Now! Fashion Forward

တောင်ဥက္ကလာပက စိတ်ကြိုက်အိမ်တစ်လုံး

House Of The Weekခြံအကျယ်အ၀န်းစတုရန်းပေ ၃,၅၀၀ (ပေ ၅၀x ပေ ၇၀) တောင် ရှိတဲ့အတွက် မိသားစု အဆင်ပြေပြေနဲ့နေနိုင်မှာပါ။ ခြံထဲမှာ ပန်းခြံအသေးစားနဲ့ မြက်ခင်းပြင်ပြုပြင်ဖန်တီးဖို့နေရာလေးရယ်၊ ကွန်ကရစ် ခင်းမျက်နှာစာရယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကားတစ်စီးစာရပ်နားနိုင်ဖို့ ကားဂိုဒေါင် လေးကလည်း အိမ်နဲ့ တွဲလျက်ရှိပါတယ်။ .......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

တောင်ဥက္ကလာပက စိတ်ကြိုက်အိမ်တစ်လုံး

အေးသီတာကျော်
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၆)
News Pic
တည်နေရာ - တောင်ဥက္ကလာပမြို့နယ်။
ဈေးနှုန်း - ကျပ်သိန်း ၁,၃၀၀(အရောင်း)။
ဆက်သွယ်ရန် - (မြ) ပန်းသခင် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း။
ဖုန်း - ၂၂၉ ၃၆၀၊ ၀၉၅ ၁၄၈ ၈၆၈။

လက်စမသတ်သေးတဲ့အိမ်ကို အသေ အချာမွမ်းမံပြင်ဆင်ဖို့ ၀န်မလေးဘူး ဆိုရင်၊ ဒါမဟုတ် နေရာကောင်းမှာ ဈေးနှုန်း အသင့် အတင့်နဲ့ အိမ်မျိုးလိုချင် တယ်ဆိုသူတွေအတွက် တောင်ဥက္ကလာပ မြို့နယ်မှာ နှစ်ထပ်အိမ်လေးတစ်လုံး ရှိပါတယ်။

တောင်ဥက္ကလာပမြို့နယ်က အားလုံး သိတဲ့အတိုင်းပါပဲ။

စီးပွားရေးအချက် အချာကျပြီး သွားရေးလာရေးအတွက်လည်း လွယ်ကူအဆင်ပြေစေတဲ့နေရာ ကောင်းတစ်ခုပါ။

မြို့လယ်ကောင်ကနေ မိနစ် ၃၀ စာ အကွာအဝေးမှာရှိတဲ့ အိမ်လေးက သံသုမာလမ်းမကြီးနေ ကွေ့ဝင်သွားရတဲ့ မြိုင်တန်းသာ လမ်းသွယ် ထဲမှာပါ။

ခြံအကျယ်အ၀န်းစတုရန်းပေ ၃,၅၀၀ (ပေ ၅၀x ပေ ၇၀)တောင် ရှိတဲ့အတွက် မိသားစု အဆင်ပြေပြေနဲ့ နေနိုင်မှာပါ။

ခြံထဲမှာ ပန်းခြံအသေးစားနဲ့ မြက်ခင်းပြင်ပြုပြင်ဖန်တီးဖို့ နေရာလေး ရယ်၊ ကွန်ကရစ်ခင်းမျက်နှာစာရယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။

ကားတစ်စီးစာရပ်နားနိုင်ဖို့ ကားဂိုဒေါင်လေးကလည်း အိမ်နဲ့ တွဲလျက်ရှိပါတယ်။

သက်တမ်းလေးနှစ်ရှိပြီဖြစ်တဲ့ အိမ်ရဲ့ အပြင်ဘက်ပိုင်း အပြင်အဆင်က အတော်လေး အဆင်ပြေပါတယ်။

ဒါပေမယ့် အတွင်းပိုင်းကတော့ နည်းနည်း ပြောစရာရှိပါတယ်။ အိမ်ရဲ့အတွင်းပိုင်း နှစ်ထပ်စလုံးကို ကွန်ကရစ်ပဲ ခင်းထားတဲ့အတွက် ကြွေပြား သို့မဟုတ် ပါကေးခင်းပြီး မျက်နှာကြက် မီး တပ်ဆင်မယ်၊ ဆေးကိုလည်း ပြန်သုတ်ပေးမယ်ဆိုရင်တော့ ပြည့်စုံ သွားမှာဖြစ် ပါတယ်။

အကျယ်အ၀န်းက တစ်ထပ်ကို စတုရန်းပေ ၁,၀၀၀ ကျော် (၃၂ ပေ ပတ်လည်) ရှိပြီးအောက်ထပ်မှာ ထမင်းစားခန်းတွဲလျက် ဧည့်ခန်း တစ်ခန်း၊ မီးဖိုခန်း၊ စတိုခန်းနဲ့ ရေချိုးခန်း အိမ်သာတို့ ပါရှိပါတယ်။

ဧည့်ခန်းနဲ့ ကပ်လျက်မှာပဲ စာကြည့်ခန်းအဖြစ် သုံးနိုင်တဲ့ အခန်းငယ်လေးလည်းပါပါတယ်။

အိမ်ပေါ်ထပ်မှာ ရေချိုးခန်းအိမ်သာ ပါအိပ်ခန်းကျယ်တစ်ခန်း၊ နှစ်ယောက် အိပ်ခန်းတစ်ခန်းနဲ့ ရေချိုးခန်းအိမ်သာ တစ်ခုပါဝင်ပါတယ်။
လှေကားနားမှာလည်း အသင့်အတင့် ကျယ်ဝန်းတဲ့နေရာလေးတစ်ခုရှိသေးလို့ ဘုရားခန်းငယ်လေးအဖြစ်သုံးလို့ရနိုင်ပါတယ်။ အဲဒီကနေ အိမ်ရှေ့မျက်နှာစာက ကျယ်ဝန်းတဲ့ ၀ရန်တာဆီကိုလည်း ထွက်လို့ရတယ်လေ။

ပြတင်းပေါက်လုံလုံလောက်လောက် ပါရှိပြီး အခန်းတိုင်းလိုလိုအလင်းရောင်နဲ့ လေ၀င်လေထွက်ကောင်းမွန်တာကလည်း ဒီအိမ်လေးရဲ့ အားသာချက်တစ်ခုပါပဲ။

ကိုယ်ပိုင်မီတာတစ်လုံးနဲ့ အ၀ီစိရေ စနစ်တို့ ပါရှိပါတယ်။

ဒါကြောင့် စိတ်ကြိုက်ပြင်ဆင်လိုသူတွေ လက်မလွှတ်သင့်ဘူးလို့ ဆိုချင်ပါတယ်။