
ပင်လုံအိမ်ရာဝင်းထဲက မြေယာရှုခင်း စိတ်ကြိုက် ဖန်တီးနိုင်မယ့် နှစ်ထပ်အိမ်
ခြံအကျယ်က စတုရန်းပေ ၁၉,၀၀၀ နီးပါး(ပေ ၉၈ x ပေ ၁၉၀)တောင်ရှိတဲ့ အတွက် ခြံ ကို ကိုယ့်စိတ်ကြိုက်မြေယာ ရှုခင်း ဒီဇိုင်းလေးပြင်ဆင်လို့ ရနေပါပြီ။ ခြံရဲ့အရှေ့ဘက်မှာ မြက်ခင်းပြင် ကျယ်နဲ့ ပန်းခြံလေးရှိပြီး ကားမောင်းဝင်ဖို့ ကွန်ကရစ်လမ်းက စက်ဝိုင်းခြမ်းပုံ သဏ္ဌာန် ကွေ့ဝိုက်ထားပါတယ်။ ညာ ဘက်မှာ သစ်ခွပန်းရုံငယ်လေးရှိသလို ဘယ်ဘက်မှာ တော့ နားနေဆောင်နဲ့ ငါးကန်တစ်ကန်ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ကားဈေး ၃၀ ရာခိုင်နှုန်း ကျဆင်းပြီး ဈေးကွက်အေး
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၁)
ရန်ကုန်နှင့် မန္တလေးမြို့ရှိ ကားရောင်း ၀ယ်ရေးအခြေအနေမှာ ယခုအခါ အရောင်းအ၀ယ်အေးနေပြီး ဈေးနှုန်းမှာလည်း ၃၀ ရာခိုင် နှုန်းခန့် လျော့ကျလျက်ရှိကြောင်း ကားဝယ်ရောင်း လုပ်ကိုင်သူများက ပြောသည်။
ရန်ကုန်နှင့် မန္တလေးမြို့များရှိ လိုင်စင် မဲ့မော်တော်ယာဉ်များအား ကာလ ပေါက်ဈေးအပေါ် ၈၅ ရာခိုင်နှုန်း အခွန် စည်းကြပ်ပြီး တရားဝင် ယာဉ်မှတ်ပုံတင် နံပါတ်များ နိုင်ငံတော်က ထုတ်ပေးလျက်ရှိရာ ယင်းအကျိုးဆက်ကြောင့် ယခုကဲ့သို့ အခြေအနေ ဖြစ်ပေါ်ခြင်း ဖြစ်နိုင်ကြောင်း ၎င်းတို့က ပြောသည်။
"ကားအရောင်းအ၀ယ်က တော်တော် ကို အေးသွားတယ်။ အရင်က ကျပ် သိန်းတစ်ထောင်လောက်တန်တဲ့ လင့်ရိုဗာ ၉၇ မော်ဒယ်ကို အခု ကျပ်သိန်း ခုနစ်ရာနဲ့ ချရောင်းတာတောင် ၀ယ်မယ့်သူမရှိဘူး ဖြစ်နေတယ်" ဟု ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကားဝယ်ရောင်း ဦးအောင်သန်းက ပြောသည်။
မန္တလေးမြို့ရှိ ကားရောင်းဝယ်ရေး အခြေအနေမှာလည်း ရန်ကုန်ကား ဈေးကွက်နည်းတူ အရောင်းအ၀ယ် အေးနေပြီး ဈေးနှုန်းမှာ လျော့ကျမှုရှိနေကြောင်း မန္တလေး ကားဝယ်ရောင်း လုပ်ကိုင်သူ ဦးသန့်စင်က ပြောသည်။
"ဒီမှာလည်း ကားဈေးတွေက ကျသွားတာတောင် အရောင်းအ၀ယ်က သိပ်မရှိဘူးဖြစ်နေတယ်။ ဘာလို့လဲ ဆိုတော့ အားလုံးက လိုင်စင်မဲ့ကားတွေအပေါ်မှာပဲ စိတ်ဝင်စားမှုက များနေတာလေ။ အရင်က ကျပ်သိန်း ၂၂၀ တန်တဲ့ စူပါဆလွန်း ၉၀ မော်ဒယ် က အခု ကျပ်သိန်း ၁၇၀ နဲ့ ရောင်းတာတောင် ၀ယ်မယ့်သူက သိပ်မရှိဘူး" ဟု ၎င်းက ပြောသည်။