
မလိခအိမ်ရာဝင်းထဲက ရိုးရှင်းတဲ့ ဒီဇိုင်းနဲ့ လေးထောင့်ဆန်ဆန် လုံးချင်းအိမ်သစ်
အကျယ် စတုရန်းပေ ၃,၁၅၀ (ပေ ၉၀x၃၅ ပေ)ရှိတဲ့ ခြံ မျက် နှာစာကို ကျောက်ပြားခင်းပြီး အပင်ငယ်လေးတွေနဲ့ ဂရုတ စိုက်အလှဆင် ပြုပြင်ထားပါ တယ်။ ကားဂိုဒေါင်က အိမ်နဲ့ တွဲလျက်ရှိတဲ့အပြင် ခြံ ထဲမှာလည်း ကားတစ်စီးရပ်စရာ နေရာရှိပါတယ်။
မြေ၀ါနုရောင်သုတ်ထားတဲ့ အိမ်ရဲ့ အပြင်ဘက်ဒီဇိုင်းက ရိုးရှင်းပြီး အနည်းငယ် လေးထောင့်ဆန်သလိုလိုပါ။ အပေါ်ထပ်မှာ ၀ရန်တာငယ်နှစ်ခုနဲ့ ကျွန်းဘောင်ကွပ် ထားတဲ့ ပြတင်းပေါက်တွေ ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
စားသောက်ကုန်ပစ္စည်းအချို့ ဈေးနှုန်းပြောင်းလဲ
ဩဂုတ်လဆန်းပိုင်း၌ ဖြစ်ပေါ်သော ဈေးများကို ဇူလိုင်လနှင့်ယှဉ်ပါက ဆန်ချောနှင့် သကြားမှာ ဈေးတက်လာပြီး ကြက်သွန်နီနှင့် အာလူးတို့မှာ အကျဘက်သို့ ရောက်သွားသည်။ ကြက်သွန်ဖြူနှင့် စားသုံးဆီများမှာမူ ဈေးတည် ငြိမ်နေခဲ့ကြောင်း ဘုရင့်နောင် ပွဲရုံဝင်းမှ အရောင်းအ၀ယ်လုပ်ကိုင်သူများက ပြောသည်။
ထုပ်ပိုးမှုအသစ်ကြောင့် ပြည်ပပို့သစ်သီး ဈေးကောင်းရရှိ
ယခုနှစ် သရက်သီးထွက်ရာသီ၌ မန္တလေးတွင် လေပြင်းတိုက်သည့် ရာသီဥတုအခြေအနေကြောင့် သရက်သီး များမှာ ယမန်နှစ်ကထက် သုံးပုံ တစ်ပုံမျှ ထွက်နှုန်းလျော့နည်းခဲ့သော်လည်း ပိုမိုတင်ပို့နိုင်ခဲ့သည်။ "ဒီနှစ်က အထွက်နည်းပေမယ့် ဟိုဘက်က ထွက်သလောက်ဝယ်တယ်။ အဓိကက ကိုယ့်မှာ သူတို့ဝယ်သလောက် ရောင်းနိုင်အောင် စိုက်ဖို့ ရာသီဥတုအခြေအနေ မပေးတာပဲ"
ငါးရှဥ့်များ ကန်ပိုက်တီးမှ တင်ပို့ခွင့်ရရန် ကြိုးပမ်း
မန္တလေးမှ ငါးရှဥ့်များကို ကန်ပိုက်တီးမှတစ်ဆင့် တရုတ်ပြည်သို့ တင်ပို့ခွင့်ကို မန္တလေး ငါးရှဥ့်လုပ်ငန်းရှင်များအသင်းက တောင်းခံရာ မြန်မာနိုင်ငံ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ၀န်ကြီးထံ တင်ပြထားပြီးဖြစ်ကြောင်း ငါးလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်ကိုလေးက ပြောသည်။
စွန့်ပစ်ပလတ်စတစ်များမှ သစ်သားတု အောက်တိုဘာလ စတင်ထုတ်လုပ်မည်
ပြည်တွင်းပလတ်စတစ်လုပ်ငန်းရှင်များ၏ ကော်စေ့(အမျိုးမျိုး) တင်သွင်းမှုနှုန်းမှာ တစ်နှစ်လျှင်တန်ချိန် တစ်သောင်းခန့်ရှိကြောင်း၊ ပြန်လည်အသုံးပြု Recycle ကော်စေ့ထုတ်လုပ်နိုင်ပါက တစ်မျိုးတည်းလျှင်ပင် ပြည်တွင်းမှ ကော်စေ့ တင်သွင်းမှုနှုန်းကို တစ်ဖက် တစ်လမ်းမှ ၃၀ ရာခိုင်နှုန်းခန့် လျော့ကျသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
ရွှေဈေးကွက်ကို တရုတ်က လွတ်လပ်စွာလုပ်ခွင့်ပေး
ရွှေချောင်းကုန်သွယ်ရေးအတွက် တရုတ်အစိုးရက နိုင်ငံပိုင် ဘဏ်ကြီး လေးဘဏ်ဖြစ်သော တရုတ်ဘဏ်၊ တရုတ်စက်မှုနှင့် စီးပွား ရေးဘဏ်၊ စိုက်ပျိုးရေးဘဏ်နှင့် ဆောက်လုပ်ရေးဘဏ်တို့ကို ခွင့်ပြုပေးခဲ့သည်။ သို့ရာတွင် အခြားဘဏ်များကိုလည်း ရွှေကုန် သွယ်မှုအတွက် ခွင့်ပြုပေးခြင်း ရှိမရှိကိုမူ ရှင်းရှင်းလင်းလင်း မဖော်ပြထားပေ။
မလေးရှား ပို့ကုန်လုပ်ငန်း မြင့်တက်
ယခုနှစ်အတွက် မလေးရှားစီးပွားရေးကို ၅ ဒသမ ၅ ရာခိုင်နှုန်းတိုးရန်ခန့်မှန်းထားသော်လည်း ၀န်ကြီးချုပ် နာဂျစ်ရာဇတ်က စီးပွားရေး ဖွံ့ဖြိုးကြီးထွားမှုအတွက် ဒေါ်လာ ၆၉ ဘီလျံ ရှိ ဖွံ့ဖြိုးမှုစီမံကိန်းကို ထုတ်ဖော်ပြောကြား၍ ၎င်းက ယခုနှစ်အတွက် မလေးရှား စီးပွားရေးကို ၆ ဒသမ သုည ရာခိုင်နှုန်း ရရှိမည်ဟု မျှော်မှန်းထားကြောင်း ပြောကြားသည်။
အင်ဒိုနီးရှား၏ ကားရောင်းဝယ်မှု စံချိန်တင်
"၀ယ်လိုအားနဲ့ အမီလိုက်နိုင်ဖို့အတွက် ၂၀၀၉ ခုနှစ် နှောင်းပိုင်းနဲ့ ၂၀၁၀ ပြည့် အစောပိုင်းက အင်ဒိုနီးရှားမှာရှိတဲ့ ကားတံဆိပ်အမျိုးမျိုး ထုတ်လုပ်သူ အားလုံးက ကားစီးရေပိုထုတ်ဖို့ ကြိုး ပမ်းခဲ့ကြပါတယ်။ ဒေသတွင်း နိုင်ငံတွေ နဲ့ယှဉ်ရင် ကားအရောင်းစံချိန်မှာ ကျွန်တော်တို့က ထိပ်ဆုံးမှာရှိနေပါတယ်"ဟု အင်ဒိုနီးရှားစက်မှုဝန်ကြီးဌာနမှ ဘူဒီဒါမဒီက ပြောကြားသည်။
TA TA ကားကုမ္ပဏီ၏ ဥက္ကဋ္ဌရာထူး အား ဆက်ခံမည့်သူကို စိတ်ဝင်စား
အိန္ဒိယ သတင်းစာတွေကတော့ ပြင်သစ်စီးပွား ရေးကျောင်းတစ်ခုမှ အမ်ဘီအေဘွဲ့ ယူထားသော နိုဝယ်တာတာ၏ ရာထူး မြင့်မား လာမှုသည် အစုကုမ္ပဏီကြီးတစ်ခုလုံး၏ ဥက္ကဋ္ဌရာထူးကို ဦးတည်နေသည်ဟု ရေးသားကြသည်။ ၎င်း၏ တိုးတက်မှုလမ်းကြောင်းသည် အစုကုမ္ပဏီကြီးတစ်ခုလုံးကို တာဝန်ယူရန်ပဲဖြစ်သည်ဟု နာမည်ကြီး ဒီအင်န်အေမွမ်ဘိုင်း နေ့စဉ်သတင်းစာက ရေးသားဖော်ပြသည်။
မိုးကာလ အိမ်တွင်းအလှဆင် လုပ်ငန်းများ အမြတ်နည်းနည်းဖြင့်သာ လည်ပတ်နေ
လုပ်ငန်းပါးတတ်သော မိုးရာသီအိမ်တွင်းအလှဆင်ဈေးကွက်အတွက် ယခုနှစ်တွင် ကြော်ငြာစရိတ် ပိုမိုသုံးစွဲလာရကြောင်း သရီးဖရန့် ဆောက်လုပ်ရေးနှင့် အိမ်ဆောက်ပစ္စည်းရောင်း ၀ယ်ရေးလုပ်ငန်းမှ ဒါရိုက်တာဦးကိုကိုလေးကပြောသည်။ "ဒီနှစ်အိမ်တွင်း အလှဆင် လုပ်ငန်းက မနှစ်ကထက် ပိုအေးတယ်။ လုပ်ငန်းရရှိမှုအနေနဲ့ လျော့မသွားပေမယ့် အဲဒီအတွက် ကြော်ငြာ ပိုသုံးရတာ၊ ဈေးလျှော့ ပေးတာမျိုးတွေ ပိုလုပ်လာရတဲ့အတွက် ကုန်ကျစရိတ်ပိုင်းမှာ ပိုတက်လာတယ်"
ရတနာပုံမြို့သစ်တွင် ကုမ္ပဏီလေးခု စတင်လည်ပတ်
မန္တလေး-ပြင်ဦးလွင် ကားလမ်းပေါ်တွင် တည်ရှိပြီး မန္တလေးမှ ၂၇မိုင်ခန့် နှင့် ပြင်ဦးလွင်မှ ၁၃ မိုင်ခန့်ဝေးသည့် နေရာတွင် အကောင်အထည်ဖော် လျက်ရှိသည့် ရတနာပုံမြို့သစ်စီမံကိန်းကို ဧကစုစုပေါင်း တစ်သောင်း အထိ ဖော်သွားရန် ရည်ရွယ်ထားကာ လက်ရှိတွင် ၈,၀၁၅ ဧကကို မြေတိုင်းပြီးစီးပြီး ဖြစ်သည်။ အဆိုပါစီမံကိန်းတွင် ဆော့ဖ်ဝဲလုပ်ငန်းများအတွက် ဧက ၂,၂၀၀၊ ဟာ့ဒ်ဝဲ လုပ်ငန်းများအတွက် ဧက ၂,၂၀၀ အပြင် အရံစီမံကိန်း အဖြစ် ၂,၀၀၆ ဧကကို ဖော်ထုတ်ရန်သတ်မှတ်ထားသည်။
ယူအေအီး ဆောက်လုပ်ရေး ကုမ္ပဏီ အမြတ် ငွေ ကျဆင်း
အိမ်ခြံမြေကဏ္ဍတွင် အရောင်းအ၀ယ် အေးနေသည့်အတွက် ယင်းကဏ္ဍမှ အမြတ်ငွေသည် ယခင်နှစ်များနှင့် ယှဉ်လျှင် ယခုနှစ် ဒုတိယသုံးလပတ်တွင် ၄၀ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း အာရပ်စော်ဘွားများပြည်ထောင်စုမှ ဆောက်လုပ်ရေးလုပ်ငန်းကြီးတစ်ခု ဖြစ်သည့် Arabtec ဆောက်လုပ်ရေးလုပ်ငန်းကပြီးခဲ့သည့် သီတင်းပတ်တွင် ပြောကြားခဲ့သည်။
ဇွန်လမှစ၍ စက်မှုဇုန်မြေကွက်များ အ၀ယ်လိုက်လာ
"လတ်တလောရင်းနှီးမြှုပ်နှံဖို့ ၀ယ်ကြတာပါ။ ဇွန်လလောက်ကစပြီး လှိုင်သာယာမှာ မြေတစ်ဧကခွဲ၊ နှစ်ဧက အကျယ် စက်ရုံပါပြီးသား သိန်း ငါးထောင်တန်မြေကွက်တွေ အ၀ယ်လိုက်တယ်။ လုပ်ငန်းပေါင်းစုံသုံးလို့ ရတဲ့ စက်ရုံမျိုးတွေပိုကြိုက်ကြတယ်"ဟု မဟာအကျိုးဆောင်မှ ဈေးကွက် မန်နေဂျာဦးသူရက ပြောသည်။
တော်ဝင် တန်ဖိုးနည်းအိမ်ရာစီမံကိန်းသစ် ယခုနှစ်ကုန်စတင်ရန် ပြင်ဆင်
တည်ဆောက်ရန် လျာထားသည့်စီမံကိန်းအရ ငါးထပ်မှရှစ်ထပ်အမြင့်ရှိသည့် တိုက်ခန်းရေ ၄၀ မှ ၉၆ ခန်းထိ ပါဝင်သော တိုက်ခန်းတွဲ အလုံးပေါင်း ၂၀ တည်ဆောက်မည်ဖြစ်ကာ ဆေးခန်း၊ ဆေးရုံ၊ နေ့ကလေးထိန်း ကျောင်း၊ စာသင်ကျောင်း၊ ဈေးစသည်တို့ ပါဝင်မည် ဖြစ်သည်။ တိုက်ခန်းရေ စုစုပေါင်း အများဆုံး နှစ်ထောင်ခန့် အထိ ပါဝင်မည်ဖြစ်ကာ တစ်ခန်းလျှင် စတုရန်းပေ ၂၅၀ မှ ၆၅၀ ကြား ဖွဲ့စည်းရန် ရည်ရွယ်ထားပြီး တိုက်ခန်း ရောင်းဈေးကို ကျပ်သိန်း ၂၀ မှ ကျပ်သိန်းတစ်ရာဝန်းကျင်အတွင်း ရောင်းချရန်စီစဉ်မည်ဖြစ်သည်။
နယူးဒေလီ အားကစားကွင်း လက်ရာ မီဒီယာများဝေဖန်
အားကစားပွဲအတွက် ကစားကွင်းနဲ့ အဆောက်အအုံတွေ ဆောက်လုပ်ရာမှာ အရည်အသွေးညံ့တဲ့ ပစ္စည်းတွေကို သုံးထားပြီး မရိုးသားတဲ့ ကန်ထရိုက်တာတွေကို သုံးထားတာ အပါအ၀င် ပြဿနာတွေ တစ်ပုံတစ်ပင်ကြီးတွေ့ ခဲ့တယ်လို့ အိန္ဒိယအကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးအဖွဲ့က ပြီးခဲ့တဲ့တစ်ပတ်မှာ အစီရင်ခံတင်ပြခဲ့ပါတယ်။
အခွန်ကြောင့် ဂရိအိမ်ရာများ ဈေးလျော့ကျလာ
ကမ်းခြေပါတီတွေကြောင့် လူသိများလှတဲ့ အေဂျီယံပင်လယ်ထဲက ကျွန်းတစ်ကျွန်းဖြစ်တဲ့ မိုင်ကိုနိုကျွန်းက အိမ်တစ်လုံးရဲ့ဈေးနှုန်းဟာ အေသင် အခြေစိုက်ပွဲစားတွေရဲ့ ကမ်းလှမ်းဈေးက ယူရိုငွေနှစ်သန်းပါ။ ဒါ ယူရို ငါးသိန်း လျှော့ပြီးပေးထားတာပါ။ ကော်ဖူကျွန်းက အိပ်ခန်းသုံးခန်းပါ အိမ်တစ်လုံးကိုလည်း အရင်က ယူရို ၁ ဒသမ ၄ သန်း ကနေ အခု ယူရိုခုနစ်သိန်းခွဲနဲ့ ရောင်းချနေပါပြီ။
ဧရာဝတီဘဏ်သစ် နေပြည်တော်၌ စတင်ဖွင့်
မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ လမ်းညွှန်ချက်များဖြင့် မက်စ်မြန်မာ ကုမ္ပဏီအုပ်စုက ဘဏ်များကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မော်လမြိုင်၊ မြိတ်၊ တောင်ငူ၊ မုံရွာ၊ ပခုက္ကူ၊ ဟင်္သာတ၊ မြောင်းမြနဲ့ ပုသိမ်တို့တွင် ဖွင့် လှစ်သွားမည်ဖြစ်ကြောင်း၊ အကြွေးဝယ် ကတ်စနစ်ကို လည်း အကောင်အထည်ဖော်နိုင်ရန် ကြိုးစားလျက် ရှိကြောင်း ....
ဆိုမာလီယာဓားပြများလက်မှ လွတ်မြောက်လာသော သင်္ဘောသားများ ပြန်လည်ရောက်ရှိ
"အဲဒီ မတ်လ ၅ ရက်နေ့က မနက် ၈ နာရီလောက် မှာ ဂျင်နရယ်အလန်းမြည်လို့ ထွက်ကြည့်တဲ့အချိန် မှာ ပင်လယ်ဓားပြတွေမှန်းသိတာဖြစ်ပါတယ်။ သူတို့ သင်္ဘောပေါ် တက်လာပြီးတော့ ကပ္ပတိန်ဘယ်သူလဲ လို့ မေးတယ်။ ရှေ့ထွက်လာခိုင်းတယ်။ ပြီးတော့ .....
- ရုပ်ရှင်ဇာတ်ကားတစ်ကား ရိုက်ကူးမှုအပေါ် နုနုရည်(အင်းဝ) ကန့်ကွက်လျှောက်ထား
- အင်းစိန်၌ မီးလောင်မှုဖြစ်၊ လိုင်းခန်းနှင့် ကျူးကျော်တဲ ၂၀ ခန့် မီးလောင်
- ပြည်ထောင်စုဒီမိုကရေစီပါတီဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်း ပါတီမှနုတ်ထွက်၊ ဥက္ကဋ္ဌသစ်ရွေးချယ်
- အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ လာမည့် သီတင်းပတ်၌ စည်းရုံးရေးဆင်းမည်
ရွှေဟင်္သာ သမ၀ါယမအသင်းလီမိတက်က ကျောက်မျက်ရတနာအရောင်းပြခန်းဖွင့်လှစ်မည်
"ကျောက်မျက်ရတနာအရောင်းပြခန်းကိုဖွင့်လှစ်ဖြစ်တာ က ရွှေဟင်္သာ သမ၀ါယမ အသင်းရဲ့ လုပ်ဆောင်သွား မယ့် လုပ်ငန်းစဉ်တွေထဲက လုပ်ငန်းတစ်ခုကိုအကောင် အထည်ဖော်ဆောင်ရွက်တာပါ။ နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိအောင် တစ်ဖက်တစ်လမ်းက ပါဝင် ဆောင်ရွက်နိုင်မှာဖြစ်တဲ့အပြင် အသင်းအတွက်လည်း နိုင်ငံခြားဝင်ငွေရရှိလာပြီး ၀င်ငွေတိုးတက်လာမှာဖြစ်ပါ တယ်။ နိုင်ငံတကာစီးပွားရေး ဈေးကွက်မှာ ရွှေဟင်္သာ မိသားစုဝင်တွေဝင်ရောက် ပူးပေါင်းလုပ်ဆောင်နိုင်မယ့် အခွင့်အရေးတွေလည်းရရှိလာမှာပါ"![]()
မြန်မာ့သတ်ပုံကျမ်းနှင့်အညီ ရေးဆွဲထားသည့် စံမြန်မာ ကွန်ပျူတာစနစ် စတင်မိတ်ဆက်
"၂၀၀၄ ကတည်းက မြန်မာစာရဲ့ ဖွဲ့စည်းပုံတွေကို လေ့လာခဲ့ပါတယ်။ မြန်မာ့သတ်ပုံ၊ ဗျည်း သရ ဖွဲ့စည်းပုံတွေကိုပါ။ ဒိပြင်နီးစပ်ရာ မြန်မာစာပေ ပညာရှင်များ၊ ၀ါသနာရှင်များနဲ့ အမြင် ဖလှယ်ပြီး ခေတ်ပေါ် ဗန်းစကားတွေရဲ့ စာလုံးတည်ဆောက်မှုတွေကို လေ့လာ ခဲ့ပါတယ်။ ၂၀၀၆ခုနှစ်မှာMyanmar Character Mapလို့ခေါ်တဲ့စာလုံး များဖွဲ့စည်း ပုံဇယားကွက်ကို အကြမ်းဖျင်း ထုတ်ခဲ့ပါတယ်။
- မန်းကုန်စည်ဒိုင်သို့ မူဆယ် ပဲပြောင်းနှမ်းဒိုင် လာရောက်လေ့လာ
- ပြည်ပပို့ ပဲဈေးများကျဆင်း
- တောင်အင်းမြောက်အင်းတွင် အမှိုက်မီးရှို့စက် တည်ဆောက်မည်
- ၀ယ်လိုအား ပုံမှန်ဖြစ်လာသော်လည်း နှမ်းမျိုးစုံဈေးနှုန်းများ ကျဆင်းလျက်ရှိ
- ရန်ကုန်-မန္တလေးအမြန်လမ်းမှ မြို့ဝင်လမ်း ဖောက်လုပ်မှု အောက်တိုဘာ၌ ပြီးစီးမည်
လမ်းပေါ်မှာ အသက်မွေးဝမ်းကျောင်းပြုကြတဲ့ သူတို့ဘဝ
"ခုချိန်မှာတော့ ၀င်ငွေကောင်းဖို့မပြောနဲ့။ အသွားအပြန် ခရီးစရိတ်တောင် မနည်းကျစ်ထားရတာ။ နေ့လယ်စာ၊ ညစာဆိုတာ ဝေးဝေးမှာထားတယ်" ဒါပေမယ့် သူအရင် က လုပ်ခဲ့တဲ့ ဇီးထုပ်ထုပ်တဲ့အလုပ်နဲ့ယှဉ်ရင် ခုလို ပို့စကတ်ရောင်းတဲ့အလုပ်က အများကြီး ၀င်ငွေသာတယ် ဆိုပဲ။ "ကျွန်မယောက်ျားက စစ်သားဆိုတော့ အဝေးမှာ နေရတာများတယ်။ဒါပေမယ့် ကျွန်မစိတ်ဓာတ်မကျပါ ဘူး။ သမီးလေးအတွက် ပိုက်ဆံရှာရမယ်"
သူတို့ရင်ထဲက ထူးအိမ်သင်
သူ့အသံကအနွေးဓာတ်ပါနေတာ။ အသက် ၂၃နှစ် မှာ 'နာရီပေါ်မှ မျက်ရည်စက်များ' အခွေထွက်လာ တော့ မြန်မာ့ခေတ်ပေါ်ဂီတအခင်းအကျင်းတစ်ခု လုံးကို ပြောင်းသွားစေခဲ့တယ်။ 'အမေ့အိမ်'၊ 'သက်ငြိမ်' ၊ 'ရာဇ၀င်များရဲ့သတို့သမီး' ကနေ 'မဟာဝီရ.. အိုဗုဒ္ဓ'အထိ သူ့ရဲ့နာမည်အကျော်ဆုံး သီချင်းတွေပါ။ တေးရေး မြင့်မိုးအောင်၊ ရွှေဂျော် ဂျော်၊ မောင်မောင်ဇော်လတ်၊ အယ်ဖြူတို့ ရဲ့သီချင်းတွေကိုလည်း သူဆိုခဲ့ တယ်။
- ပျံသန်းနေဆဲငှက် (သို့မဟုတ်) ထူးအိမ်သင်
- ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့တဲ့ Acoustic HipHop Show
- တစ်ကိုယ်တော်ခွေအတွက် အကအဖွဲ့ သစ်တွေကို ဖိတ်ခေါ်တဲ့ ကာကာ
- ပန်းချီဆရာ ကိုးယောက်ရဲ့ 'NINE'
ဒိုင်းရခြင်းထက် မန်ယူအခြေအနေ ပြလိုက်တဲ့ ဖာဂူဆန်
ကွန်မြူနတီဒိုင်းနှင့် အောင်ပွဲခံနေသော မန်ယူမန်နေဂျာ ဖာဂူဆန်။ ထိုပွဲတွင် မန်ယူက ဗလင်စီယာ၊ ဟာနန်ဒက်စ် နှင့် ဘာဘာတော့ဗ် တို့၏ သွင်းဂိုးများဖြင့် ချယ်လ်ဆီးကို ၃-၁ ဖြင့် အနိုင်ရခဲ့သည်။ ချယ်လ်ဆီးအတွက် ချေပဂိုးကို ကာလူးက သွင်းယူခဲ့သည်။
ဘာစီလိုနာ ကြုံလာနိုင်တဲ့ ကြုံနေရတဲ့ အခက်အခဲများ
ဩဂုတ် ၈ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့၊ အိုလံပစ်အားကစားကွင်းတွင် ကစားသော ခြေစမ်း ပွဲ၌ ဥရောပချန်ပီယံ ဘာစီလိုနာမှ ဂိုမက်ဇ်ဆိုလာ (ယာ)နှင့် တရုတ်စူပါလိဂ်ချန်ပီယံ ပေကျင်းကျိုအန် အသင်းမှ မာတီနက်(၀ဲ)တို့ ဘောလုံးယှဉ်လုကြစဉ်။ ဘာစီလိုနာက ၃-၀ ဖြင့် နိုင်ခဲ့သည်။
- ဘွန်ဒက်စ်လီဂါအသင်းတွေရဲ့ ရာသီသစ် ပြင်ဆင်မှုများ
- ဘွန်ဒက်စ်လီဂါ အကောင်းဆုံးဆု နယ်သာလန်မှ ရော်ဘင်ရရှိ
- လာခြင်းကောင်းသော မြောက်ပိုင်းရဲ့ ထာဝရဧည့်သည်
- ဗီလာမန်နေဂျာအိုနေးလ် ရုတ်တရက်နုတ်ထွက်
ဩဂုတ်လ ၃ ရက်က ၀ါရှင်တန်ဒီစီမြို့တော်ရှိ အိမ်ဖြူ တော် အရှေ့ခန်းမဆောင်တွင် အမေရိကန်သမ္မတ အိုဘားမားနှင့် အာဖရိကတိုက်နိုင်ငံပေါင်း ၄၀ ကျော်မှ လူငယ်ခေါင်းဆောင် ၁၁၄ ဦးတို့ တွေ့ဆုံ မေးမြန်းခန်း ပြုလုပ်နေစဉ်။ အာဖရိကတိုက်မှခေါင်းဆောင်ငယ်တို့ သည် 'ကန်'နိုင်ငံမှ ၎င်းတို့နှင့်အဆင့်တူပုဂ္ဂိုလ်များနှင့် အစိုးရအရာရှိများကိုတွေ့ဆုံရန် လာရောက်ခြင်းဖြစ် ကြောင်း သိရသည်။
ဓာတ်ပုံ-အေအက်ဖ်ပီ
အဓိကမဟာမိတ် ပုန်ကန်ဆန့်ကျင်၍ အီတလီ ၀န်ကြီးချုပ် ဆီလ်ဗီယိုဘာလူစကိုနီ အကျပ်ရိုက်နေ
လပေါင်းများစွာမပြေမလည်ဖြစ်ခဲ့ကြပြီး နောက် ဇူလိုင်လ ၂၉ ရက်နေ့တွင် ၀န်ကြီးချုပ် ဘာလူ စကိုနီက ဖီနီကို ပါလီမန် ဥက္ကဋ္ဌနေရာမှ ထွက်ပေး ရန် တောင်းဆိုခဲ့ရာဖီနီကလက်မခံဘဲ ငြင်းဆန် ခဲ့သည်။လွှတ်တော် အမတ် ၃၀ လောက်ကလည်း ဖီနီဘက်ကလိုက်ပါ ကြပြီး ၎င်းနှင့်ပေါင်းစည်းရန် အရိပ်အယောင်ပြခဲ့ကြသည်။
- အဆင့်ဆင့်ပေါက်ကွဲစေသော စစ်လက်နက်များ ပိတ်ပင်သည့် သဘောတူစာချုပ် စတင်လှုပ်ရှား
- 'ကန်'နှင့် ကိုလံဘီယာပေါင်း၍ ကြံစည်နေဟု ဗင်နီဇွဲလားစွပ်စွဲ
- မွမ်ဘိုင်းတွင် အ၀တ်လျှော်နေကြသည့် ဒိုဘီများအတွက် နေရာရှိနေဆဲ

ဩဂုတ်လ ၂ ရက်နေ့က တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ရဲများက တရားမ၀င်စွန့်ပစ်ဆီဟု အမည်ပေးထားသည့် ဟင်းချက်ဆီထုတ်လုပ်မှုကို ထိရောက်စွာအရေးယူရန် စစ်ဆေးမှုများပြုလုပ်နေစဉ်။တရုတ်နိုင်ငံ၏ ဟင်းချက်ဆီ ၁၀ ပုံ ၁ ပုံသည် တရားမ၀င်နည်းလမ်းဖြင့် ထုတ်လုပ် ထားသည့်အတွက် ကင်ဆာရောဂါဖြစ်နိုင်သည်ဟုအစိုးရ အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ရေးအဖွဲ့က စိုးရိမ် လျက်ရှိသည့်အတွက် အစားအသောက်ဝန်ဆောင်မှုပေး သည့် အဖွဲ့များကို ပိုမိုတင်းကျပ်စွာစစ်ဆေးရန် အမိန့် ပေးထားခဲ့သည်။ မီးဖိုချောင်သုံး စွန့်ပစ်ပစ္စည်းများမှ တစ်ဆင့် စွန့်ပစ်ဆီထုတ်လုပ်သူများကို အရေးယူမည် ဟုလည်း သတိပေးခဲ့သည်။
ဓာတ်ပုံ-အေအက်ဖ်ပီ



