
ပင်လုံအိမ်ရာဝင်းထဲက မြေယာရှုခင်း စိတ်ကြိုက် ဖန်တီးနိုင်မယ့် နှစ်ထပ်အိမ်
ခြံအကျယ်က စတုရန်းပေ ၁၉,၀၀၀ နီးပါး(ပေ ၉၈ x ပေ ၁၉၀)တောင်ရှိတဲ့ အတွက် ခြံ ကို ကိုယ့်စိတ်ကြိုက်မြေယာ ရှုခင်း ဒီဇိုင်းလေးပြင်ဆင်လို့ ရနေပါပြီ။ ခြံရဲ့အရှေ့ဘက်မှာ မြက်ခင်းပြင် ကျယ်နဲ့ ပန်းခြံလေးရှိပြီး ကားမောင်းဝင်ဖို့ ကွန်ကရစ်လမ်းက စက်ဝိုင်းခြမ်းပုံ သဏ္ဌာန် ကွေ့ဝိုက်ထားပါတယ်။ ညာ ဘက်မှာ သစ်ခွပန်းရုံငယ်လေးရှိသလို ဘယ်ဘက်မှာ တော့ နားနေဆောင်နဲ့ ငါးကန်တစ်ကန်ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
တင်သွင်းကုန်နည်းလာ၍ ဂျုံဈေးမြင့်
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၁)

ပြည်တွင်းဂျုံစက်ရုံ လုပ်ငန်းခွင်တစ်နေရာကို တွေ့ရစဉ်။
ဓာတ်ပုံ-လွင်မောင်မောင်
စားသောက်ကုန်ပစ္စည်း တစ်မျိုးဖြစ်သည့် ဂျုံမှာ ပြည်ပမှတင်သွင်းမှု နည်း သွားခြင်းကြောင့် ပြည်တွင်းဈေးလည်း လိုက်ပါမြင့်တက်ခြင်း ဖြစ်ကြောင်း ရန်ကုန်နှင့် မန္တလေးမြို့များရှိ ဂျုံစက်များမှ တာဝန်ရှိ သူများက ပြောသည်။
ဂျုံစိုက်ပျိုးမှုနှင့် တင်ပို့မှု အဓိကပြု လုပ်သော နိုင်ငံတစ်နိုင်ငံဖြစ်သည့် ရုရှား တွင် တောမီးလောင်မှုကြောင့် ဂျုံတင်ပို့မှု ကို ဒီဇင်ဘာလအထိ ရပ်ဆိုင်းလိုက်သဖြင့် ကမ္ဘာ့ဂျုံဈေးမှာ ၇၀ ရာခိုင်နှုန်း အထိ မြင့်တက်ခဲ့ ကြောင်း ရန်ကုန်ရှိ နာမည်ကြီးဂျုံစက်တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ဂျုံဈေးနှုန်းမှာ ကမ္ဘာ့ဈေးကွက်၌ မြင့် တက်နေသော်လည်း မြန်မာပြည်အနေဖြင့် ဆန်ကို အဓိကစားသုံးပြီး ဂျုံကို တွဲဖက်စားသုံးခြင်းကြောင့် ဆန်နှင့်ချိန်ကာ များစွာဈေးတက်၍မရကြောင်း ၎င်းက ပြောသည်။
"မြန်မာပြည်မှာတော့ ဈေးနှုန်းဆိုတာ ဈေးကွက်ပေါ်မှာပဲ မူတည်နေတယ်။ သူက ဒုတိယစားကုန် ဖြစ်နေတာကိုး။ ဂျုံဈေးတက်ရင် ဆန်ပြောင်းစားကြမှာပေါ့။ ဒါကြောင့် ဂျုံစက်ကြီးတွေအနေနဲ့ ပြင်ပကုန်ကြမ်းရရှိမှုနဲ့ ပြည်တွင်းရောင်း ဈေးကိုက်မကိုက် အတော် ချိန်ဆနေ ကြရပါတယ်"ဟု ၎င်းက ပြောသည်။
ပြည်တွင်းဂျုံစက်ကြီးအများစုမှာ ဂျုံကို ဩစတြေးလျမှ အများဆုံးမှာယူပြီး တရုတ်၊ အိန္ဒိယ၊ ရုရှား စသော နိုင်ငံများမှလည်း တင်သွင်းကြသည်။
ဂျုံကို မြန်မာပြည်တွင် ရွှေဘို၊ မုံရွာ အစရှိသော မြန်မာပြည်အထက်ပိုင်း ဒေသများမှ ဂျုံစေ့ အမျိုးအစားကောင်းများ ထွက်သော်လည်း မုံရွာ၊ မန္တလေး စသောနယ်များမှ ဂျုံစက်များအတွက်သာ သုံးစွဲမှုလုံလောက်ပြီး မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ဂျုံစက်များ၏ ၀ယ်လို အားကို ပြည့်မီအောင် မဖြည့်ဆည်းပေးနိုင်သေးကြောင်းသိရသည်။
ဈေးနှုန်းမှာ ဩဂုတ်လဆန်းအထိ ကီလိုဂရမ် ၄၀ အလေးချိန်ရှိ ဂျုံမှုန့် တစ်အိတ်လျှင် ကျပ် ၂၆,၀၀၀ မှ ကျပ် ၂၆,၄၀၀ အတွင်း ရှိခဲ့ သောဂျုံမှုန့်မှာ ယခု သီတင်းပတ်မှစ၍ ကျပ် ၂၇,၀၀၀ နှင့် အထက်သို့ တက်သွားခဲ့ကြောင်း၊ ယခုအခါ ရောင်းလိုအားလျော့နည်း နေမည်ဖြစ်သောကြောင့် လာမည့် လများတွင် ယခုဈေးထက် ဆက်လက် မြင့်တက်ရန် အလားအလာရှိကြောင်း သိမ်းညီနောင် ဂျုံစက်မှ တာဝန်ရှိသူ တစ်ဦးက သုံးသပ်ပြောကြားသည်။
လွန်ခဲ့သောနှစ်လက ကုန်အနည်း အများကိုလိုက်၍ ကျပ်၂၈,၀၀၀ အထိ မြင့်တက်ခဲ့ရာမှ ယခုဈေးသို့ ပြန်ကျ လာခြင်းဖြစ်ကြောင်း၊ အရည်အသွေး ကောင်းသော အညာဒေသထွက် ဂျုံမှာ သုံးတင်း တစ်အိတ်လျှင် ကျပ် ၄၀,၀၀၀ မှ ၄၅,၀၀၀ သို့ ရောက်ရှိသွားပြီး အရည် အသွေးနိမ့် ရှမ်းဂျုံမှာ ကျပ် ၃၂,၀၀၀ မှ ၃၇,၅၀၀ သို့ မြင့်တက်ခဲ့ကြောင်း ဂျုံ မှုန့်ရောင်းဝယ်သူတစ်ဦးက ပြော ကြားသည်။
မန္တလေးဂျုံဝယ်လိုအားမှာမူ တရုတ် မှ အများဆုံးဖြစ်ပြီး ယခုအခါတရုတ်မှ ဂျုံမှုန့် တင်ပို့မှု ရပ်ဆိုင်းသွားခြင်းကြောင့် ပြည်တွင်းဈေးပါ လိုက်တက်ခြင်းဖြစ်ကြောင်း မန္တလေး မြင့်မြင့်ခင်ဂျုံစက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၂၀၀၀-၀၁ စာရင်းအရ တစ်နိုင်ငံလုံး အထွက် တန်ချိန် ၁၀၀,၀၀၀ မျှ ရှိသော်လည်း အရည်အသွေးနှင့် ထုတ်လုပ်နိုင် မှုပမာဏအရ ဂျုံစက်ကြီးများအတွက် မလုံလောက်သေးကြောင်း၊ ပြည်တွင်း ဂျုံလိုအပ်ချက်မှာ တန်ချိန် နှစ်သိန်းခန့် ရှိကြောင်း သိရသည်။
ဂျုံထွက်စားသောက်ကုန်များ အဓိက ဖြန့်ဖြူးရောင်းချသော ပြည်တွင်းဂျုံစက်ကြီးများမှာ တစ်နေ့လျှင် ဂျုံမှုန့် တန် ၃၀၀ မှ ၆၀၀ အထိသုံးစွဲပြီး တစ်နှစ်လျှင် တန်ချိန် ၁၀၀,၀၀၀ ကျော်မှ ၂၀၀,၀၀၀ ကျော်အထိ သုံးစွဲမှုရှိသည်။
၂၀၀၉-၁၀ ဘဏ္ဍာနှစ်၌ ပြည်ပမှ ကျပ် ၁ ဒသမ ၈ သန်းကျော်တန်ဖိုးရှိ ဂျုံများ တင်သွင်းခဲ့ကြောင်း ဗဟိုစာရင်း အင်းအဖွဲ့မှ ထုတ်ပြန်သောစာရင်း၌ ဖော်ပြထားသည်။