Now! Fashion Forward

ပင်လုံအိမ်ရာဝင်းထဲက မြေယာရှုခင်း စိတ်ကြိုက် ဖန်တီးနိုင်မယ့် နှစ်ထပ်အိမ်

ခြံအကျယ်က စတုရန်းပေ ၁၉,၀၀၀ နီးပါး(ပေ ၉၈ x ပေ ၁၉၀)တောင်ရှိတဲ့ အတွက် ခြံ ကို ကိုယ့်စိတ်ကြိုက်မြေယာ ရှုခင်း ဒီဇိုင်းလေးပြင်ဆင်လို့ ရနေပါပြီ။ ခြံရဲ့အရှေ့ဘက်မှာ မြက်ခင်းပြင် ကျယ်နဲ့ ပန်းခြံလေးရှိပြီး ကားမောင်းဝင်ဖို့ ကွန်ကရစ်လမ်းက စက်ဝိုင်းခြမ်းပုံ သဏ္ဌာန် ကွေ့ဝိုက်ထားပါတယ်။ ညာ ဘက်မှာ သစ်ခွပန်းရုံငယ်လေးရှိသလို ဘယ်ဘက်မှာ တော့ နားနေဆောင်နဲ့ ငါးကန်တစ်ကန်ရှိပါတယ်။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ထိုင်းနိုင်ငံမှ တင်သွင်း သည့်ဘက်ထရီများ ဈေးနှုန်းပြောင်းလဲနိုင်

ဟန်ဦးခင်
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၁)

ထိုင်းနိုင်ငံလုပ် ဘက်ထရီဈေးနှုန်းများ သယ်ယူစရိတ်ပေါ်မူတည်၍ ဈေးမြင့် လာနိုင်ကြောင်း ဘက်ထရီအရောင်း ဈေးကွက်မှ သိရသည်။

ယခုအခါ ဘက်ထရီများ တင်သွင်း သယ်ဆောင်ရာတွင် ကုန်းလမ်းအစား ရေလမ်းခရီးကို ပြောင်းလဲအသုံးပြု နေရခြင်းကြောင့် သယ်ယူပို့ဆောင် စရိတ် ယခင်ထက်ပိုများပြီး အချိန် လည်း ပိုကြာလာကြောင်း ဟိန်း ဘက်ထရီရောင်းဝယ်ရေးမှ ဦးဆန်းဌေး က ပြောသည်။

"ပစ္စည်းလက်ကျန်တွေ ရှိနေသေးတော့ ဈေးနှုန်းအပြောင်းအလဲ မရှိသေးပေမယ့် အခုတစ်ခေါက် ရောက်လာမယ့် ဘက်ထရီတွေ ကတော့ ဈေးပြောင်းနိုင်တယ်။ ကျပ် ၅,၀၀၀ ကနေ ကျပ် ၁၀,၀၀၀ လောက် ဈေးတက်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်က ဘက်ထရီတွေက ကုန်းလမ်းကနေလာတာဆိုတော့ ဒီနေ့ပို့ရင် မနက်ဖြန်ဆို ပစ္စည်းရောက်ပြီ။ ရေလမ်းကျတော့ ပစ္စည်းရောက်ဖို့ တစ်ပတ်လောက်ကြာတယ်။ သယ်ယူပို့ဆောင်ခကလည်း ရေလမ်းက ပိုများတယ်"ဟု ၎င်းက ပြောကြားသည်။

ထိုင်း-မြန်မာနယ်စပ်၌ အဓိက ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်သည့် မြ၀တီ-မဲဆောက် ကုန်သွယ်ရေးဇုန်ဂိတ်ကို ဇူလိုင်လ လယ်ပိုင်းက ပိတ် လိုက်ခြင်းကြောင့် ဖြစ်သည်။

ထိုင်းနိုင်ငံလုပ် ၁၅၀ အမ်ပီယာနှင့် ၁၂၀ အမ်ပီယာ ဘက်ဘရီအိုးများကို အသုံးများကြောင်း ကျော်ဘက်ထရီ ရောင်းဝယ်ရေးမှ ကိုအောင်ကျော်လွင် က ပြောသည်။

"မှာထားတဲ့ ပစ္စည်းတွေလည်း မရောက်သေးတော့ အရင်ဈေးအတိုင်း ပဲထိန်းပြီး ရောင်းနေရတယ်။ ဒါပေမယ့် ဒီလက်ကျန်ပစ္စည်းတွေ ကုန်သွားရင် တော့ နောက်ရောက်မယ့်ပစ္စည်းတွေ က ဈေးတက်လိမ့်မယ်။ ၁၅၀ အမ်ပီယာ ဘက်ထရီတစ်အိုးကို ကျပ် ၁၂၀,၀၀၀ ရောင်းနေရာကနေ ကျပ် ၁၃၀,၀၀၀ လောက် ဖြစ်သွားနိုင်တယ်"ဟု ၎င်းက ပြောသည်။