Now! Fashion Forward

ခြောက်မိုင်ခွဲက ဆိတ်ငြိမ်တဲ့အိမ်ကလေး

ခံအကျယ်အ၀န်းစတုရန်းပေ ၆,၃၀၀ (ပေ ၇၀ x ပေ ၉၀) လောက် ခန့်မှန်း ခြေရှိပြီး မျက်နှာစာဘက်က အတော် လေး ကျယ်ကျယ်ဝန်းဝန်းရှိ ပါတယ်။ မြေမျက်နှာပြင်ကို ကွန်ကရစ်ခင်းထားပေမယ့် ခြံထဲမှာ အရိပ်ရသစ်ပင်ကြီး တချို့နဲ့ အလှပန်းပင် တချို့လည်း ရှိပါတယ်။ အဖြူရောင်နှစ်ထပ်တိုက်ရဲ့ ပုံစံက နှစ်ဖက်အလေးချိန်မျှနေတဲ့ ခေါက်ချိုးညီပုံစံ မျိုးပါ။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ကန်အိမ်ရာဆောက်လုပ်ရေး ဇွန်လတွင် ငါးရာခိုင်နှုန်းကျဆင်း

(အေအက်ဖ်ပီ)
ဇော်ဝင်း ဘာသာပြန်သည်။
အတွဲအမှတ် (၂၄ ၊ အမှတ် ၄၇၇)

အမေရိကန် အိမ်ရာဆောက်လုပ်ရေး သည် ဇွန်လတွင် ငါးရာခိုင်နှုန်းကျဆင်းခဲ့သည်ဟု ဇူလိုင်လ ၂၀ ရက်နေ့ထုတ် တရားဝင်စာရင်း ဇယားများက ဖော်ပြထားကာ အခြေမခိုင်သေးသည့် စီးပွားရေး နာလန်ထသည့်ကာလအတွင်း အိမ်ရာဆောက်လုပ်ရေးလုပ်ငန်းများ အလုပ်မဖြစ်သည့်အတွက် ခန့်မှန်းထားသည်ထက်ပိုမိုကျဆင်းခဲ့ရခြင်းဖြစ်သည်။

ပုဂ္ဂလိကပိုင်အိမ်ရာများ ဆောက်လုပ်ရေးမှစတင်၍ကျဆင်းခဲ့သည့် ဇွန်လတွင်း ကျဆင်းမှုမှာ ၅၄၉,၀၀၀ နှုန်းဖြစ် ကာ ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလမှစတင်၍ အနှေးကွေးဆုံးဖြစ်ပြီး နှစ်လမြောက် ဆက်တိုက် ဒုတိယကျဆင်းမှုဖြစ်သည်ဟု ကုန်သွယ်ရေးဌာန က ပြောသည်။

ယင်းမှာ မေလကျဆင်းမှုနှုန်း ၅၇၈,၀၀၀ မှ ငါးရာခိုင်နှုန်းကျဆင်းခဲ့ခြင်းဖြစ်ပြီး ကနဦးခန့်မှန်းထားသည့် ၅၉၃,၀၀၀ ထက် သိသိ သာသာ ကျဆင်းခဲ့ခြင်းဖြစ်သည်။ ပျမ်းမျှလေ့လာခန့်မှန်းထားချက်မှာ အိမ်ရာ ၅၇၅,၀၀၀ စတင်မည်ဟုဖြစ်ကာ ဇွန်လစတင်မှုမှာ ယမန်နှစ်နှုန်းထက် ၅ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

အမေရိကန်အိမ်ရာ၏ဈေးကွက် အကြီးဆုံးဖြစ်သည့် မိသားစုတစ်စု နေအိမ်ရာများတွင် စတင်ကျဆင်းပြီး မေလတွင် ၁၈ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီးသည့်နောက် သုည ဒသမ ၇ ရာခိုင်နှုန်းမျှသာရှိခဲ့သည်။

အိမ်ရာဆောက်လုပ်ရေးကဏ္ဍတွင် ရှေ့ပြေးလက္ခဏာတစ်ခုဖြစ်သည့် အိမ်ရာဆောက်လုပ်ခွင့်သည်လည်း နှစ်လတာ ဆောက်လုပ် ရေးလုပ်ငန်းထိုးကျခဲ့ အပြီးတွင် မမျှော်လင့်လောက်အောင်ပင် ၂ ဒသမ ၁ ရာခိုင်နှုန်းပြန်လည်တိုး တက်လာခဲ့သည်။

ပုဂ္ဂလိကပိုင်အိမ်ရာဆောက်လုပ်ရေး စတင်ခွင့်များသည် ၅၈၆,၀၀၀ နှုန်း အထိမြင့်တက်ခဲ့သည်ဟု ကုန်သွယ်ရေးဌာနကဆိုသည်။ လေ့လာသူအများစုက ဇွန်လတွင် မေလထက် ၂,၀၀၀ ကျဆင်းခဲ့ပြီး ၅၇၂,၀၀၀ သာရှိမည်ဟု ခန့်မှန်းထားကြသည်။