
ပင်လုံအိမ်ရာဝင်းထဲက မြေယာရှုခင်း စိတ်ကြိုက် ဖန်တီးနိုင်မယ့် နှစ်ထပ်အိမ်
ခြံအကျယ်က စတုရန်းပေ ၁၉,၀၀၀ နီးပါး(ပေ ၉၈ x ပေ ၁၉၀)တောင်ရှိတဲ့ အတွက် ခြံ ကို ကိုယ့်စိတ်ကြိုက်မြေယာ ရှုခင်း ဒီဇိုင်းလေးပြင်ဆင်လို့ ရနေပါပြီ။ ခြံရဲ့အရှေ့ဘက်မှာ မြက်ခင်းပြင် ကျယ်နဲ့ ပန်းခြံလေးရှိပြီး ကားမောင်းဝင်ဖို့ ကွန်ကရစ်လမ်းက စက်ဝိုင်းခြမ်းပုံ သဏ္ဌာန် ကွေ့ဝိုက်ထားပါတယ်။ ညာ ဘက်မှာ သစ်ခွပန်းရုံငယ်လေးရှိသလို ဘယ်ဘက်မှာ တော့ နားနေဆောင်နဲ့ ငါးကန်တစ်ကန်ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
စပိန်အိမ်ရောင်းအား ပြန်လည်မြင့်တက်လာ
(အေအက်ဖ်ပီ)
ဇော်ဝင်း ဘာသာပြန်သည်။
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၁)
စပိန်နိုင်ငံရှိ အိမ်ရောင်းချမှုနှုန်းများသည် ဇွန်လတွင်ခြောက်လဆက်တိုက် မြင့်တက်လာသည်ဟု ဩဂုတ်လ ၁၀ ရက်နေ့ထုတ် တရားဝင်စာရင်းဇယားများတွင် ဖော်ပြထားသည်။
ယင်းသို့ ဈေးမြင့်လာမှုမှာ၂၀၀၈ အိမ်ခြံမြေ ကဏ္ဍပြိုလဲမှုကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေးအတွက် ကောင်းမွန်သည့်
လက္ခဏာဖြစ်သည်။
ဇွန်လရောင်းအားမှာ နှစ်အလိုက် မြင့်တက်မှု ခုနစ်ရာခိုင်နှုန်းရှိခဲ့ပြီး မေလ ထက် အနည်းငယ်လျော့သည်ဟု အမျိုးသား စာရင်းအင်း ဌာနက ပြောသည်။
ယခုနှစ် ပထမခြောက်လအတွင်း ရောင်းအားမှာ ၂၀၀၉ ခုနှစ်ပထမ ခြောက်လနှင့်ယှဉ်လျှင် ၁၀ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက် လာသည်။
ဇန်န၀ါရီလ အိမ်အရောင်းမြင့်လာမှုသည် သုံးနှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ခဲ့
သည်။
အိမ်ခြံမြေကဏ္ဍ ပြိုလဲမှုသည် ဥရောပ၏ ပဉ္စမစီးပွားရေးအင်အားကြီး စပိန် နိုင်ငံ၏ စီးပွားရေးကိုထိုးနှက်ခဲ့ကာ ၂၀၀၈ ခုနှစ်တွင် ငွေကြေးအကျပ် အတည်းဖြစ်စေခဲ့ပြီး အလုပ်လက်မဲ့နှုန်း ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်သွားစေခဲ့သည်။
ယခုနှစ် ပထမလေးလပတ်အတွင်း၌ သုည ဒသမ ၁ ရာခိုင်နှုန်း တိုးတက်မှု ပြန်ပြလာခဲ့ပြီး ဒုတိယလေးလပတ်အတွင်း သုည ဒသမ ၂ ရာခိုင်နှုန်း စီးပွားရေး တိုးတက်လာနိုင်သည်ဟု စပိန်ဘဏ်က ခန့်မှန်းထားခဲ့သည်။