Now! Fashion Forward

ခြောက်မိုင်ခွဲက ဆိတ်ငြိမ်တဲ့အိမ်ကလေး

ခံအကျယ်အ၀န်းစတုရန်းပေ ၆,၃၀၀ (ပေ ၇၀ x ပေ ၉၀) လောက် ခန့်မှန်း ခြေရှိပြီး မျက်နှာစာဘက်က အတော် လေး ကျယ်ကျယ်ဝန်းဝန်းရှိ ပါတယ်။ မြေမျက်နှာပြင်ကို ကွန်ကရစ်ခင်းထားပေမယ့် ခြံထဲမှာ အရိပ်ရသစ်ပင်ကြီး တချို့နဲ့ အလှပန်းပင် တချို့လည်း ရှိပါတယ်။ အဖြူရောင်နှစ်ထပ်တိုက်ရဲ့ ပုံစံက နှစ်ဖက်အလေးချိန်မျှနေတဲ့ ခေါက်ချိုးညီပုံစံ မျိုးပါ။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ခြောက်မိုင်ခွဲက ဆိတ်ငြိမ်တဲ့အိမ်ကလေး

အေးသီတာကျော်
အတွဲအမှတ် (၂၄ ၊ အမှတ် ၄၇၇)
News Pic
တည်နေရာ - လှိုင်မြို့နယ်။
ဈေးနှုန်း-ကျပ် ၆၀၀,၀၀၀ (အငှား)။
ဆက်သွယ်ရန် - မိုးမြင့်သော်တာ အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်း။
ဖုန်း - ၇၀၇ ၅၁၊ ၂၁၈ ၀၀၆။

အေးချမ်းဆိတ်ငြိမ်တဲ့ နေရာရှာဖွေနေတဲ့သူတွေအတွက် ဒီတစ်ပတ်မှာ ခြောက်မိုင်ခွဲက အငှားဖွင့်ထားတဲ့ နှစ်ထပ်အိမ်ကို သွားကြည့်ရအောင်။

ဒီအိမ်လေးက ပြည်လမ်းမကြီးကနေ ချိုးဝင်သွားရတဲ့ ခြောက်မိုင်ခွဲမှာ ရှိပါတယ်။ အနီးပတ်ဝန်းကျင်တစ်ဝိုက်ကလည်း ခြံဝင်းကျယ်တွေနဲ့ စိတ်ငြိမ်နေတာပဲမို့ နေထိုင်ရတာအေးအေးဆေး ဆေးရှိမှာပါ။

ခြံအကျယ်အ၀န်းစတုရန်းပေ ၆,၃၀၀ (ပေ ၇၀ x ပေ ၉၀) လောက် ခန့်မှန်း ခြေရှိပြီး မျက်နှာစာဘက်ကအတော်လေး ကျယ်ကျယ်ဝန်းဝန်း ရှိပါတယ်။

မြေမျက်နှာပြင်ကို ကွန်ကရစ်ခင်းထားပေမယ့် ခြံထဲမှာ အရိပ်ရ သစ်ပင်ကြီး တချို့နဲ့ အလှပန်းပင် တချို့လည်း ရှိပါတယ်။

အဖြူရောင်နှစ်ထပ်တိုက်ရဲ့ပုံစံက နှစ်ဖက်အလေးချိန်မျှနေတဲ့ ခေါက် ချိုးညီပုံစံမျိုးပါ။

အပေါ်ထပ်ဝရန်တာနဲ့ ဆင်ဝင်ကို အလယ်တည့်တည့်မှာ နေရာပေးထားပါတယ်။

အိမ်အကျယ်အ၀န်းက စတုရန်းပေ ၂,၀၀၀ ကျော် (၄၅ ပေပတ်လည်)ရှိပြီး အိပ်ခန်းလေးခန်းပါဝင်ပါတယ်။

အိမ် သက်တမ်းက ၁၁ နှစ်ကျော်ရှိပြီ ဆိုပေမယ့် သစ်သစ်လွင်လွင်ဖြစ်အောင် အတွင်းအပြင်ကို ပြန်လည်ပြင်ဆင်ထားပါတယ်။

အိမ်ရဲ့တည်ဆောက်ပုံက လှေကားက အလယ်ကောင်မှာဖြစ်ပြီး ဘေးမှာ ဧည့်ခန်း၊ ရေချိုးခန်းအိမ်သာပါအိပ်ခန်းတစ်ခန်း၊ ထမင်း စားခန်း၊ မီးဖိုခန်းနဲ့ ရိုးရိုး အိပ်ခန်းတို့က ပတ်ပတ်လည်ဝန်းရံထားပါတယ်။

ကျွန်းလှေကားအတိုင်းတက်သွားရင် အပေါ်ထပ်မှာ ဘုရားခန်းတစ်ခန်း၊ အိပ်ခန်းကျယ်တစ်ခန်းနဲ့ နှစ်ယောက် အိပ်ခန်းတစ်ခန်း တို့ရှိပါတယ်။

အိပ်ခန်း နှစ်ခန်းစလုံးရဲ့ တွဲလျက်ရေချိုးခန်း အိမ်သာမှာ ရေချိုးကန်တပ်ဆင်ထားပါတယ်။ အထပ်နှစ်ထပ်စလုံးကို ပါကေးခင်းထားပြီး နံရံတွေကို အဖြူရောင် ဆေးသုတ်ထားပါတယ်။

ရိုးရိုးမီတာတစ်လုံး၊ ပါဝါမီတာ တစ်လုံးနဲ့ အ၀ီစိတွင်းရေတို့တပ်ဆင်ထားတဲ့အပြင် ငှားရမ်းမှုထဲမှာ ဖုန်းလိုင်း တစ်လိုင်းနဲ့ လေအေး ပေးစက် သုံးလုံးတို့လည်း ပါရှိမှာပါ။