
တောင်ဥက္ကလာပက စိတ်ကြိုက်အိမ်တစ်လုံး
ခြံအကျယ်အ၀န်းစတုရန်းပေ ၃,၅၀၀ (ပေ ၅၀x ပေ ၇၀) တောင် ရှိတဲ့အတွက် မိသားစု အဆင်ပြေပြေနဲ့နေနိုင်မှာပါ။ ခြံထဲမှာ ပန်းခြံအသေးစားနဲ့ မြက်ခင်းပြင်ပြုပြင်ဖန်တီးဖို့နေရာလေးရယ်၊ ကွန်ကရစ် ခင်းမျက်နှာစာရယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကားတစ်စီးစာရပ်နားနိုင်ဖို့ ကားဂိုဒေါင် လေးကလည်း အိမ်နဲ့ တွဲလျက်ရှိပါတယ်။ .......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
တင်သွင်းဘိလပ်မြေများ နှစ်ဆန်းပိုင်းတွင် ၀ယ်လိုအားကြောင့် ဈေးမြင့်မား
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၆)

စော်ဘွားကြီးကုန်းရှိ ရွှေမေတ္တာအိမ်ဆောက်ပစ္စည်းအရောင်းဆိုင် တွင် အလုပ်သမား များ ဘိလပ်မြေအိတ်များသယ်ယူနေစဉ်။ ဓာတ်ပုံ-လွင်မောင်မောင်
ပွင့်လင်းရာသီ သုံးစွဲလိုအားများမှု၊ နေပြည်တော်စီမံကိန်းများနှင့် ပြည်ပ တင်သွင်းတံဆိပ်များဈေးကွက်သို့ အ၀င် နည်းသည့် အချက်များက တင်သွင်း ဘိလပ်မြေဈေးနှုန်းကို ယခုနှစ်ဆန်းတွင် မြင့်တက်လာစေ ကြောင်း ဆောက်လုပ်ရေးအသိုင်းအ၀ိုင်းမှ သိရသည်။
"အခုအချိန်က ပွင့်လင်းရာသီဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းတွေက ၀ယ်လို အားများတဲ့အတွက် ဈေးမြင့်လာတာ ဖြစ်ပါတယ်။ ထိုင်းက တင်သွင်းတဲ့ ဆင် တံဆိပ် ဘိလပ်မြေဆိုရင် ဇန်န၀ါရီ လဆန်းမှာ တစ်အိတ်ကို ကျပ် ၅,၈၀၀ ကနေ ဖေဖော်ဝါရီလလယ်မှာ ကျပ် ၇,၂၀၀ အထိ တက်သွားပါတယ်။ စိန်တံဆိပ်လည်း ၇,၄၀၀ လောက် ဖြစ် သွားပါတယ်"ဟု မိတ်ဆွေများ အိမ် ဆောက်ပစ္စည်းအရောင်းဆိုင်မှ တာဝန် ရှိသူတစ်ဦးကပြောသည်။
တင်သွင်းဘိလပ်မြေများဈေးမြင့်လာရခြင်းအကြောင်းတွင် ပို့ကုန်ရငွေ (export earning) များဈေးတက်လာ ခြင်းကြောင့်လည်း ပါဝင်ကြောင်း သိရသည်။
"တင်သွင်းခွင့်ရချင်သူတွေကပို့ကုန်ရ ငွေရှိမှ ရမှာဖြစ်တဲ့အတွက် earning ဈေးက ဒေါ်လာဈေးထက် တစ်ရာလောက် မြင့် သွားတယ်။ ပုံမှန်ဆို ၂၀-၂၅ လောက်ပဲကွာတာ"ဟု ၎င်းကပြောသည်။
တင်သွင်းဘိလပ်မြေဈေးနှုန်းများသည် ၂၀၀၉ ခုနှစ်တွင် တစ်အိတ်လျှင် ကျပ် ၈,၃၀၀ အထိ အမြင့်ဆုံးတက်ခဲ့သော်လည်း ယခု အကြိမ်တွင်မူ ထိုဈေးနှုန်း အထိ ရောက်နိုင်မည်မဟုတ်ကြောင်း ၎င်းက ခန့်မှန်းပြောကြားသည်။
ဘိလပ်မြေဈေးကွက်တွင် ပြည်တွင်းထုတ် ကြံ့တံဆိပ်သည် နေပြည်တော် တည်ဆောက်ရေး၊ အစိုးရစီမံကိန်းများတွင် အဓိက သုံးစွဲသည့်အတွက် ဈေးကွက်သို့ ၀င်ရောက်မှုအလွန်ပင် နည်းလှသည်။
ထို့အတွက်ဈေးကွက်တွင် တင်သွင်း တံဆိပ်များကို သုံးစွဲမှုများပြီး ၀ယ်လိုအားနှင့် ဖြန့်ဖြူးမှု မမျှသောအခါတွင် ဈေးများကြီးမြင့် သွားခြင်းဖြစ်ကြောင်း တင်သွင်းသူတစ်ဦးက ပြောကြားသည်။
"၀ယ်လိုအားက ဈေးကွက်ထဲမှာရှိတဲ့ အရေအတွက်ထက် သုံးလေးဆလောက် ရှိနေတယ်။ နေပြည်တော်စီမံကိန်းတွေကလည်း သုံးစွဲမှုများသလို ရန်ကုန်သာမက နယ်တွေမှာဆိုလည်း သစ်ဈေးကြီးတဲ့အတွက် ဘိလပ်မြေသုံးစွဲမှု ပိုလာတယ်"ဟု ၎င်းကရှင်းပြသည်။
ဘိလပ်မြေဈေးကွက်ကို ပြန်လည်သုံး သပ်ကြည့်လျှင် ၂၀၀၃ တွင် တင်သွင်းခွင့် ဖွင့်လှစ်ခဲ့သော်လည်း ဈေးကွက်တွင် ပြည်တွင်း ဘိလပ်မြေများ ဖူလုံစွာရှိမှုကြောင့် အမြတ်အစွန်းအရ တွက်ခြေ မကိုက်သည့်အတွက် တင်သွင်းသူ နည်းပါးခဲ့သည်။
"၂၀၀၃ မှာ တင်သွင်းခွင့်ဖွင့်လိုက်ပေမယ့် ပြည်တွင်းကြံ့တံဆိပ်က ဈေးကွက်ထဲမှာ လုံလုံလောက်လောက် ရနေတာကြောင့် တင်သွင်းရင် အရှုံးတောင် ပေါ်နိုင်တဲ့အတွက် ဘယ်သူမှ မသွင်းကြဘူး။ "ဒါပေမယ့် နေပြည်တော်ပေါ်ပေါက် ပြီးနောက်ပိုင်း ကြံ့တံဆိပ်က အစိုးရစီမံ ကိန်းတွေအတွက် သုံးစွဲမှုများလာတာ ကြောင့် ဈေးကွက်ဘိလပ်မြေလိုအပ် ချက်အရတင်သွင်းသူ များလာတာပါ" ဟု ပြောသည်။
တင်သွင်း ဘိလပ်မြေများဈေးကွက်သို့ အ၀င်နည်းနေခြင်းက ထိုင်းနိုင်ငံရှိ ဆင်တံဆိပ်ဘိလပ်မြေစက်ရုံ ပြုပြင်နေခြင်းကြောင့် ဖြစ်ကြောင်းသိရသည်။
လက်လီဈေးကွက်တွင် ရောင်းချသိုလှောင် ရန်နည်းပါးလာသည့်အတွက် အပြိုင်အဆိုင်ခေါ်ဈေးက တင်သွင်းတံဆိပ် အားလုံးကို ဈေးမြင့်စေသည်ဟုလည်း သိရသည်။
ရွှေမေတ္တာ ဘိလပ်မြေအရောင်း ဆိုင်မှပိုင်ရှင်တစ်ဦးက တစ်အိတ်ခုနစ် ထောင်ကျော်ရှိသော တင်သွင်းဘိလပ်မြေများသည် ဈေးကွက်သို့ ဖြန့်ဖြူးမှု ပုံမှန် ပြန်လည်ဝင်ရောက်လာချိန်ဖြစ်သော မတ်လထဲတွင် ပြန်လည်ကျဆင်းနိုင်ကြောင်း ပြောသည်။
ထိုင်းရှိ စက်ရုံပြန်လည်လည်ပတ်ပြီး ဈေးကွက်လှိုင်လှိုင်ဝင်ချိန်တွင်ဘိလပ် မြေဈေးကျနိုင်သည်ဟု ခန့်မှန်းကြသော်လည်း ပွင့်လင်း ရာသီ သုံးစွဲလို အားကြောင့် မိုးတွင်းအခါမှသာ သိသိသာသာ ကျဆင်းမည်ဟု ဆက်စပ် အသိုင်းအ၀ိုင်းက ခန့်မှန်းကြသည်။
ဈေးကွက်တွင် ထိုင်းမှ တင်သွင်းမှု အများဆုံးဖြစ်ပြီး မလေးရှား၊ ပါကစ္စတန် တို့မှလည်း အနည်းငယ်ရှိကြောင်း သိရသည်။