
ပင်လုံအိမ်ရာဝင်းထဲက မြေယာရှုခင်း စိတ်ကြိုက် ဖန်တီးနိုင်မယ့် နှစ်ထပ်အိမ်
ခြံအကျယ်က စတုရန်းပေ ၁၉,၀၀၀ နီးပါး(ပေ ၉၈ x ပေ ၁၉၀)တောင်ရှိတဲ့ အတွက် ခြံ ကို ကိုယ့်စိတ်ကြိုက်မြေယာ ရှုခင်း ဒီဇိုင်းလေးပြင်ဆင်လို့ ရနေပါပြီ။ ခြံရဲ့အရှေ့ဘက်မှာ မြက်ခင်းပြင် ကျယ်နဲ့ ပန်းခြံလေးရှိပြီး ကားမောင်းဝင်ဖို့ ကွန်ကရစ်လမ်းက စက်ဝိုင်းခြမ်းပုံ သဏ္ဌာန် ကွေ့ဝိုက်ထားပါတယ်။ ညာ ဘက်မှာ သစ်ခွပန်းရုံငယ်လေးရှိသလို ဘယ်ဘက်မှာ တော့ နားနေဆောင်နဲ့ ငါးကန်တစ်ကန်ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ပင်လုံအိမ်ရာဝင်းထဲက မြေယာရှုခင်း စိတ်ကြိုက်ဖန်တီးနိုင်မယ့် နှစ်ထပ်အိမ်
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၁)

တည်နေရာ - ဒဂုံမြို့သစ်မြောက်ပိုင်း။
ဈေးနှုန်း-ကျပ်သိန်း ၁,၇၀၀ (အရောင်း)။
ဆက်သွယ်ရန် - (မြ) ပန်းသခင် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း။
ဖုန်း - ၂၂၉ ၆၄၈၊ ၀၉၅ ၁၄၈ ၈၆၈။
ကိုယ့်ရဲ့ ၀င်းခြံကျယ်ထဲမှာပဲ သစ်ပင်လေးတွေကို တစ်နေ့တစ်မျိုး ပြုပြင်ရင်း အေးအေးချမ်းချမ်းနေလိုသူတွေ အတွက် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ထဲက ပင်လုံအိမ်ရာဝင်းထဲမှာ ခြံကျယ်ကျယ်နဲ့ အိမ်တစ်လုံးရှိပါတယ်။
ဒီအိမ်ရာဝင်းထဲကိုရောက်ဖို့ ငမိုးရိပ် တံတားကိုဖြတ်ကျော်ပြီး အမှတ်(၂)
လမ်းမကြီးကနေကွေ့ဝင် သွားရပါမယ်။
မြို့ထဲကနေ ၄၅ မိနစ်လောက်မောင်းရပြီး ပြည်ထောင်စုတံတားကနေ
သီးသန့်ဝင်ရတဲ့ အနေအထားမျိုးဖြစ်တဲ့အတွက် ကိုယ့်ကားနဲ့ကိုယ် ဆိုရင်တော့ ပိုပြီး အဆင်ပြေမှာပါ။
ဒါပေမယ့် အထပ်မြင့်တိုက်မရှိသလောက် ရှားပါးတဲ့မြို့သစ်ထဲမှာဖြစ်တာ ကြောင့် လေကောင်းလေသန့်နဲ့ အသက်ရှူချောင်မယ့် နေရာလေးဖြစ် နေတာတော့ အမှန်ပါပဲ။
ခြံအကျယ်က စတုရန်းပေ ၁၉,၀၀၀ နီးပါး(ပေ ၉၈ x ပေ ၁၉၀)တောင်ရှိတဲ့ အတွက် ခြံကို ကိုယ့်စိတ်ကြိုက်မြေယာ ရှုခင်း ဒီဇိုင်းလေးပြင်ဆင်လို့ရနေပါပြီ။
ခြံရဲ့အရှေ့ဘက်မှာ မြက်ခင်းပြင်ကျယ်နဲ့ ပန်းခြံလေးရှိပြီး ကားမောင်းဝင်ဖို့ ကွန်ကရစ်လမ်းက စက်ဝိုင်းခြမ်းပုံ သဏ္ဌာန် ကွေ့ဝိုက် ထားပါတယ်။
ညာဘက်မှာ သစ်ခွပန်းရုံငယ်လေးရှိသလို ဘယ်ဘက်မှာတော့ နားနေဆောင်နဲ့ ငါးကန်တစ်ကန်ရှိပါတယ်။
အဖြူရောင်နှစ်ထပ်အိမ်ရဲ့ ဒီဇိုင်းက ဆင်ဝင်ကို နေရာများများပေးထားပြီး အချို့နေရာတွေကို အလှဆင်ကျောက်ပြားတွေနဲ့ ဖြည့်စွက်ထားပါတယ်။
ကားနှစ်စီးဆံ့ကား ဂိုထောင်က လည်းအိမ်နဲ့ တွဲလျက်ပါ။
အိမ်အကျယ်က တစ်ထပ်ကို စတုရန်း ပေ ၅,၆၅၀ (ပေ ၈၀ x ၈၂ ပေ) ကျယ်ပြီး အိပ်ခန်းငါးခန်းပါဝင်ပါတယ်။
အောက်ထပ်မှာ သီးသန့်ဖွဲ့စည်းထားတဲ့ ဧည့်ခန်းကျယ် တစ်ခန်း၊ ထမင်းစားခန်းနဲ့ အိပ်ခန်းနှစ်ခန်းရှိပါတယ်။
အပေါ်ထပ်မှာ စတွေ့ရမှာကဘုရား ခန်းကျယ်ပါ။ နောက်ပြီး ရေချိုးကန် အိမ်သာ တွဲဖက်ပြီးသုံးရမယ့် တစ်ယောက်အိပ်ခန်းတစ်ခန်း၊ နှစ်ယောက်အိပ်ခန်းတစ်ခန်းနဲ့ ရေချိုးကန်ပါဝင်တဲ့ အိပ်ခန်းကျယ်တစ်ခန်း၊ အားလုံးပေါင်း သုံးခန်းရှိပါတယ်။
အပေါ်ထပ်တစ်ထပ်လုံးရဲ့ သုံးပုံတစ်ပုံကျော်လောက်ဟာ ၀ရန်တာအတွက်ကိုနေရာပေးထားပါတယ်။
နှစ်ထပ်စလုံးကိုပါကေးခင်းပြီး နံရံကပ်စက္ကူအရောင်နုနုလေးတွေ ကပ်ထားတဲ့ အိမ်သက်တမ်းဟာ နှစ်နှစ်ဝန်းကျင်လောက်တော့ ရှိပါပြီ။ အိမ်ရဲ့
အတွင်း၊ အပြင်တချို့နံရံတွေနဲ့ ခြံဝင်းကျယ်ထဲကတချို့နေရာလေးတွေကို ပြင်ဆင်မှုအနည်းငယ် လုပ်လိုက်မယ်
ဆိုရင်တော့ ပြီးပြည့်စုံတဲ့အိမ်လေးဖြစ်သွားမှာပါ။
အဲကွန်းခြောက်လုံး ပါရှိပြီး မီတာနှစ်လိုင်းတပ်ဆင်ထားပါတယ်။
ဂျိုးဖြူနဲ့ အ၀ီစိတွင်းရေ နှစ်မျိုးစလုံး သုံးစွဲနိုင်ပါတယ်။