Now! Fashion Forward

ခြောက်မိုင်ခွဲက ဆိတ်ငြိမ်တဲ့အိမ်ကလေး

ခံအကျယ်အ၀န်းစတုရန်းပေ ၆,၃၀၀ (ပေ ၇၀ x ပေ ၉၀) လောက် ခန့်မှန်း ခြေရှိပြီး မျက်နှာစာဘက်က အတော် လေး ကျယ်ကျယ်ဝန်းဝန်းရှိ ပါတယ်။ မြေမျက်နှာပြင်ကို ကွန်ကရစ်ခင်းထားပေမယ့် ခြံထဲမှာ အရိပ်ရသစ်ပင်ကြီး တချို့နဲ့ အလှပန်းပင် တချို့လည်း ရှိပါတယ်။ အဖြူရောင်နှစ်ထပ်တိုက်ရဲ့ ပုံစံက နှစ်ဖက်အလေးချိန်မျှနေတဲ့ ခေါက်ချိုးညီပုံစံ မျိုးပါ။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ပြည်တွင်းပုံနှိပ်လုပ်ငန်း ၇၅ ရာခိုင်နှုန်းကျော် ပြည်ပမှ တင်သွင်းသည့်စက္ကူများအပေါ် မှီခိုနေရ

"ပြည်တွင်းမှာ စက္ကူထုတ်လုပ်တဲ့ စက်ရုံက ခြောက်ရုံလောက်ပဲ ရှိပါတယ်။ ဒါပေမယ့် အဲဒီပုဂ္ဂလိကစက်ရုံတွေက သုံးပြီးသားစက္ကူတွေကို ပြန်လည်ကြိတ်ခွဲသန့်စင်ပြီး ပြုလုပ်တဲ့စက္ကူမျိုးတွေပဲ ဖြစ်တဲ့အတွက် ဈေးကွက်လိုအပ် ချက်အတွက် လိုအပ်တဲ့စက္ကူအများဆုံးကို ပြည်ပကနေ နှစ်စဉ်တင်သွင်းနေရပါတယ်"

News 

ရာသီဥတုပြောင်းလဲလာမှု ငါးလုပ်ငန်းကိုထိခိုက်မည် မွေးမြူသူများ ပြင်ဆင်သင့်

မိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်က "ဒီနှစ် လာနီညာရာသီဥတု ဖြစ်ဖို့ ၆၅ ရာခိုင်နှုန်း သေချာနေပြီ။ သူ့ရဲ့ ပမာဏကို မသိရ သေးပေမယ့် အောက်တိုဘာနဲ့ ဒီဇင်ဘာမှာ မိုးကောင်းမယ်။ မြစ်ရေကြီးမယ်၊ မုန်တိုင်းဖြစ်နိုင်တယ်"ဟု ယခုလ ၁၇ ရက်နေ့၌ မြန်မာ နိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တွင် ကျင်းပသော ရာသီဥတုဆိုင်ရာ ဟောပြောပွဲတွင် ခန့်မှန်းသွားချက်ကို ကိုးကား၍ ၎င်းက ပြောခြင်း ဖြစ်သည်။

News 

ဇုန်ထုတ်ကားများ အရောင်းအ၀ယ်အေး

လိုက်ထရပ် (တောင်းအေ့စ်ပစ်ကပ်) တစ်စီး၏တန်ဖိုးမှာ ယခုနှစ်အတွင်း မော်ဒယ်လ်အလိုက် ကျပ်သိန်း ၁၂၀ မှ ၂၀၀ ကြားတွင်ရှိကြောင်း၊ ကျပ်သိန်း ၁၄၀ မှ ၁၇၀ အတွင်းရှိ ကားများမှာ အများဆုံး အရောင်း အ၀ယ်ဖြစ်နေ ကြောင်း၊ ပြည်ပမှ တင်သွင်းလာသော ပစ်ကပ်ကားများမှာမူ ကျပ်သိန်း ၂၀၀ မှ ၄၀၀ ခန့်အတွင်း ရှိကြောင်း ၎င်းက ပြောသည်။ တောင်းအေ့စ်ကား (မိုက်ခရိုဘတ်စ်)မှာမူ ဒီဇယ်နှင့် ဓာတ်ဆီပေါ် မူတည်၍ ကျပ်သိန်း ၁၄၀ မှ ၂၀၀ အတွင်းရှိကြောင်း၊ ဂျစ်ကားမှာမူ ကျပ်သိန်း ၄၀ နှင့် ၅၀ ကြားရှိရာ .....

News 

ဆောက်လုပ်ရေး အလှဆင်စတီးဈေး အပြောင်းအလဲရှိ

ဆောက်လုပ်ရေးနှင့် အခြားအလှဆင် ပစ္စည်းများတွင်သုံးစွဲသည့် စတီးဈေးနှုန်းများမှာ အပြောင်းအလဲရှိကြောင်း စတီး လက်ကား အရောင်းဆိုင်နှင့် လုပ်ငန်းများအတွက်သုံးစွဲသူများက ပြောသည်။ ဈေးအတက်အကျဖြစ်ခြင်းမှာ အဓိကဈေးကွက်ထဲတွင် လက်ကျန် ပမာဏ အနည်းအများရှိခြင်းနှင့် ငွေဈေးအပြောင်းအလဲပေါ်မူတည်ကြောင်း သိရသည်။

News 

ပြည်ပပို့ငါးများ၌ ရေခဲသားပိုတင်သည့် စက်ရုံသုံးရုံကို အရေးယူ

"ရေခဲသားတင်တယ်ဆိုတာ ၀ယ်တဲ့သူအနေနဲ့ ရေကို ပိုက်ဆံပေးဝယ်ရတဲ့ သဘောပါ။ ရေခဲသားအများကြီးတင်မယ်ဆိုရင် ငါးရဲ့ အရည်အသွေး ကျဆင်းတဲ့အတွက်ကြောင့် နိုင်ငံရဲ့ ဂုဏ်သိက္ခာ ကျဆင်းနိုင်ပါတယ်။ အခုလို သတ်မှတ်ထားတာထက်ပိုပြီး ရေခဲသား တင်တာတွေကို စစ်ဆေးပြီး ထိထိရောက်ရောက် အရေးယူသွားပါမယ်"

News 

ပြည်ပရင်းနှီးမြှုပ်နှံသူများကို တန်းတူအခွင့်အရေး ပေးနေသည်ဟု တရုတ်ဝန်ကြီးချုပ်ပြောကြား

"ရင်းနှီးမြှုပ်နှံလို့ မကောင်းတဲ့နိုင်ငံ တစ်နိုင်ငံမှာ ဘယ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှ ရှိလာမှာ မဟုတ်ပါဘူး"ဟု မကြာသေးမီက စီးပွားရေး ၀န်ကြီးဌာနက ထုတ်ပြန်သော တရုတ်နိုင်ငံရှိ ယခု နှစ်ဝက်တွင်း ၁၉ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်လာသည့် နိုင်ငံတကာ ရင်းနှီး မြှုပ်နှံမှု ကိန်းဂဏန်းများကို သွယ်ဝိုက်ရည်ညွှန်းကာ ၎င်းက ပြောဆိုသည်။

News 

ထိုင်း ပြည်ပ ပို့ကုန်လုပ်ငန်း စံချိန်တင်မြင့်

ထိုင်းနိုင်ငံသည် ဇွန်လ၌ ပြည်ပပို့ကုန်များ စံချိန်တင်မြင့်တက်ခဲ့သော ကိန်းဂဏန်းများကို လွန်ခဲ့သော သီတင်းပတ်တွင် အစိုးရက ဖော်ပြသည်။ ပြည်ပပို့ကုန်လုပ်ငန်းသည် ယမန်နှစ်ကထက် ၄၆ ဒသမ ၃ ရာခိုင်နှုန်း (ဒေါ် လာ ၁၈ ဒသမ ၀၄ ဘီလျံ) မြင့်တက်ခဲ့ရာ ၁၉၇၆ ခုနှစ်မှ စ၍ မှတ်သားစံချိန်များတွင် အမြင့်ဆုံးအဆင့် ဖြစ်သည်။

News 

တရုတ်ကုမ္ပဏီ CNPC က ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုပမာဏတိုးမြှင့်

တရုတ်အစိုးရပိုင် တရုတ် အမျိုးသားရေနံကုမ္ပဏီ (CNPC) သည် နိုင်ငံအနောက်မြောက်ပိုင်း ရှင်ကျင့် ပြည်နယ်တွင် နိုင်ငံ၏ထိပ်တန်း ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ခြင်းကို ၂၀၂၀ ပြည့်နှစ်၌ တည်ဆောက်မည်ဟု လွန်ခဲ့သော သီတင်းပတ်က ယင်း ကုမ္ပဏီက ပြောသည်။ အဆိုပါ တည်ဆောက်မှုသည် ရှင်ကျင့် ပြည်နယ်တွင်း "ဖွံ့ဖြိုးတိုးတက်မှုနှင့် ရေရှည်တည်မြဲမှုများ တစ်ဟုန်ထိုး တိုးတက် လာရန်" ဟူသော အစိုးရ၏ ဖိတ်ခေါ်မှုကို တုံ့ပြန်ခြင်းအားဖြင့် ဖြစ်တည်လာခြင်းဖြစ်သည်ဟု CNPC ၏ အင်တာနက်ဝက်ဘ်ဆိုက်တွင် ဖော်ပြ ထားသည်။

News 

ပြည်ပမှ ၀ယ်အားလျော့၍ ဗီယက်နမ် ဆန်လက်ကျန်များ ဈေးနှုန်းကျနေ

ယခုနှစ် ရာသီမှာပင် ဗီယက်နမ်၌ စပါးတန်ချိန် တစ်သန်းပျက်စီး နိုင်ကြောင်း ၎င်းက ခန့်မှန်းသည်။ တရားဝင် စာရင်းအရ ၂၀၁၀ ပြည့်နှစ် တွင် ဗီယက်နမ်က ယခင်နှစ်စံချိန် အတိုင်း နိုင်ငံတကာဈေးကွက်သို့ ဆန် တန်ချိန် ခြောက်သန်းခန့်ရောင်းချရန် မျှော်မှန်းထားသော်လည်း ပထမနှစ်ဝက် ကာလတွင် တင်ပို့မှုလျော့နည်းသွား ခဲ့သည်။

News 

ရာသီဥတုကြောင့် ခရီးကြမ်းကိုဖြတ်ကျော်ရဦးမည့် မဲခေါင်မြစ်ဝှမ်း

ဗီယက်နမ်အစိုးရက သူ့စိုက်ပျိုးရေးကို ထိခိုက်လာတဲ့ ရာသီဥတုပြောင်းလဲမှုကို အရေးတယူ လုပ်လာသလို ပညာရှင်တွေကလည်း မဲခေါင်မြစ်ညာ တရုတ်နိုင်ငံက ရေကာတာတွေရဲ့ သက်ရောက်မှုကိုလည်း ထည့်မတွက်ဘဲ မနေကြတော့ပါဘူး။ ပိုဆိုးတာက လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာ ရေကာတာ အသစ်တွေ လုပ်လာကြတာပဲလို့ သူတို့က ပြောပါတယ်။

News 

ရန်ကုန်တိုက်ခန်း အလယ်လွှာများ ဈေးကွက်အေးစက်လျက်ရှိ

"စီးပွားရေးသမားတွေကတော့ မြေညီအသုံးများတယ်။ ခန့်မှန်းခြေ သိန်း ၆၀၀ နဲ့ ၁,၀၀၀ ကြားလောက် ပေါက်တာတွေပေါ့။ တချို့နေမယ့်သူ တွေကတော့လည်း မြင့်ချင်မြင့်ပါစေ၊ ဈေးနည်းတာပဲရှာတာမျိုးရှိတယ်။ ဒါကတော့ သိန်း ၁၅၀၊ ၂၀၀ လောက် သုံးတာပေါ့။ အလယ်အလတ် တိုက်ခန်းတန်ဖိုး ၄၅၀ နဲ့ ၆၀၀ ကြား လောက်တွေကတော့ အရောင်းအ၀ယ်ကျဲတယ်"ဟု ယူနတီ အကျိုးဆောင်လုပ်ငန်းမှ ကိုဇော်ဇော်က ပြောသည်။

News 

တော်ဝင်စင်တာ ၇၅ ရာခိုင်နှုန်းပြီး

ဒဂုံမြို့နယ်၊ ပြည်လမ်းပေါ်ရှိ တော်ဝင်စင်တာ တည်ဆောက်ရေးစီမံကိန်းမှာ ယခုအခါတွင် တည်ဆောက်ရေးလုပ်ငန်းများ ၇၅ ရာခိုင် နှုန်းပြီးစီးနေပြီ ဖြစ်ကြောင်းသိရသည်။ "လက်ရှိအချိန်မှာ ၇၅ ရာခိုင်နှုန်းလောက် ပြီးနေပါပြီ။ ဩဂုတ်လထဲမှာ အကြမ်းထည်ပြီးမယ်၊ ဩဂုတ်လကုန်ရင် အချောထည် ၅၀ ရာခိုင်နှုန်းပြီးမယ်၊ စက်တင်ဘာကုန်ရင်တော့ အားလုံး လက်စသတ်နိုင်မှာပါ"

News 

ဝါတွင်းကာလအငှားလျော့၊ အရောင်းအ၀ယ်ဆက်လက်သွက်

"၀ါတွင်းဖြစ်တဲ့အတွက်အငှားကတော့ ကျမှာပါ၊ သာမန်ထက် ဒီသုံးလအတွင်း မှာ ၇၀ ရာခိုင်နှုန်းလောက်ကို ကျနိုင်ပါတယ်၊ အရောင်း အ၀ယ်ကတော့ သိန်းတစ်ထောင်ကနေ ရှစ်ထောင်လောက်အတွင်းမှာ ပုံမှန်ဆက်ရှိနေမယ် "မြို့ထဲခြောက်မြို့နယ်၊ ဗဟန်း၊ လှိုင်၊ သင်္ကန်းကျွန်းနဲ့ တောင်ဥက္ကလာဘက်တွေမှာပါ၊ အရောင်းအ၀ယ်အနေနဲ့ ၀ါတွင်းမရောက်ခင်သွက်နေတဲ့ပုံစံအတိုင်း ဆက်သွားမယ်၊ အခွန်ပြောင်းလဲမှုပေါ် မူတည်ပြီးလည်း အရောင်းအ၀ယ်ဖြစ်နိုင်တယ်"

News 

မြို့ပြအင်္ဂါရပ်ညီညွတ်မှုက အိမ်ခြံမြေဖွံ့ဖြိုးမှုကို အထောက်အကူပြု

ရန်ကုန်မြို့တော်တွင် မြို့နယ်ပေါင်း ၃၃ မြို့နယ်ရှိရာ ၎င်းတို့အနက် စီးပွားရေး အချက်အချာကျမှု၊ သွားလာရေး လွယ်ကူခြင်း၊ လမ်းပန်း ဆက်သွယ်ရေး နှင့် မြို့ပြဆိုင်ရာ အင်္ဂါရပ်များကြောင့် စီးပွားရေး အကွက်အကွင်း ကျသော မြို့နယ်များနှင့် မြို့လယ်နှင့် နီးပြီး သွားလာရေး လွယ်ကူသော မြို့များ၊ ဖွံ့ဖြိုးမှုအားနည်းသော မြို့စွန်များအဖြစ် ပေါ်ပေါက်လာကြသည်။

News 

သဘာဝဘေး စီမံခန့်ခွဲမှု ဆိုင်ရာ သင်တန်းဖွင့်မည်

မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းနှင့် Myanmar Credent Technology တို့ပူးပေါင်း၍သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုအတွက် နည်းပညာအသုံးချသင်တန်းကို ဩဂုတ်လဆန်းတွင် ဖွင့်လှစ်မည်ဖြစ်သည်။ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးနှင့်ပတ်သက်၍ စိတ်ပါဝင်စားသောသူများ တက်ရောက်နိုင်သည်။ သင်တန်းကြေးငါးသောင်းဖြစ်ပြီး လူဦးရေ ၂၀ လက်ခံမည်ဖြစ်သည်။

News 

ဖော်မြူလာဝမ်း ကားပြိုင်ပွဲတွေကလို ခံစားလို့ရမယ့် ကမ္ဘာ့ပထမဦးဆုံး အပန်းဖြေဥယျာဉ် စတင်တည်ဆောက်

အဘူဒါဘီမြို့မှာ ဖော်မြူလာဝမ်း ကားပြိုင်ပွဲကို မနှစ်က ပထမဆုံးအကြိမ် ကျင်းပခဲ့ပြီးတဲ့နောက်မှာ ကမ္ဘာလှည့် ခရီးသည်တွေကို ဆွဲဆောင်နိုင်ဖို့ မျှော်လင့်ချက်နဲ့ Ferrari World ဆိုတဲ့ ခမ်းနားကြီးကျယ်လှတဲ့ အပန်းဖြေဥယျာဉ်ကြီးတစ်ခု တည်ဆောက်နေတယ်လို့ ဆိုပါတယ်။ ဒီအပန်းဖြေဥယျာဉ်ကြီးဟာ ပြိုင်ကားတွေ ထုတ်လုပ်ရာ အီတလီကား ထုတ်လုပ်ရေးကုမ္ပဏီကြီး Ferrari ရဲ့ အထိမ်း အမှတ်သင်္ကေတ အဖြစ်ဆောက် လုပ်ထားတယ်လို့ သိရပါတယ်။

News 

နိုင်ငံခြားသားစိုက်ပျိုးမြေ၀ယ်ယူမှု ဘရာဇီးလ်တင်းကျပ်

ဘရာဇီးလ်နိုင်ငံတွင် မြေရာဝယ်လို သည့် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူ များသည် စားသောက်ကုန်ဖူလုံရေးအတွက် အစိုးရက မြေရာ ပိုင်ဆိုင်မှုအပေါ် တင်းကျပ်လာမှုနှင့် ရင်ဆိုင်ရဖွယ်ရှိလာသည်။ မြေရာများနှင့် ကျေးလက်ဒေသများမှ မြေကွက် အများအပြား ၀ယ်ယူ ထားပြီးသူများသည်လည်း လတ်တလော သတ်မှတ်လိုက်သည့် ပြင်းထန်သည့်အရေးယူမှုများကို ခံရမည်ဖြစ်သည်။

News 

တရုတ်ဘဏ်စစ်ဆေးမှု အိမ်ခြံမြေ အငှားချေးငွေအပေါ်ပစ်မှတ်ထား

"ဈေးနှုန်းတွေကျအပြီး စကော့တလန် အချက်အချာကျတဲ့ ကျေးလက်ဒေသတွေကအိမ်ဈေးတွေဟာ နောက်ဆုံး တော့ ပြန်တက်လာပါတယ်။ သုံးလအတွင်း တစ်ရာခိုင်နှုန်းနီးပါးပျမ်းမျှမြင့်တက်ခဲ့မှုဟာ ညင်သာတယ်လို့ ထင်ရ ပေမယ့် ၀ယ်သူနဲ့ရောင်းသူတွေအတွက် ဒါဟာ ကြမ်းခင်းဈေးရောက်လာပြီး တဖြည်းဖြည်းအခြေအနေ ကောင်း လာနေတယ်လို့ထင်သွားစရာရှိပါတယ်"

News 

ကန်အိမ်ရာဆောက်လုပ်ရေး ဇွန်လတွင် ငါးရာခိုင်နှုန်းကျဆင်း

အမေရိကန် အိမ်ရာဆောက်လုပ်ရေးသည် ဇွန်လတွင် ငါးရာခိုင်နှုန်းကျဆင်းခဲ့သည်ဟု ဇူလိုင်လ ၂၀ ရက်နေ့ထုတ် တရားဝင်စာရင်း ဇယားများက ဖော်ပြထားကာ အခြေမခိုင်သေးသည့် စီးပွားရေး နာလန်ထသည့်ကာလအတွင်း အိမ်ရာဆောက်လုပ်ရေးလုပ်ငန်းများ အလုပ်မဖြစ်သည့်အတွက် ခန့်မှန်းထားသည်ထက်ပိုမိုကျဆင်းခဲ့ရခြင်းဖြစ်သည်။ News

နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အိန္ဒိယသို့သွားရောက်

အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီးအလည်အပတ် ရောက်ရှိနေသည့် ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီး ဒေါ်ကြိုင်ကြိုင်တို့ ဇူလိုင်လ ၂၇ ရက်နေ့က နယူးဒေလီမြို့ရှိ ကွယ်လွန်သူ အိန္ဒိယ ခေါင်းဆောင်ကြီး မဟတ္တမဂန္ဓီ၏ ဂူဗိမာန်၌ လွမ်းသူ့ ပန်းခွေချ ဂါရ၀ပြုနေစဉ်။

News

Local News

ဧရာဝတီဒေသအတွက် ရေပေါ်ဆေးခန်းဝန်ဆောင်မှု စတင်

"ဒီလိုလုပ်ဖို့ နာဂစ်ဖြစ်ပြီးကတည်းက စိတ်ထဲမှာ နှစ်ထားခဲ့တာ။ ပိုက်ဆံ မရှိလို့ မသေသင့်ဘဲ သေသွားတဲ့လူနာတွေ၊ တကယ်ဒုက္ခ ရောက်နေ သူတွေကို အိမ်တိုင်ရာရောက် ကုသပေးချင်လို့ ဒီအဖွဲ့အစည်းထဲမှာ ပါဝင်ဖြစ်ခဲ့တာပါ" ဟု ဒေါက်တာပီကျော်လှ က ပြောသည်။ "ကုန်းလမ်းမပေါက်တဲ့ ဒေသတွေမှာရှိတဲ့ ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်တွေ၊ အချိန်မီခွဲစိတ်မှုမလုပ်ခဲ့ရလို့ ခြေ၊လက် ဖြတ်ခဲ့ရသူ တွေနဲ့ ထိခိုက်ဒဏ်ရာ ရသူတွေကို အဓိကကုသမယ်"

News

» သတင်းအပြည့်အစုံသို့..

၁၃၇၂ ခုနှစ် ဒုတိယ၀ါဆိုလပြည့်၊ ဇူလိုင်လ ၂၆ ရက်နေ့ က တောင်သမန်အင်းရှိ တောင်မင်းကြီးမြတ်စွာဘုရားသို့ လာရောက်ဖူးမျှော်ကြသူများနှင့် ဦးပိန် တံတားသို့ လာ ရောက်လည်ပတ်ကြသူများကို တွေ့ရစဉ်။ မြန်မာလူမျိုး တို့၏ ဗုဒ္ဓဘာသာဓလေ့အတိုင်း ၀ါဆိုသင်္ကန်းကပ်လှူ ခြင်းနှင့်အတူ မန္တလေးတောင်၊ ကျောက်တော်ကြီးဘုရား၊ မဟာမုနိရုပ်ရှင်တော်သို့ ဘုရားဖူးလာရောက်သူများဖြင့် ထိုနေ့ကစည်ကားခဲ့ပြီး ကန်ရေအပြည့်ဖြင့် လှပနေသည့် ကမ္ဘာကျော်ဦးပိန်တံတားသို့ လာရောက်လည်ပတ်သူ များနှင့် များပြားစည်ကားခဲ့သည်ကိုတွေ့ရသည်။ သတင်းနှင့်ဓာတ်ပုံ - စည်သူနိုင်

Local News

မန္တလေးစက်မှုဇုန်တွင် ဘက်စုံသုံးယာဉ်၊ ဘတ်စ်ကားနှင့် ကုန်တင်ယာဉ်ကြီးများ တပ်ဆင် ထုတ်လုပ် ခွင့်ရရှိပြီဖြစ်

မန္တလေးစက်မှုဇုန်သည် ၂၀၀၃ ခုနှစ် Light Truck ကား၊ ဂျစ်ကားနှင့်ဘတ်စ်ကားသုံးမျိုး ထုတ်လုပ် ခွင့်ရခဲ့သည်။ ၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်မှစပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဌာနက မော်တော်ယာဉ်များ ထုတ်လုပ်ရန် လိုအပ်သည့် အင်ဂျင်နှင့် ပစ္စည်းများ တင်သွင်းခွင့်နှင့် တပ်ဆင်ထုတ်လုပ်ရောင်းချခွင့် ပြုထားပြီ ဖြစ်ကြောင်း သိရသည်။

News

» သတင်းအပြည့်အစုံသို့..

ဟောင်းပေမယ့် ကောင်းနေဆဲ.. ပရိသတ်တွေ နှစ်သက်နေဆဲ .. အင်္ဂလိပ်ခေတ်ဟောင်း သီချင်းတွေ ...

"အဲဒီအချိန်တုန်းက ငယ်လည်းငယ်၊ ရင်ကလည်းရှင်း ခေါင်းကလည်းရှင်းဆိုတော့ အဲဒီလိုသွက်လက်မြူးကြွတဲ့ သီချင်းတွေကို စွဲလမ်းသွားတာ အခုထိ မမေ့နိုင်ဘူး။ နားထောင်လို့လည်း မရိုးနိုင်သေးဘူး။ သူတို့ရဲ့သံစဉ် လေးတွေက နားစွဲလွယ်တယ်။ စာသား အရမ်း အား ကောင်းတော့မှတ်မိလွယ်တယ်"

News

Local News

တယောမတီးနိုင်လို့ စိတ်ဓာတ်ကျခဲ့ဖူးတဲ့ ချမ်းဟိန်းကြွယ်

ငယ်ငယ်ကတည်းက ရင်းနှီးခဲ့တာကတော့ မြန်မာသံစဉ်ပဲပေါ့။ ဆို၊က၊ရေး၊ တီးမှာလည်း တယောနဲ့ ပတ်သက်ပြီး ဆုတွေရနေတော့ ကျွန်တော် အထက်တန်းအရွယ်လောက်မှာ စားသောက် ဆိုင်တစ်ခုကနေ သူတို့ရဲ့မြန်မာပိုင်း ဖျော်ဖြေမှု အစီအစဉ်မှာ ၀င်တီးပေးဖို့ ခေါ်တယ်။ အဲဒီမှာ လေးဇီးကလပ်ကကိုနိုင်ဇော်ကလည်း ကျောင်းတက်ရင်းနဲ့ ကီးဘုတ်ဝင်တီးတယ်။ အဲဒီကနေသူတို့တီးတာ တွေကို တွေ့ပြီး ကျွန်တော်လည်း ခေတ်ပေါ်သီချင်းတွေကို တီးဖို့ စစဉ်းစားဖြစ်ခဲ့တာပါ။

News

» သတင်းအပြည့်အစုံသို့..

တိုးဒီဖရန့်ချန်ပီယံ ကွန်တာဒါကို စပိန်ဝန်ကြီးချုပ် ချီးကျူး

"ကျွန်တော်တို့ရဲ့ အလံအရောင်ကို ဂုဏ်အသရေတင့် နေအောင် အမြဲ ကာကွယ်ထိန်းသိမ်းပေးတဲ့ အတွက် လည်း ကျေးဇူးတင်ပါတယ်၊ အား ကစားမှာဘယ်လို ပြုမှုနေထိုင်ရတယ်။ဘယ်လို ယှဉ်ပြိုင်ရတယ်ဆိုတာ ကိုခင်ဗျားက စံနမူနာ ပြလိုက်တာပါပဲ" ဟုလည်း ၀န်ကြီးချုပ်က ပြောကြားခဲ့သည်။ ကွန်တာဒါသည် တိုးဒီဖရန့်ပြိုင်ပွဲတွင် ၂၀၀၇ နှင့် ၂၀၀၉ ခုနှစ်တို့ကလည်း ဗိုလ်စွဲခဲ့ရာယခုတတိယအကြိမ်မြောက် ချန်ပီယံဆုရ ခြင်းဖြစ်သည်။

News

Local News

နိုင်ငံပြောင်းကစားရန် ဂျီယောင် စိတ်ကူး

"ကျွန်တော်က သွေးသွတ်ဝက်အူချောင်းကို စားကြည့်ပါတယ်။ ပျဉ်းတွဲတွဲနဲ့။ ကျွန်တော်က ငါးတို့၊ အာလူးချောင်းကြော်တို့သာကြိုက်တာ။ တစ်မြန်နေ့က မနက်စောစာမှာ ဟက်ဂစ်ဆိုတဲ့ သိုးကလီစာဟင်းပါတယ်။ ကျွန်တော့ နည်းပြက သွားမစားနဲ့လို့ ပြောတာနဲ့ စားမကြည့်တော့ပါဘူး"

News

» သတင်းအပြည့်အစုံသို့..

'ကန်' ထောက်လှမ်းရေးအဖွဲ့များကို ၀ါရှင်တန်ပို့စ် ဝေဖန်

"အလွန်ကိုးရိုးကားရားနိုင်သော၊အလွန်သိုဝှက်သော၊ ငွေကြေးမည်မျှ ကုန်ကျနေပြီကိုမသိရသော၊ ၀န်ထမ်း မည်မျှခန့် ထားသည်ကိုမသိရသော၊ အစီအစဉ် မည်မျှ များများ ရှိသည်ကိုမသိရသောအလုပ်တစ်ခုတည်းကို အဖွဲ့အစည်းဘယ်လောက် များများလုပ်ဆောင်နေ သည်ကို မသိရ"News


ဇူလိုင်လ ၂၀ ရက်နေ့က ဗီယက်နမ်နိုင်ငံ၊ဟနွိုင်းမြို့တွင် ပြုလုပ်သွားသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ (၄၃) ကြိမ်မြောက် နှစ်စဉ်အစည်းအဝေးပွဲ၌ အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်(လယ်)က သတင်း စာဆရာများနှင့်တွေ့ဆုံဖြေကြားနေစဉ်။အာရှ-ပစိဖိတ် နိုင်ငံခြားရေးဝန်ကြီးများက ၎င်းအစည်းအဝေးတွင် ကိုရီးယားကျွန်းဆွယ်၌ မြင့်တက်နေသည့်တင်းမာမှုများ ကိုဖြေရှင်းရန် နည်းလမ်းများ ဆွေးနွေးခဲ့ကြသည်။