
တောင်ဥက္ကလာပက စိတ်ကြိုက်အိမ်တစ်လုံး
ခြံအကျယ်အ၀န်းစတုရန်းပေ ၃,၅၀၀ (ပေ ၅၀x ပေ ၇၀) တောင် ရှိတဲ့အတွက် မိသားစု အဆင်ပြေပြေနဲ့နေနိုင်မှာပါ။ ခြံထဲမှာ ပန်းခြံအသေးစားနဲ့ မြက်ခင်းပြင်ပြုပြင်ဖန်တီးဖို့နေရာလေးရယ်၊ ကွန်ကရစ် ခင်းမျက်နှာစာရယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကားတစ်စီးစာရပ်နားနိုင်ဖို့ ကားဂိုဒေါင် လေးကလည်း အိမ်နဲ့ တွဲလျက်ရှိပါတယ်။ .......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ပဲမျိုးစုံတင်ပို့မှု နှစ် ၂၀ အတွင်း ၁၀ ဆနီးပါး တိုးတက်
"ပြည်ပကို အများဆုံးတင်ပို့တဲ့ ပဲတွေကလည်း မတ်ပဲ၊ ပဲတီစိမ်းနဲ့ ပဲစင်းငုံတို့ ဖြစ်တာကြောင့် ဒီပဲတွေရဲ့ အခန်း ကဏ္ဍမှာ တစ်ဧကကို ၁၈ ဒသမ ၇ တင်းနှုန်းသာ ထွက်ရှိသေးတာကြောင့် မတ်ပဲနဲ့ ပဲတီစိမ်းကို တစ်ဧကတင်း ၂၀ နှုန်းစီနဲ့ ပဲစင်းငုံကို တစ်ဧက ၂၅ တင်း နှုန်းနဲ့ထွက်ရှိအောင် ရည်မှန်းချက်ထား ပြီးတော့ စိုက်ပျိုးထုတ်လုပ်ကြဖို့ကို လည်း တိုက်တွန်းလိုပါတယ်"အီလက်ထရွန်းနစ် ကုန်စည် ဒိုင်စနစ် ယခုနှစ်၌ စမည်
"ဒီစနစ်အရ ပထမအဆင့် အကောင် အထည်ဖော်တဲ့အခါ အွန်လိုင်းမှာ ၀က်ဘ်ပေါ်တယ်လ်တစ်ခု တည်ဆောက်ပြီး အဲဒီအပေါ်မှာ နယ်အလိုက် ကုန်စည်ဒိုင်တွေက ကုန်စည်ပေါက်ဈေးလိုမျိုး သတင်းအချက်အလက်တွေကို ၀င်ရောက် ဖြည့်သွင်းပေးရမှာပါ။ အခု ကတော့ ကုန်စည်ဒိုင်တစ်ခုနဲ့ တစ်ခုချိတ်ဆက် ဆောင်ရွက်တဲ့အခါမှာ ဖုန်းနဲ့လည်း ဆက်သွယ်ကြသလို သတင်းလွှာကို ဖက်စ်နဲ့ ပေးပို့တာရှိပေမယ့် ဒီစနစ်တွေမှာ အခက်အခဲတွေအများကြီးရှိပါတယ်"
ငါးသယံဇာတထိန်းသိမ်းရန် အောက်ခြေအဆင့်အထိ ပိုမိုပညာပေးရန် လိုအပ်
ရေရှည်ငါးသယံဇာတ ဖွံ့ဖြိုးရေး အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများတွင် ငါးဖမ်းဆီးသူများ၏ ပူးပေါင်းပါဝင်မှုသည် လွန်စွာအရေးကြီးကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ငါးဖမ်းဆီးသည့် အမူအကျင့် များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းတတ်သည့် အသိပညာများကို အောက်ခြေငါးဖမ်းသူများ ပိုမိုနားလည်ရန် လိုအပ်နေသည်ကို တွေ့ရ ကြောင်း ၎င်းက ပြောသည်။
ရန်ကုန်မြို့ရှိ မော်ဒယ်နိမ့်ကားများကို ဆက်လက်မောင်းနှင်ခွင့် ပြုလျက်ရှိ
ရန်ကုန်မြို့တွင်း မောင်းနှင်နေသည့် မော်ဒယ်နိမ့်ကားများကို နယ်မြို့များတွင်သာ မောင်းနှင်ခွင့်ပြုတော့မည်ဟု ပြင်ပတွင် ထွက် ပေါ်နေသည့်သတင်းမှာ မှန်ကန်မှုမရှိကြောင်း ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။ "ဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ကို အထက်ကညွှန်ကြားလာတာ မရှိသေးပါဘူး။ ဒါကြောင့် မော်ဒယ်နိမ့် ကားတွေကို နယ်ပို့မယ်ဆိုတာ မဟုတ်ပါဘူး"
အင်းငါးထုတ်လုပ်မှုတိုးတက်လာရန် ဘီလားငါး တိုးချဲ့မွေးမြူသင့်
ဘီလားငါးပြုပြင်မှုတွင် ထိုင်း၌ ငါးခေါင်းဖယ်ရှားကြောင်း၊ ယင်းကဲ့သို့ ပြုလုပ်ခြင်းသည် ငါးခေါင်းရှိ အချို့ အစိတ် အပိုင်းများအား ဖယ်ရှားခြင်းထက် ပုပ်သိုးမှု အခြေအနေ ပိုနည်းကြောင်း၊ အကြေးခွံခွာရာတွင်လည်း စက် အသေးစားအတွင်း ငါးများထည့်၍ ခွာခြင်းကြောင့် လက်ဖြင့်ခွာခြင်းထက် ပိုမိုထိရောက်ကြောင်း ဦးလှဝင်း က ရှင်းပြသည်။
ပလတ်စတစ်ဘူးအချိုရည်များ ဈေးကွက်တွင်း၌ ပိုကျယ်ပြန့်လာ
"အရင်ကတော့ လွယ်ဟိန်းကုမ္ပဏီ အနေနဲ့ အချိုရည်ထုတ်လုပ်တဲ့ လုပ်ငန်းကို အစိုးရနဲ့ပေါင်းပြီးလုပ်ခဲ့တယ်။ ဒါပေမယ့် ကုမ္ပဏီပိုင် Brand တစ်ခုလုပ်ချင်တာကြောင့် ပါမစ်လျှောက်ပြီး Blue Mountain ဆိုတဲ့နာမည်နဲ့ ကိုလာ၊ လိမ္မော်နဲ့ သံပရာစတဲ့ အရသာ သုံးမျိုးနဲ့ ဘာအရသာမှမပါတဲ့ ဆိုဒါဆိုပြီး ထုတ်လုပ်ခဲ့ပါတယ်။ ဒီထုတ်လုပ်တဲ့နေရာမှာ ဘူးနဲ့အဖုံးကို ပြည်တွင်းမှာပဲလုပ်တယ်။ တံဆိပ် က တော့ တရုတ်နိုင်ငံကမှာပြီး အချိုရည်ရဲ့အရသာတွေအတွက်ကတော့ စင်ကာပူ၊ ဂျာမနီနဲ့ ဩစတြေးလျ နိုင်ငံတွေက မှာပါတယ်"
ပြည်ပလုပ်သားငှားမှု စင်ကာပူလျှော့ချ
နိုင်ငံရပ်ခြားမှ ဧည့်လုပ်သားများ စင်ကာပူတွင် နေထိုင်အလုပ်လုပ်ရန် အများအပြားဝင်ရောက်လျက်ရှိခြင်းနှင့် ပတ်သက်၍ စင်ကာပူ ဌာနေများ စိတ်မသက်မသာ ဖြစ်နေကြသည့် အတောအတွင်း နိုင်ငံရပ်ခြားမှ အလုပ်သမားများငှားရမ်းမှုကို ကန့်သတ်တားမြစ်ရန် ရည်ရွယ်၍ စင်ကာပူနိုင်ငံက အခွန်အတုတ်များ တိုးမြှင့်ကောက်ခံတော့မည်ဟု တနင်္လာနေ့တွင် ပြောကြားလိုက်သည်။
ဆိပ်ကမ်းသစ်များ တရုတ်တည်ဆောက်နေမှု အိန္ဒိယစိုးရိမ်
ယခုကဲ့သို့ သင်္ဘောဆိပ်ကမ်းမြို့များ နှင့် တစ်ထောက်နားစခန်းများ ရွေးချယ် ထူထောင်နည်းသည် တောင်အာရှ ဒေသမှ အိန္ဒိယ၏ မူလဩဇာကို တန်ပြန်ချိန်ခွင်လျှာညှိရန်နှင့် မှေးမှိန် ချည့်နဲ့သွားအောင် ပြုလုပ်ရန် ရည်ရွယ် ခြင်းဖြစ်သည်ဟု အိန္ဒိယ နိုင်ငံခြားရေး ၀န်ကြီးဟောင်းနှင့် လက်ရှိအစိုးရ အမျိုးသားလုံခြုံရေး အကြံပေးအဖွဲ့ ကန်ဝါဆီဘောက ပြောကြားသည်။
တရုတ်နှင့် ဩစတြေးလျ ကုန်သွယ်ရေး ပြန်စ
ဩစတြေးလျ၏ ကြီးမားကျယ်ပြန့်လှသော သဘောဝအရင်းအမြစ်ကဏ္ဍသည် တရုတ်၏ အထူးတလည်စိတ်ဝင်စားရာ အကြောင်း အရာဖြစ်ကြောင်း၊ သို့ရာတွင် ဩစတြေးလျသည် တရုတ်နိုင်ငံ၏ ဈေးကွက်အတွင်းသို့ ၀င်ရောက် ခွင့်ရရန် စိတ်အားထက်သန်လျက်ရှိ ကြောင်း ကုန်သွယ်ရေးဝန်ကြီး ဆိုင်မွန် ကရင်းန်က ပြောသည်။
မလေးရှား၌ ဒုက္ခသည်များကို အလုပ်လုပ်ခွင့်ပေးမည်
မလေးရှားနိုင်ငံသည် ဒုက္ခသည်များအား နိုင်ငံခြားတွင် ပြန်လည် နေရာချထားပေးရေးကို စောင့်ဆိုင်းနေစဉ် ကာလအတွင်း အလုပ် လုပ်ခွင့်ပြုရန် စဉ်းစားလျက်ရှိကြောင်း တနင်္လာနေ့တွင် ထုတ်ပြန်သော သတင်းတစ်ရပ်က ဆိုသည်။ ထိုသို့ဆောင်ရွက်စေခြင်းက အလုပ်သမားချို့တဲ့ပြတ်လပ်မှု လျော့ပါးစေရေးကို အထောက်အကူပြုနိုင်သည်ဟု စက်မှုလုပ်ငန်းအုပ်စု တစ်စုက ဆိုသည်။
ရှော့ပင်းစင်တာနှင့်အတူ သရီးဒီနှစ်ရုံပေါ်ပေါက်လာမည်
သရီးဒီ အဆင့်မြင့်ရုပ်ရှင်ရုံနှစ်ရုံကို စမ်းချောင်းမြို့နယ်၊ မြေနီကုန်းလမ်းဆုံရှိ ယခင် တပင်ရွှေထီးရုပ်ရှင်ရုံဟောင်း နေရာတွင် ဒဂုံ အင်တာနေရှင်နယ်မှ တည်ဆောက်လျက်ရှိသော ဒဂုံကွန်ပလက်စ် စီမံကိန်းနှင့် လမ်းမတော်မြို့ နယ်ရှိ ရွှေတောင်ဖွံ့ဖြိုးရေးကုမ္ပဏီမှ တည်ဆောက်သော မော်တင်တာဝါများတွင် ထည့်သွင်းတည်ဆောက်သွား မည်ဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးမြင့်သိန်းဖေ ကပြောသည်။
တင်သွင်းဘိလပ်မြေများ နှစ်ဆန်းပိုင်းတွင် ၀ယ်လိုအားကြောင့် ဈေးမြင့်မား
"အခုအချိန်က ပွင့်လင်းရာသီဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းတွေက ၀ယ်လိုအားများတဲ့အတွက် ဈေးမြင့်လာ တာ ဖြစ်ပါတယ်။ ထိုင်းက တင်သွင်းတဲ့ ဆင် တံဆိပ် ဘိလပ်မြေဆိုရင် ဇန်န၀ါရီလဆန်းမှာ တစ်အိတ်ကို ကျပ် ၅,၈၀၀ ကနေ ဖေဖော်ဝါရီလလယ်မှာ ကျပ် ၇,၂၀၀ အထိ တက်သွားပါတယ်။ စိန်တံဆိပ်လည်း ၇,၄၀၀ လောက် ဖြစ်သွားပါတယ်"
ဆောက်လုပ်ရေး ကဏ္ဍဆိုင်ရာ လမ်းညွှန် ၂၀၁၀ ထွက်ရှိ
အိမ်ခြံမြေ ရောင်းဝယ်ငှားရမ်းသူများ သိသင့်သည့် အခွန်ဥပဒေ အကြောင်း၊ အိမ်တွင်းအလှဆင်ခြင်း၊ ကန်ထရိုက်တာ ရွေးချယ်ခြင်း၊ လုပ်ငန်းခွင်ဆိုင်ရာ ဖုန်းရွှေအစီအမံ စသည့်စိတ်ဝင်စားဖွယ်များ ထပ်မံဖြည့်သွင်းထားသည့် မြန်မာ ဆောက်လုပ်ရေးကဏ္ဍ ဆိုင်ရာ လမ်းညွှန် ၂၀၁၀ ကို Logistics Media Services မှ မတ်လဆန်းတွင် ထုတ်ဝေလိုက်ပြီဖြစ်သည်။
ကွန်ဒိုများ ဈေးလျှော့ရောင်းစနစ်ဖြင့် အရောင်းအ၀ယ်သွက်
"ကုမ္ပဏီတစ်ခုနဲ့တစ်ခု ရောင်းတဲ့ အခြေအနေချင်းလည်း မတူကြဘူး။ ပြင်ဆင်ပြီးရောင်းကြတာမျိုးရှိသလို
ဝယ်သူဘက်ကစိတ်ကြိုက် ကြွေပြား ကပ်ပေးမယ်။ ပါကေးခင်းပေးမယ် စသဖြင့် ဈေးကို အတိုးအလျှော့ လုပ်သွားတာမျိုးလည်းရှိတယ်။ တချို့လည်း ဆောက်လက်စတွေကို ကြိုတင်ဝယ်ယူ စနစ်နဲ့ ရောင်းကြတာ"
ပြည်သူ့ရင်ပြင် ပုဂ္ဂလိကကုမ္ပဏီ လွှဲပြောင်းလုပ်ကိုင်
"Natural World" ကုမ္ပဏီက လွှဲပြောင်းလုပ်ကိုင်ခြင်းဖြစ်ပြီး ပြည်သူ့ ရင်ပြင်ထဲရှိ အပန်းဖြေအဆောက်အအုံ၊ အားကစားရုံ၊ ဂိတ်နှင့် စားသောက်ဆိုင်များကို အဆိုပါကုမ္ပဏီက ဆက်လက်အဆင့်မြင့်တင် တည်ဆောက်သွားမည်ဖြစ်သည်။ "လွှဲပြောင်းထားတာ မနှစ်က ဘဏ္ဍာနှစ်ကတည်းကဆိုတော့ ဒီနှစ်ဘဏ္ဍာရေးနှစ်ကုန်ဆို တစ်နှစ်ပြည့်ပါပြီ။ ကျွန်တော်တို့ကတော့ ကြီးကြပ်အုပ်ချုပ်ရေးပိုင်းကိုပဲ တာဝန်ယူထားပါတယ်"
လူငယ်အင်ဂျင်နီယာနှစ်ဦး ဇူလိုင်လတွင် ဂျပန်နိုင်ငံသို့သွားမည်
"Community design through culture: creative practices for passing down of culture prope- rties" ဟူသော ရည်ရွယ် ချက်ဖြင့် စေလွှတ်သည့် ချစ်ကြည်ရေး၊ လေ့လာရေး အစီအစဉ်တွင် ဂျပန်နိုင်ငံရှိရှေးဟောင်း မြို့တော်များ၊ သမိုင်းဝင် အဆောက် အအုံများ၊ ဂျပန်ရိုးရာယဉ်ကျေးမှုနှင့် မိသားစုနေအိမ်များသို့ သွားရောက်နေထိုင်ခြင်းများ ပါဝင်သည်။
ဂျပန်တွင် အိမ်ရာသစ်ဆောက်လုပ်ခြင်း ၄၆ နှစ်အတွင်း အဆိုးဆုံးဖြစ်နေ
"အရမ်းကို စိတ်ပျက်စရာကောင်းတဲ့ နှစ်ပါဗျာ။ တိုးတက်မှုရဖို့အတွက် အစီအစဉ်တွေ အသေအချာ ဆောင်ရွက် နေတာတော့ ရှိပါ တယ်။ဒါပေမယ့် တိုးတက်ဖို့က အရမ်းကိုနှေးကွေးပါတယ်။ ပြီးတော့ ဟိုးအောက်ဆုံးအဆင့်ကနေ ပြန်စနေတယ်လေဗျာ"ဟု Macquarie Securities မှ စီးပွားရေး ပညာရှင် အကြီးအကဲတစ်ဦးဖြစ်သူ ရစ်ချတ်ဂျာရမ်က ပြောကြားသည်။
အိမ်ရာစီမံကိန်းအကျပ်အတည်းအတွက် ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ ထုတ်ပေးရန် စီစဉ်
အမေရိကန် သမ္မတ ဘာရက်အိုဘား မားသည် အိမ်၊ တိုက်ခန်းစသည့် အဆောက်အအုံများနှင့် ပတ်သက်ပြီး အကျပ်အတည်း ကြုံတွေ့နေသူများအား အကူအညီပေးရန်အတွက် ရန်ပုံငွေ ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ ထုတ် ပေးမည်ဖြစ်ပြီး ယင်းပြဿနာနှင့် အဆိုးဝါးဆုံး ကြုံတွေ့နေသည့် နီဗားဒါး မြို့တွင် စတင်ထုတ်ပေးမည်ဖြစ်သည်။
စွမ်းအင်မန်နေဂျာများ ပေါ်ထွက်လာစေရန် စီမံကိန်း စတင်မည်
ဥရောပ အဖွဲ့အစည်းတစ်ခုမှ ငွေကြေး မတည်မှုဖြင့် ပထမဦးဆုံး အာဆီယံ အသိအမှတ်ပြုစွမ်းအင်မန်နေဂျာများ ပေါ်ထွက်ရေး စီမံကိန်း (Asean Energy Manager Accreditation Scheme) ၂၀၁၀-၁၃ စတင်ရန် အတွက် ပထမဆုံးသင်တန်းတစ်ခုကို ယခု နှစ်ဇွန်လမတိုင်မီ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း United Engineering မှ အကြီးတန်းမန်နေဂျာ ဦးမြင့်ကျော်က ပြောသည်။
စပါးနှင့်ပဲ ဈေးကောင်းသဖြင့် လယ်သမားတို့ဘ၀ ပုံမှန်လည်ပတ်
"လယ်စရိတ်တွေအတွက် တစ်ဧကကို တစ်သောင်းနှုန်း လယ်ယာဖွံ့ဖြိုးရေးဘဏ်ကထုတ်ပေးပါတယ်။ အတိုးက တစ်ကျပ်ခွဲနှုန်းပါ။ ပြည်ခိုင်ဖြိုးကလည်း ဒီနှစ်မှာ ငွေလာ ချေးပေးပါတယ်။ တကယ်က လယ်စရိတ်က မိုး စပါး ဆိုရင် တစ်ဧကကို ငွေတစ်သိန်းဝန်းကျင် ရှိပါတယ်။ နွေစပါးဆိုရင်တော့ မျိုးပိုသုံးရတာ၊ အစာပိုကျွေးရတာ၊ ရေတင်ရတာတွေ ပိုလာလို့ စရိတ်နှစ်ဆ ........."
သံတမန်ဆက်ဆံရေး ပြန်လည်ကောင်းမွန်ရန် ဆောင်ရွက် မည်ဟု ဗြိတိန်သံအမတ်ကြီးပြောကြား
"မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ အတွင်းမှာ နိုင်ငံ ရေးအရရော၊ စီးပွားရေးအရပါ အဓိကကျတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်လောက်တဲ့ အလား အလာတွေ အများကြီးရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ် ပါတယ်။ အခုရရှိထားတဲ့ အောင်မြင်မှုတွေထက် ပိုမိုရရှိနိုင်တဲ့ စီးပွားရေး အင်အားလည်း ရှိပါတယ်။ ဒါပေမယ့် ဖြေရှင်းဖို့လိုတဲ့ နိုင်ငံရေးပြဿနာ တွေက ရှိနေသေးတယ်။ ကျွန်တော်ဒီမှာရှိနေတဲ့အချိန် အတောအတွင်း မှာ စီးပွားရေးအရ ပိတ်ဆို့အရေးယူထားခြင်းကို ဖျက်သိမ်းပေးနိုင်မယ် ဆိုရင်တော့ သိပ်ကောင်းမှာပေါ့လေ"![]()
- တရုတ်နယ်စပ်၌ လူကုန်ကူးသူများ ဖမ်းဆီးရမိ
- ပြည်ပ အရက်၊ ဘီယာ၊ စီးကရက်၊ ၀ိုင်နှင့် သောက်ရေသန့်များ အခွန်ထမ်းဆောင်ပြီး တံဆိပ်ကပ်ပြီးမှသာ ရောင်းချရတော့မည်
- မြန်မာအင်တာ နေရှင်နယ် တီဗီလိုင်း ထုတ်လွှင့်မည်
- အင်ဒို-မြန်မာ စီးပွားရေးမြှင့်မည်
ရေခဲဈေး ယမန်နှစ်ကထက် မမြင့်တက်နိုင်ဟုဆို
"ဒီနှစ်အနေအထားက ခန့်မှန်းဖို့ နည်းနည်းတော့ စောနေသေးတယ်။ ဒါပေမယ့် အသစ်ဆောက်တဲ့ စက်တွေ နဲ့ ထုတ်လုပ်မှုပိုများအောင် တိုးချဲ့လာတဲ့ စက်တွေလည်း ရှိလာတာကြောင့် ဒီနှစ် ရေခဲဈေးက မနှစ်ကထက်တော့ ဈေးမများနိုင်ဘူးလို့ ထင်တယ်။ နောက်ပြီး အသစ် တိုးချဲ့တဲ့လူတွေက အတွေ့ အကြုံအရ လျှပ်စစ်မီးအခက်အခဲ ......"![]()
ပန်းချီဆေးရေးချည်ထည်များ လူကြိုက်များလာလျက်ရှိနေ
"လွန်ခဲ့တဲ့လေးနှစ်လောက်ကတည်း ကပန်းချီ ဆေးရေးအထည်တွေ စပေါ်ခဲ့ပေမယ့် ချက်ချင်း ခေတ်စားလာတာမဟုတ်ပါဘူး။ အဲဒီတုန်းက ထုတ်လုပ်တဲ့သူလည်းနည်းပါသေးတယ်။ ပစ္စည်း ရှားပြီး ဈေးနှုန်းလည်း များပါတယ်။ ကျော်ကြားတဲ့သူတွေ၊ ငွေကြေး တတ်နိုင်တဲ့သူတွေ အော်ဒါမှာပြီး သီးသန့်ဝတ်ကြတာမျိုးပဲ ရှိခဲ့ပါတယ်။ အခုနောက်ပိုင်းမှာ ထုတ်တဲ့သူများလာပြီး အများသုံးဖြစ်လာတာကြောင့် ဈေးနှုန်းလည်း သက်သာလာပါတယ်။ ![]()
- ပြည်တွင်း ၀ယ်လက်ကြောင့် ပဲစင်းငုံဈေး ပြန်တက်လာ
- နယ်မြို့တေးရေးများကို အလေးထားမှု နည်းလာ
- ပဲတီစိမ်း ဈေးကောင်း
- တိရစ္ဆာန်ဥယျာဉ်သို့ ဟိုပင်မှ စပါးအုံးမြွေလှူဒါန်း
- ၀က်မကြီးက ဆင်နှင့်သဏ္ဌာန် တူသော ၀က်ကလေးမွေး
ရိုးရာဓလေ့ကို ဖက်တွယ်ရင်း မွေးရပ်မြေကို လွမ်းဆွတ်ကြသူတွေ
"အန်တီတို့အမေလက်ထက်အထိတော့ ထိုးကြသေး တယ်။ အန်တီတို့ လက်ထက်က စပြီးတော့ ပါးရဲထိုးတဲ့ အလေ့အထကမရှိတော့ဘူး။ အခု မျက်နှာမှာ ပါးရဲထိုး ထားတဲ့သူတွေက အသက်အရွယ်အားဖြင့်လည်းကြီးလာ ကြပြီ။ နောင်ငါးနှစ် ၁၀ နှစ်အတွင်းမှာ ဆိုရင်တောင် ဒီလို ရိုးရာဓလေ့အရ ပါးရဲထိုးထားတဲ့သူတွေကို ....." ![]()
ချိုးကြော် ရွရွလေး
"ညကတည်းက ရှမ်းဆန်ကို ရေစိမ်ရတယ်။ မနက်စောစောထပြီး ဆန်ကို ပေါင်းပါတယ်။ အငွေ့ထောင်းထောင်း ထနေတဲ့ ရှမ်းဆန်ပေါင်း ပူပူလောင်လောင်ကို အေးအောင် စောင့်မနေဘဲ လက်ဖ၀ါးနှစ်ဖက်နဲ့ အပါးဝိုင်းလေးတွေ ရအောင်ဖိပြီး အ၀ိုင်းပုံရအောင် ပုံသွင်းရတယ်။ ပြီးမှ နေပူပူမှာ နှစ်ရက်လောက် နေလှန်းပြီးမှ ကြော် ရတာ"
- ချစ်သောနိုင်ငံအတွက် ကခုန်နေကြသူများ
- ပလေးဘွိုင် သူဌေးကြီး ဆန္ဒရမက်တွေကြောင့် တရားစွဲခံရ
- ကြည်နူးမျက်ရည်တွေ၊ ပြောင်လှောင်သရော်မှုတွေနဲ့ အော်စကာ ဇာတ်လမ်းတွေ
- ခရီးသွားလုပ်ငန်းများအတွက် အင်တာနက် အရေးကြီး
မြန်မာပြည်က ဘောလုံးချစ်စိတ်ကိုမှ ချစ်မိနေ
"ကျွန်တော်ဒီကိုရောက်တာ ငါးလရှိပြီး ဒီနိုင်ငံမှာ ဘောလုံးစွမ်းပကားတွေ အများကြီးရှိနေတာလည်း တွေ့ပြီးပါပြီ။ မြန်မာနိုင်ငံက ဘောလုံးဆိုအရူးအမူးပဲ လေ။ ရန်ကုန်ယူနိုက်တက်အသင်းကိုကျွန်တော်နည်းပြ နေတာပါ။ ပိုင်ရှင်ကတော့ ဦးတေဇနဲ့သူ့သား ဖြိုးတေဇ ပါ။ သူ့တို့ရဲ့ မျှော်မှန်းချက်၊ သူ့တို့သွားချင်တဲ့နေရာ၊ သူတို့ရယူဖို့မျှော်လင့်ထားတဲ့ အောင်မြင်မှုကပဲ ကျွန်တော့ကို ဒီမှာ ရှိစေတာဖြစ်ပါတယ်။....![]()
တောင်ကိုရီးယား ရွှေခြောက်ခု အထိရ
ဖေဖော်ဝါရီ ၂၃ ရက်က ကနေဒါနိုင်ငံ၊ ဗန်ကူးဗား မြို့တွင် ကျင်းပသော ဆောင်းရာသီအိုလံပစ်အမျိုး သမီးဖစ်ဂါး စကိတ်တင်းပြိုင်ပွဲတွင် ရွှေဆုရသွား သော တောင်ကိုရီးယားမှ ကင်ယူနာ ယှဉ်ပြိုင် နေစဉ်။ ၎င်းသည် ကမ္ဘာ့ချန်ပီယံဆုရရှိထားပြီး အိုလံပစ်ရွှေဆုကိုလည်း ၂၂၈ ဒသမ ၅၆ မှတ်ဖြင့် ရရှိသွားသည်။ ![]()
- တာဝန်ရှိသူ နုတ်ထွက်ရန် ရုရှားသမ္မတ အမိန့်ပေး
- ဆောင်းရာသီအိုလံပစ်ပိတ်ပွဲ သန်းထောင်ပေါင်းများစွာ ကြည့်ရှု
- မြန်မာ့အသင်း ပြန်ရောက်ရှိ
- ချန်ပီယံ ရတနာပုံအသင်း အပြောင်းအလဲ ကြီးကြီးမားမား လုပ်ရန် မရှိ
- သန်း ၄၀၀ ကျော် ၀င်ငွေ ရီးယဲလ်မက်ဒရစ်ရရှိ
ချီလီငလျင်နှင့် ဆူနာမီကြောင့် ၇၀၀ ကျော်သေ
ချီလီငလျင်ကြောင့် သေဆုံးသူဦးရေသည် ဖေဖော်ဝါရီ လ ၂၈ ရက်နေ့တွင် ၇၀၀ ကျော် သွားပြီဖြစ်ကြောင်း၊ ကယ်ဆယ်သူများသည် အသက်မသေဘဲ ရှင်ကျန်နေ သူများကို ရှာဖွေလျက်ရှိကြောင်း၊ ကမ်းရိုးတန်းဒေသ တွင် ပင်လယ်ရေလှိုင်းကြီးများတက်လာပြီး အိုးအိမ်များ ကို ဆွဲချသွားကြောင်း၊ ဆူနာမီဖြစ်လာမည့်အရေးကို ကြိုတင် သတိမပေးနိုင်၍ အစိုးရက ပြည်သူလူထုကို တောင်းပန်ခဲ့ကြောင်းသိရှိရသည်။![]()
ဂရိနိုင်ငံ အကျပ်အတည်း အိုင်အမ်အက်ဖ် ကူညီနိုင်ပါ့မလား
ဥရောပတိုက်က မြေထဲ ပင်လယ်ကမ်းခြေနိုင်ငံလေးတစ်နိုင်ငံ ဖြစ်တဲ့ ဂရိနိုင်ငံဟာ အကြီးအကျယ် ပြဿနာနဲ့ကြုံတွေ့ နေရတယ်။ ဥရောပ တလုံးတစည်းဖြစ်ရေး မဟာအခွင့်အရေး တွေဟာ သူ့အဖို့ အချည်းနှီးပဲ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်က ဘဏ်အတိုး နှုန်းနည်းမှု၊ ရက်ရက်ရောရာ သုံးဖြုန်းခဲ့မှု၊ အစိုးရ ဘတ်ဂျက်လိုငွေပြမှုပိုများလာမှုတွေဟာ အစိုးရ ရဲ့အကြွေးတွေကို အန္တရာယ်ရှိတဲ့ အထိ ရောက်လာစေတယ်။![]()
ဖေဖော်ဝါရီလ ၂၃ ရက်နေ့က တရုတ်နိုင်ငံအရှေ့ဘက် ကျန်ဆူပြည်နယ်၊ ဆူဟူးရှိ တိုင်ဟူကန်အတွင်း ရေမှော် ရေညှိပင်များစားသည့် ငါးများကို အရာရှိများက လွှတ် ပေးနေစဉ်။ ပြင်းထန်သည့် ပတ်ဝန်းကျင် ညစ်ညမ်း စေသည့် မိလ္လာအညစ်အကြေး၊ စက်မှုလုပ်ငန်းနှင့် စိုက်ပျိုးရေးတို့မှ စွန့်ပစ်ပစ္စည်းများကြောင့် စိမ်းပြာ ရောင်ဖြစ်နေသည့် ရေမှော်ရေညှိများဘေးမှ ကာကွယ် ရန် အာဏာပိုင်များက ယခုလို ငါးကောင်ရေ သန်း ၂၀ ကို နိုင်ငံ၏ အလှပဆုံးကန်များထဲသို့ လွှတ်ပေးလျက် ရှိသည်။ ယင်းစီမံကိန်းအတွက် အစိုးရငွေနှင့်အများ ပြည်သူမှ လဈဒါန်းသည့်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်း ကုန်ကျမည်ဟု သိရသည်။ အေအက်ဖ်ပီ
ပါကစ္စတန်-စီအိုင်အေဆက်ဆံရေး ပူးပေါင်းတိုးချဲ့မှု
တာလီဘန်ဝါရင့် ခေါင်းဆောင် မူလာအဗ္ဗဒူဂါနီဘာ ရာဒါးကို ဖမ်းဆီး မိစေခဲ့သော စစ်ဆင်ရေးကဲ့သို့ အမေရိကန် ဗဟိုထောက်လှမ်းရေး (စီအိုင်အေ)နှင့်ပါကစ္စတန် ထောက်လှမ်းရေးအရာရှိတို့ ပူးတွဲဆောင် ရွက်သည့် စစ်ဆင်ရေးမျိုးမှာယခုအခါ တွေ့နေကျ၊ မြင်နေကျ ဖြစ် လာခဲ့ကြောင်း ပါကစ္စတန်ထောက်လှမ်းရေးအဖွဲ့မှ မကြာမီကာလ အတွင်းက အငြိမ်းစားယူခဲ့သောထောက်လှမ်းရေးအရာရှိတစ်ဦးဖြစ်သူ The Christian Science Monitor သတင်းစာ၏သတင်းထောက် တစ်ဦးအား ရှင်းလင်းပြောကြားသွားခဲ့သည်။
- သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများ စိတ်ကူးထား သောအိမ်မျိုး ဂျပန်တွင် ပေါ်လာ
- တိုယိုတာက Lexus ထုတ်လုပ်မှု ရပ်ထားမည်
- တရုတ် (တိုင်ပေ) မှ ဖော်မိုဆာကုမ္ပဏီ ဗီယက်နမ်၌ သံမဏိ စက်ရုံထောင်မည်
- ၁၉၆၄ တိုကျိုအိုလံပစ်မှ ၂၀၁၆ အိုလံပစ်ဆီသို့
- ဟေတီငလျင်အပြီး ၀မ်းနည်းကြေကွဲဖွယ်နေ့ကျင်းပ



