
ပင်လုံအိမ်ရာဝင်းထဲက မြေယာရှုခင်း စိတ်ကြိုက် ဖန်တီးနိုင်မယ့် နှစ်ထပ်အိမ်
ခြံအကျယ်က စတုရန်းပေ ၁၉,၀၀၀ နီးပါး(ပေ ၉၈ x ပေ ၁၉၀)တောင်ရှိတဲ့ အတွက် ခြံ ကို ကိုယ့်စိတ်ကြိုက်မြေယာ ရှုခင်း ဒီဇိုင်းလေးပြင်ဆင်လို့ ရနေပါပြီ။ ခြံရဲ့အရှေ့ဘက်မှာ မြက်ခင်းပြင် ကျယ်နဲ့ ပန်းခြံလေးရှိပြီး ကားမောင်းဝင်ဖို့ ကွန်ကရစ်လမ်းက စက်ဝိုင်းခြမ်းပုံ သဏ္ဌာန် ကွေ့ဝိုက်ထားပါတယ်။ ညာ ဘက်မှာ သစ်ခွပန်းရုံငယ်လေးရှိသလို ဘယ်ဘက်မှာ တော့ နားနေဆောင်နဲ့ ငါးကန်တစ်ကန်ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ဈေးဝယ်စင်တာများအတွင်း ဒီဇိုင်းဆန်းသစ်ဖန်တီးမှုလိုအပ်
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၁)

ရန်ကင်းစင်တာအတွင်းရှိ ဖက်ရှင်ဆိုင်တစ်ဆိုင်၏ အပြင်အဆင်ကို လွန်ခဲ့သည့် သီတင်းပတ်က တွေ့မြင်ရစဉ်။
ဓာတ်ပုံ - ဆိုင်းမိုင်
ဈေးဝယ်စင်တာတစ်ခု၏ လူထုအတွင်း နာမည်ရလာမှုတွင် ပြင်ပဒီဇိုင်း
အမြင် ဆန်းသစ်နေမှုအပြင်အတွင်းဆိုင်ခန်းများ၏ တီထွင်ဖန်တီးမှုသည်
များစွာ အရေးပါကြောင်း ဈေးဝယ်စင်တာ တာဝန်ခံများက ဆိုသည်။
မြန်မာနိုင်ငံ၏ မြို့ကြီးများတွင် ယခုနှစ်များအတွင်း အပြိုင်အဆိုင် ပေါ် ပေါက်လာသည့် ဈေးဝယ်စင်တာကြီး များသည် နိုင်ငံတကာ စံချိန်မီ အဆင်အပြင်နှင့် ဈေးဝယ်သူများကို ဆွဲဆောင်နိုင်ရန် ကြိုးပမ်းလာကြရာ အပြင်ပိုင်းခေတ်မီနေရုံနှင့်မပြီးဘဲ အတွင်းဒီဇိုင်း၏ စနစ်ကျနမှုသည် ရောင်းအားကိုလည်း တစ်နည်းတစ်ဖုံ မြင့်တက်စေကြောင်း သိရသည်။
"အပြင်ဒီဇိုင်းကို အမြင်ဆန်းအောင်လုပ်ထားပြီး အထဲမှာ ပုံရောင်းနေလို့ မဖြစ်ဘူးလေ။ အတွင်းက ဆိုင်တွေရဲ့ အပြင်အဆင်ကလည်း အရေးကြီး တယ်။ နိုင်ငံတကာက ရှော့ပင်းစင်တာ ကြီးတွေရဲ့ အပြင်အဆင်ကို လေ့လာ သင့်တယ်"ဟု ရှော့ပင်းစင်တာများ၏ ဒီဇိုင်းလေ့လာလျက်ရှိသည့် ဒီဇိုင်းပညာရှင်ဦးမြင့်မောင်ကျော်ကဆိုသည်။
ဈေးဝယ်သူများ၏ ကနဦးအမြင် တွင် ဆွဲဆောင်မှုရှိမှသာ အတွင်းသို့ ၀င်ရောက်လေ့လာကြမည်ဖြစ်သော်လည်း အတွင်းဒီဇိုင်း အပြင်အဆင်ကြောင့်လည်း ဈေးဝယ်သူများ၏ စိတ်တွင် ပိုမိုနှစ်သက်လာနိုင်ကြောင်း သိရသည်။
"အတွင်းဆိုင်ခန်းတွေက ကျပ်ညပ် မနေဖို့ လိုသလို အပြင်အဆင်ကောင်းမှလည်း ၀ယ်သူကို ဆွဲဆောင်နိုင်မှာပါ။ အခုရတနာပုံ စူပါစင်တာမှာ ဆိုင်ခန်း ပိုင်ရှင်တွေကို သူတို့နှစ်သက်ရာ ဒီဇိုင်း လုပ်ခွင့်ပေးထားပေမယ့် စင်တာရဲ့ ချမှတ်ထားတဲ့ ဘောင်အတွင်း ကတော့ လုပ်ဖို့ ပြောထားတယ်"ဟု မြန်မာနိုင်ငံ တွင် အကြီးဆုံးဖြစ်လာမည့် ရတနာပုံ စူပါစင်တာနှင့် ဒိုင်းမွန်းပလာဇာ ရှော့ပင်း စင်တာ၏ စီမံကိန်းမန်နေဂျာ ဦးစိန်ဝင်းက ပြောသည်။
ဆိုင်အခင်းအကျင်းသည် ရောင်းချမည့် ပစ္စည်းနှင့် လိုက်ဖက်ညီသည့် အပြင်အဆင်ရှိရမည့်အပြင် ၀ယ်ယူချင်လာအောင် ဆွဲဆောင်နိုင်သည့် အနေအထားရှိမှသာ အခြားစင်တာများထက် အောင်မြင်မှုလည်း ပိုရနိုင်မည်ဖြစ်သည်။
"အထဲကဒီဇိုင်းကို လုပ်တဲ့နေရာမှာ လည်း အဖွင့်ဒီဇိုင်းလား၊ အပိတ် ဒီဇိုင်း လုပ်ထားတာလားဆိုတာလည်း ရှိသေးတယ်"ဟု ဦးစိန်ဝင်းကပြောသည်။
"ဒီဇိုင်းကောင်းပြီး ဖန်တီးနိုင်မှုရှိမှ လည်း ၀ယ်သူကို ပိုပြီးဆွဲဆောင်နိုင်မယ်။ ဒီဇိုင်းလုပ်တဲ့ နေရာမှာလည်း လူမျိုးတွေရဲ့ အစွဲ ဆိုတာ လည်း ရှိတယ်။ တချို့ကတော့ အရမ်းကြီးကြီးကျယ် ကျယ်လုပ်ထားရင် အရမ်းဈေးကြီးမှာပဲ ဆိုတဲ့ အတွေးတွေရှိတတ်တယ်။ တချို့ ကျတော့လည်း ဒီလိုနေရာမျိုးကို ရောက်ဖူးတယ်ဆိုတဲ့ အမှတ်တရ ရှိအောင်လာတာမျိုးရှိတယ်။ ဒီနိုင်ငံမှာတော့ အရမ်းလည်း ကြီးကျယ်လွန်းတာ မျိုးမဟုတ်ဘဲ သင့်တင့်မျှတပြီး ဈေးဝယ် လို့လည်းကောင်းမယ့် အနေအထားမျိုး ဖွဲ့စည်းသင့်တယ်"ဟု တော်ဝင်
မိသားစု ဆောက်လုပ်ရေးမှ ဥက္ကဋ္ဌ ဦးကိုကိုထွေးက ပြောသည်။