Now! Fashion Forward

ပင်လုံအိမ်ရာဝင်းထဲက မြေယာရှုခင်း စိတ်ကြိုက် ဖန်တီးနိုင်မယ့် နှစ်ထပ်အိမ်

ခြံအကျယ်က စတုရန်းပေ ၁၉,၀၀၀ နီးပါး(ပေ ၉၈ x ပေ ၁၉၀)တောင်ရှိတဲ့ အတွက် ခြံ ကို ကိုယ့်စိတ်ကြိုက်မြေယာ ရှုခင်း ဒီဇိုင်းလေးပြင်ဆင်လို့ ရနေပါပြီ။ ခြံရဲ့အရှေ့ဘက်မှာ မြက်ခင်းပြင် ကျယ်နဲ့ ပန်းခြံလေးရှိပြီး ကားမောင်းဝင်ဖို့ ကွန်ကရစ်လမ်းက စက်ဝိုင်းခြမ်းပုံ သဏ္ဌာန် ကွေ့ဝိုက်ထားပါတယ်။ ညာ ဘက်မှာ သစ်ခွပန်းရုံငယ်လေးရှိသလို ဘယ်ဘက်မှာ တော့ နားနေဆောင်နဲ့ ငါးကန်တစ်ကန်ရှိပါတယ်။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

တင်သွင်းကုန်နည်းလာ၍ ဂျုံဈေးမြင့်

ဈေးနှုန်းမှာ ဩဂုတ်လဆန်းအထိ ကီလိုဂရမ် ၄၀ အလေးချိန်ရှိ ဂျုံမှုန့် တစ်အိတ်လျှင် ကျပ် ၂၆,၀၀၀ မှ ကျပ် ၂၆,၄၀၀ အတွင်း ရှိခဲ့ သောဂျုံမှုန့်မှာ ယခု သီတင်းပတ်မှစ၍ ကျပ် ၂၇,၀၀၀ နှင့် အထက်သို့ တက်သွားခဲ့ ကြောင်း၊ ယခုအခါ ရောင်းလိုအားလျော့နည်း နေမည်ဖြစ်သောကြောင့် လာမည့်လများတွင် ယခုဈေးထက် ဆက်လက် မြင့်တက်ရန် အလားအလာရှိကြောင်း သိမ်းညီနောင် ဂျုံစက်မှ တာဝန်ရှိသူ တစ်ဦးက သုံးသပ် ပြောကြားသည်။

News 

ကားဈေး ၃၀ ရာခိုင်နှုန်း ကျဆင်းပြီး ဈေးကွက်အေး

"ဒီမှာလည်း ကားဈေးတွေက ကျသွားတာတောင် အရောင်းအ၀ယ်က သိပ်မရှိဘူးဖြစ်နေတယ်။ ဘာလို့လဲ ဆိုတော့ အားလုံးက လိုင်စင်မဲ့ကားတွေအပေါ်မှာပဲ စိတ်ဝင်စားမှုက များနေတာလေ။ အရင်က ကျပ်သိန်း ၂၂၀ တန်တဲ့ စူပါဆလွန်း ၉၀ မော်ဒယ် က အခု ကျပ်သိန်း ၁၇၀ နဲ့ ရောင်းတာတောင် ၀ယ်မယ့်သူက သိပ်မရှိဘူး"

News 

ရွှေဈေးတက် ငွေလဲလှယ် ဈေးနှုန်းငြိမ်

ကမ္ဘာ့ရွှေဈေးမှာ ယခုလ ၁၁ ရက်နေ့တွင် တစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁,၁၉၉ ဒသမ ၅၀ မှ တဖြည်း ဖြည်းမြင့်တက် လာရာ ယခုလ ၁၉ ရက် နေ့တွင် တစ်အောင်စလျှင် ဒေါ်လာ ၁,၂၃၀ အထိ မြင့်တက်လာသည်။ ပြည်တွင်း အခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ယခုလ ၁၁ ရက်နေ့တွင် ကျပ် ၆၄၄,၀၀၀မှ တဖြည်းဖြည်း မြင့်တက်လာရာ ၂၄ ရက်နေ့တွင် ကျပ် ၆၅၅,၅၀၀ ဖြစ်သည်။

News 

ထိုင်းနိုင်ငံမှ တင်သွင်းသည့်ဘက်ထရီများ ဈေးနှုန်းပြောင်းလဲနိုင်

"ပစ္စည်းလက်ကျန်တွေ ရှိနေသေးတော့ ဈေးနှုန်းအပြောင်းအလဲ မရှိသေးပေမယ့် အခုတစ်ခေါက် ရောက်လာမယ့် ဘက်ထရီတွေ ကတော့ ဈေးပြောင်းနိုင်တယ်။ ကျပ် ၅,၀၀၀ ကနေ ကျပ် ၁၀,၀၀၀ လောက် ဈေးတက်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်က ဘက်ထရီတွေက ကုန်းလမ်းကနေလာတာဆိုတော့ ဒီနေ့ပို့ရင် မနက်ဖြန်ဆို ပစ္စည်းရောက်ပြီ။ ရေလမ်းကျတော့ ပစ္စည်းရောက်ဖို့ တစ်ပတ်လောက်ကြာတယ်။ သယ်ယူပို့ဆောင်ခကလည်း ရေလမ်းက ပိုများတယ်"

News 

ဈေးကွက်၌ ပေါ်ဆန်းတစ်အိတ်လျှင် ကျပ်တစ်ထောင်ခန့် မြင့်တက်လာ

ဘုရင့်နောင် ဆန်ရောင်းဝယ်ရေး ဈေးကွက်တွင် ဖျာပုံပေါ်ဆန်း (ရှယ်) ဈေးနှုန်းမှာ ယခင်လက တစ်အိတ်လျှင် ကျပ် ၂၉,၀၀၀ ရှိခဲ့ရာမှ ယခုအခါ ကျပ် ၃၀,၀၀၀ အထိ ရောက်ရှိလာကြောင်း၊ ရွှေဘို(အညာ) ပေါ်ဆန်းမှာလည်း ယခင်လက ကျပ် ၃၀,၀၀၀ ခန့် ရှိရာမှ ယခုအခါ ကျပ် ၃၁,၅၀၀ အထိ ပြောင်း လဲသွားကြောင်း သိရသည်။

News 

ဂျုံတင်ပို့မှုတားမြစ်ကာလ ရုရှားသက်တမ်းတိုး

အဆိုးဝါဆုံး မိုးခေါင်မှု ဘေး ဆိုက်နေသော ရုရှားနိုင်ငံတွင် အခြေခံ စားကုန်များ၏ ဈေးနှုန်းကျဆင်းအောင် အစိုးရက ဆောင်ရွက် နေစဉ်မှာပင် ဂျုံ၊ ပြောင်းဆန်စသော ကောက်ပဲသီးနှံများကို ပြည်ပသို့ လုံးဝတင်ပို့ခြင်းမပြုရန် ၀န်ကြီးချုပ် ဗလာဒီမာ ပူတင်က ဩဂုတ် ၁၅ ရက်တွင် ဆက်လက်သက်တမ်းတိုး တားမြစ်လိုက်ပြန်သည်။

News 

ဇူလိုင်လတွင် စင်ကာပူပို့ကုန် သိသာစွာ ကျဆင်း

အဓိကဈေးကွက် အရောင်း အ၀ယ်များသည် ကမ္ဘာ့စီးပွားရေး အကျပ်အတည်းမှ ရုန်းထွက်ရန် ကြိုးစား နေကြရခြင်းနှင့် ၀ယ်လိုအား ကျဆင်းလာမှုတို့ကြောင့် စင်ကာပူ၏ ဇူလိုင်လ ပို့ကုန်တိုးတက်မှုအဟုန်သည် ယမန်နှစ် နှင့်နှိုင်းစာလျှင် သိသာစွာကျဆင်းခဲ့ရကြောင်း ယင်းနိုင်ငံက လွန်ခဲ့သော သီတင်းပတ်တွင် ပြောသည်။

News 

မဲခေါင်ဒေသ မီးရထားလမ်းစီမံကိန်း တစ်လှမ်းတိုး

ဒေသတွင်း မီးရထားလမ်းကြောင်းများ ချိတ်ဆက်မည့်အစီအစဉ်ကို မြန်မာအပါအ၀င် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံဝန်ကြီးများက ဗီယက်နမ်နိုင်ငံတွင် သဘောတူအတည်ပြုပေးမည်ဟု မျှော်လင့်ရကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) အရှေ့တောင်အာရှဌာနခွဲ ညွှန်ကြားရေးမှူးချုပ် ကွန်နီယိုဆန်ဂါက ပြောကြားသည်။

News 

စီးပွားရေးပြုပြင်မှုအတွက် မလေးရှားကို အိုင်အမ်အက်ဖ် တိုက်တွန်း

မလေးရှားနိုင်ငံတွင် ၀ိဝါဒ ကွဲပြားလျက်ရှိသော နှစ်ပေါင်း ၄၀ ကြာ မြင့်ပြီဖြစ်သည့် လူမျိုးအသားအရောင်အရ အနှိမ် ခံခြင်းကို ကျော်လွှားရေးမူ ၀ါဒ (affirmative action policy) ကို တိုးတက်ကောင်းမွန်ရန် စံပြအစီအစဉ် တစ်ရပ်အရ ပြုပြင်ပြောင်း လဲရေး လုပ်ငန်းများတွင် တိကျပြတ်သားစွာ အရေးယူဆောင်ရွက်ရန် မလေးရှားကို အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ (အိုင်အမ်အက်ဖ်) က လွန်ခဲ့သော သီတင်းပတ်က တိုက်တွန်းလိုက်သည်။

News 

ရန်ကုန်နှင့် မန္တလေးမြို့များတွင် အိမ်ခြံမြေ ဈေးကွက် ဆက်လက်ခိုင်မာမည်ဟုမျှော်မှန်း

ရန်ကုန်မြို့ရှိ စီးပွားရေးအချက် အချာကျသည့် မြို့လယ်ခြောက်မြို့နယ်တွင် ဧပြီလနောက်ပိုင်းမှ စတင်ခါ မြေဈေးနှုန်းများ မြင့်တက်လာသကဲ့သို့ မန္တလေးတွင်လည်း ယမန်နှစ်ကထက်စာလျှင် သွက်လာသည့် အိမ်ခြံမြေ
ဈေးကွက်သည် အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ နယ်စပ်နှင့် အိန္ဒိယနိုင်ငံနယ်စပ်မြို့များ၏ ကုန်စည် စီးဆင်းရာ အဓိကကျသည့်နေရာဖြစ်သောကြောင့် ဈေးကွက်ဆက်လက် ကောင်းမွန်နေဦးမည် ဖြစ်ကြောင်း ၀ါရင့်အိမ်ခြံမြေအကျိုးဆောင်များက မြန်မာတိုင်း(မ်) ကို ပြောကြားသည်။

News 

အိမ်ခြံမြေအကျိုးဆောင်မှတစ်ဆင့် ဘဏ်နေရာရှာဖွေမှု နည်းပါး

"ဘဏ်ဖွင့်မယ်ဆိုရင် အရေးအကြီး ဆုံးက စီးပွားရေးအကွက်အကွင်းကျတဲ့ နေရာဖြစ်ဖို့အရေးကြီးပါတယ်။ ဒုတိယ အနေနဲ့အရေးကြီး တာက သွားလာရေး၊ အကျယ်အ၀န်းနဲ့ ကားပါကင်ပါ။ ဒါက ၆၀ ရာခိုင်နှုန်းလောက်ကို အရေးကြီးပါတယ်။ တခြားစီးပွားရေး အဆောက် အအုံတွေထက် ဘဏ်မှာက ပိုလိုအပ်တယ်"

News 

ပိုင်ဆိုင်မှုအာမခံဖြင့် ၀င်ငွေအများဆုံးရရှိလာ

တစ်ဦးချင်း ပိုင်ဆိုင်သည့် အဆောက်အအုံများကို မီးအာမခံထားသည့် နှုန်းထားမှာ ယခုအချိန်ထိ ကျေနပ် ဖွယ်မရှိသေးကြောင်း သိရသည်။ "မီးအာမခံကိုကြည့်ရင် မြို့ပြနဲ့ နယ်တွေယှဉ်ရင် မြို့ပြမှာပဲ များနေလေ့ရှိတယ်။ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာ ပိုများတယ်။ စီးပွားရေးသမားတွေ အများဆုံးရှိနေတဲ့အတွက်ကြောင့်ပါ"

News 

စီးတီးမတ်၏ ၁၂ ခုမြောက်ဆိုင်ခွဲ ဒီဇင်ဘာတွင် ဖွင့်လှစ်မည်

ဗဟန်းမြို့နယ်၊ ဓမ္မစေတီလမ်းနှင့် ရွှေတောင်ကြားလမ်းထောင့်တွင် စီးတီးမတ်၏ ၁၂ ခုမြောက်ဆိုင်ခွဲကို ဒီဇင်ဘာလ၌ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။ နှစ်ထပ်ဆိုင်သစ်ကို စတုရန်းပေ ၃၈,၀၀၀ ကျော် ကျယ်ဝန်းသော မြေပေါ်တွင် တည်ဆောက်ထားပြီး အဆောက်အအုံနှစ်ထပ်ပေါင်း စတုရန်းပေ ၄၁,၀၀၀ ကျယ်ဝန်းမည်ဖြစ်သည်။

News 

ဈေးဝယ်စင်တာများအတွင်း ဒီဇိုင်းဆန်းသစ်ဖန်တီးမှုလိုအပ်

"အပြင်ဒီဇိုင်းကို အမြင်ဆန်းအောင်လုပ်ထားပြီး အထဲမှာ ပုံရောင်းနေလို့ မဖြစ်ဘူးလေ။ အတွင်းက ဆိုင်တွေရဲ့ အပြင်အဆင်ကလည်း အရေးကြီးတယ်။ နိုင်ငံတကာက ရှော့ပင်းစင်တာ ကြီးတွေရဲ့ အပြင်အဆင်ကို လေ့လာ သင့်တယ်"

News 

အာရှအိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှု 'ကန်'ဒေါ်လာ ၃၀ ဘီလျံရောက်ရှိ

"ဒီ(အာရှ)ဒေသက စီးပွားရေး နာလန်ထလာတာ ညီမျှမှုမရှိတဲ့အပြင် ရောင်းအားနဲ့ ၀ယ်အား မမျှတာတွေကြောင့် ၂၀၁၀ ပြည့်နှစ် ဒုတိယနှစ်ဝက်ထိ ဈေးကွက်လှုပ်ရှားမှု ကန့်သတ်မှုတွေ ဆက်ရှိနေဦးမှာပါ"ဟု စီဘီအာရ်အီး အာရှ သုတေသနအမှုဆောင် ဒါရိုက်တာ အင်ဒရူးနက်စ်က ပြောသည်။

News 

စပိန်အိမ်ရောင်းအား ပြန်လည်မြင့်တက်လာ

စပိန်နိုင်ငံရှိ အိမ်ရောင်းချမှုနှုန်းများသည် ဇွန်လတွင်ခြောက်လဆက်တိုက် မြင့်တက်လာသည်ဟု ဩဂုတ်လ ၁၀ ရက်နေ့ထုတ် တရားဝင်စာရင်းဇယားများတွင် ဖော်ပြထားသည်။ ယင်းသို့ ဈေးမြင့်လာမှုမှာ၂၀၀၈ အိမ်ခြံမြေ ကဏ္ဍပြိုလဲမှုကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေးအတွက် ကောင်းမွန်သည့် လက္ခဏာဖြစ်သည်။News

ပြည်ခိုင်ဖြိုးပါတီ တစ်နိုင်ငံလုံးတွင် ရုံးပေါင်း ၄၀၀ ကျော် ဖွင့်လှစ်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း လွှတ်တော်သုံးခုစလုံး တွင် ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြည်သူ့ လွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း ၄၅ ဦး၊ တိုင်းဒေသကြီးလွှတ် တော်အတွက် ၉၀ ဦး၊ အမျိုးသားလွှတ်တော်အတွက် ၁၂ ဦး အပါအ၀င် ရခိုင်နှင့်ကရင်တိုင်းရင်းသားရေးရာအမတ် နေရာအတွက် နှစ်ဦး ၀င်ရောက်အရွေးခံမည်ဟု ၎င်းက ပြောကြားသည်။

News

Local News

ဒီမိုကရက်တစ်ပါတီ သာယာဝတီရုံးခွဲဖွင့်

"ရွေးကောက်ပွဲနေ့ကျရင် ဘယ်ဟာကို လိုချင်လဲလို့ မေးရင် ဒီမိုကရေစီကိုလိုချင်ပါတယ်လို့ဖြေမှာပါ"လို့ သူက မိုးသံတွေကိုအန်တုပြီး ပြတ်ပြတ်သားသား ပြောပါတယ်။ "ဆိုလိုတာက တခြားလူတွေအတွက် အလုပ်လုပ်ပေးဖို့ ဖိနှိပ်မခံရတော့ဘူး။ အိမ်ကို ဧည့်သည်လာတည်းတာ ကို ခွင့်ပြုချက်တောင်းဖို့ မလိုတော့ဘူး" ဩဂုတ်လ ၁၈ ရက်နေ့မှာ ပါတီရဲ့ သာယာဝတီရုံးခွဲသစ် ဖွင့်ပွဲလာတက်တဲ့ လူတွေထဲက တချို့က အားတက်သရော ခေါင်းတွေညိတ်နေကြပြီး တချို့တလေလည်း ပါးစပ် အဟောင်းသားနဲ့။ .....

News

» သတင်းအပြည့်အစုံသို့..

ခရီးသွားရာသီ၌ ရွှေချည်ထိုးကားချပ်များ ရောင်းကောင်း

"ဩဂုတ်လမှာ မန္တလေးကို စပိန်လူမျိုးတွေ စ၀င်လာပါ တယ်။ စပိန်တွေက ရွှေချည်ထိုးကို ကြိုက်ကြတော့ စရောင်းရပါတယ်။ ဒီလမှာ ရန်ကုန်၊ ပုဂံစတဲ့ နိုင်ငံခြား သား ဧည့်သည် သွားရောက် လေ့ရှိတဲ့ ခရီးသွားဒေသ တွေကလည်း ရွှေချည်ထိုးလုပ်ငန်းက မန္တလေးမှာပဲ ထွန်းကားတာဆိုတော့ ပစ္စည်းလှမ်းမှာ ကြတယ်။ ဩဂုတ်လကနေ ဖေဖော်ဝါရီလအထိ နိုင်ငံခြာသား ဧည့်သည်တွေ ရောင်းရပါတယ်။ အောက်တိုဘာမှာ အရောင်းရဆုံးပါ။

News

Local News

မတ္တရာမြို့မြောက်ဘက် လမ်းအချို့၌ ရေနစ်မြုပ်ခဲ့

"နှစ်စဉ်နှစ်တိုင်း အခုလို ရေလှပ်ပေးနေကျပါ။ ရေလှပ်ပေးတဲ့ ပမာဏလည်း အတူတူပါပဲ။ ဒီနှစ်ကတော့ ဆည်က ရေလှပ်လိုက်တာရယ်၊ မန္တလေးနဲ့ ဆည်တော်ကြီးကြားက ချောင်းတွေကပါ ရေကျလာတာ ဆုံသွားလို့နည်းနည်းအခက်အခဲတွေ့သွားတာပါ။ လူ ၃,၀၀၀ လောက် ရွှေ့ပြောင်းရတယ်ဆိုတာလည်းမဟုတ်ပါဘူး။ အသေ အပျောက် လည်းမရှိပါဘူး"

News

» သတင်းအပြည့်အစုံသို့..

စိတ်ဝင်စားဖွယ် ဓလေ့ထုံးတမ်းတွေနဲ့ ဆက်စပ် နေတဲ့ ချင်းတိုင်းရင်းသားအထည်များ

"ချင်းတိုင်းရင်းသားတွေက တစ်ချိန်ချိန်မှာ သူတို့ဝိညာဉ် တွေပြန်ပေါင်း နိုင်မယ်လို့ ယုံကြည်ကြတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ" လို့ ချင်းတိုင်းရင်းသားတွေရဲ့ အ၀တ် အထည်နဲ့ ပတ်သက်တဲ့ ဓလေ့ထုံးတမ်း တစ်ခုကို ချင်း ပြည်နယ်၊ တီးတိန်မြို့၊ ဟုတ်လိုင်ရွာ ဇာတိဖြစ်သူ ချင်းအမျိုးသမီးကြီး ဒေါ်ခွန်းရွှေက ပြောပြပါတယ်။

News

Local News

အနုပညာရှင်တို့ရဲ့ ရွေးကောက်ပွဲအပေါ်စကားသံများ

" ပြည်သူပြည်သား အများမျှော်လင့်ထားတဲ့ အဆုံးအဖြတ်တစ်ခုက မကြာခင်အောင်အောင် မြင်မြင်ပြီးဆုံးမယ်လို့ သိရတဲ့အတွက် ၀မ်းသာပါ တယ်။ ဦးအနေနဲ့ကတော့ ပါတီစွဲပုဂ္ဂိုလ်စွဲမရှိပါဘူး။ အခုချိန်ထိဘယ်ပါတီကို မဲပေးရမလဲဆိုတာ စဉ်းစားနေတုန်းပါ။ မဆုံး ဖြတ်ရသေးပါဘူး။ အမှားအယွင်းမရှိအောင် သေသေချာချာစဉ်းစားပြီး ရွေးချယ်ထည့်မယ်။အသည်းကြားကမဲတစ်ပြားဖြစ်တဲ့ အတွက်ကြောင့် ထိထိရောက်ရောက် စွမ်းဆောင်နိုင်သူကိုသာ......

News

» သတင်းအပြည့်အစုံသို့..

မြန်မာ့လက်ဝှေ့မယ်နှစ်ဦး ဘာဘေးဒိုးရောက်ရှိ

မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်မှ အမျိုးသမီးလက်ဝှေ့ သမားနှစ်ဦးသည် စက်တင်ဘာ ၆ ရက်မှ ၁၉ရက်အထိ ဘာဘေးဒိုးကျွန်းနိုင်ငံတွင် ပြုလုပ်မည့် ခြောက်ကြိမ် မြောက် ကမ္ဘာ့အမျိုးသမီး လက်ဝှေ့ချန်ပီယံစိန်ခေါ်ပွဲသို့ ပထမဆုံးအကြိမ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

News

Local News

ဘင်နီတက်ဇ်အတွက် အင်တာရဲ့စိန်ခေါ်မှု

ဘင်နီတက်ဇ်သည် ဆုဖလားများနှင့် သူစိမ်းပြင်ပြင် တော့မဟုတ်။ သို့ပေမယ့်အင်တာမီလန်နည်းပြဖြစ် ပြီးနောက် ပထမဆုံး ရင်ဆိုင်ရမည့် ပြဿနာတစ်ခု ရှိသည်။ ပြီးခဲ့သောရာသီတွင် အင်တာမီလန် အတွက် ဖလားသုံးလုံးဆွတ်ခူးသွားပေးခဲ့သော နည်းပြဟောင်း မော်ရင်ဟို နှင့် နှိုင်းယှဉ်ခံရခြင်းဖြစ်သည်။

News

» သတင်းအပြည့်အစုံသို့..

ခေတ်ဗိုလ်ချုပ်ကြီးများ အဋ္ဌာရသ ၁၈ ရပ် တတ်ရန်လို

စစ်မြေပြင်ဆိုင်ရာနည်းဗျူဟာများ တစ်ဖက်ကမ်းခတ် တတ်မြောက်မှု နှင့်ခေါင်းဆောင်ကောင်းတစ်ဦး၏ အတတ်ကို နောကျေခြင်းတို့သည် မရှိမဖြစ် လိုအပ်သော အရည်အချင်းများဖြစ်ကြောင်း ၎င်းတို့ကပြောကြား သည်။

News
Local News

အာဖဂန်စစ်ဖိုင်တွဲများ ဆက်ထုတ်သွားမည်ဟု ၀ီကီလိခ်ပိုင်ရှင် ပြောကြား

သတင်းပေါက်ကြားမှုများကို ဖော်ပြသည့် Wikileaks ၀က်ဘ် ဆိုက်သည် အာဖဂန်စစ်နှင့် ပတ်သက်သည့် အမေရိကန်စစ်ဘက်ဖိုင်တွဲများကို အမေရိကန် အစိုးရက မထုတ်လွှင့်ရန် တောင်းဆို သည့်ကြားက နောက်ဆုံးအသုတ်ကို ထုတ်လွှင့်ရန် အစီအစဉ်ရှိကြောင်း ဤ ၀က်ဘ်ဆိုက်ထူထောင်သူ ဂျူလီယံအက်ဆန်းက ဩဂုတ်လ ၁၂ ရက်၌ အလေးအနက်ပြောဆိုခဲ့သည်။

News

» သတင်းအပြည့်အစုံသို့..

ပါကစ္စတန်ရေဘေး ကလေးခြောက်သန်း ဒုက္ခ ရောက်နေ

ပါကစ္စတန်ရေလွှမ်းမိုးမှုဘေးကြောင့် ကလေးငယ် ခြောက်သန်းဘေးဒုက္ခရောက်ကြသည်။ ပါကစ္စတန်နိုင်ငံ တွင် အဆိုးရွားဆုံးသော သဘာဝ ဘေးအန္တရာယ်များ အနက် တစ်ခုဖြစ်သည့် ဤ ရေလွှမ်းမိုးမှုတွင် ကလေး သူငယ်များသည် ပျောက်ဆုံးနေရ၊ မိဘမဲ့ ဖြစ်ကြရ၊ ၀မ်းပျက် ၀မ်းလျှောရောဂါ ဖြစ်နေကြသည်။

News