအကြိုက်မှာ အရောင်တင် ဆေးဖြင့် အဆင်တန်ဆာ များပြားမှုကို နှစ်သက်ကြသည်။

ပြည်တွင်း ကြိမ်ထည်ပရိဘောဂသုံးစွဲ မှုမှာ နေအိမ်များထက် ဟိုတယ်၊ အပန်း ဖြေစခန်းများနှင့် သံရုံးများမှ အများဆုံး မှာယူကြသည်။

"တဖြည်းဖြည်းတော့ သုံးလာကြပါ တယ်။ အရမ်းကြီး ကျယ်ကျယ်ပြန့်ပြန့် တော့ မဖြစ်သေးဘူးပေါ့။ ဒီမှာက ကိုယ့်ရဲ့ဝင်ငွေနဲ့လည်း ချိန်နေရသေး တော့ ကြာရှည်ခံတာကိုပဲ အသုံးများ တယ်"ဟု ဦးအောင်မင်းက ပြောသည်။

ဧည့်ခန်းသုံး ကြိမ်ဆက်တီတစ်စုံလျှင် ကျပ် ၈၀၀,၀၀၀ နှင့် ၉၀၀,၀၀၀ ကြား ရှိပြီး ကျွန်းခဲ့သို့သော သစ်ထည်မှာ လည်း အလားတူပင် ဖြစ်သောကြောင့် အရည်အသွေးပိုကောင်းအောင်လုပ်ပြီး လက်ခံလာနိုင်ရန်လိုကြောင်း ၎င်းက ပြောသည်။

ကြိမ်ကုန်ကြမ်း တစ်တန်ဈေးနှုန်းမှာ 'ကန်'ဒေါ်လာ ၈၀၀ အတွင်းရှိပြီး ၀ါးမှာ မူ အရွယ်အစားလိုက်၍ 'ကန်'ဒေါ်လာ ၂၅ ဆင့်မှ 'ကန်'ဒေါ်လာ ၁ ဒသမ ၁ အထိ ရှိသည်။