
တောင်ဥက္ကလာပက စိတ်ကြိုက်အိမ်တစ်လုံး
ခြံအကျယ်အ၀န်းစတုရန်းပေ ၃,၅၀၀ (ပေ ၅၀x ပေ ၇၀) တောင် ရှိတဲ့အတွက် မိသားစု အဆင်ပြေပြေနဲ့နေနိုင်မှာပါ။ ခြံထဲမှာ ပန်းခြံအသေးစားနဲ့ မြက်ခင်းပြင်ပြုပြင်ဖန်တီးဖို့နေရာလေးရယ်၊ ကွန်ကရစ် ခင်းမျက်နှာစာရယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကားတစ်စီးစာရပ်နားနိုင်ဖို့ ကားဂိုဒေါင် လေးကလည်း အိမ်နဲ့ တွဲလျက်ရှိပါတယ်။ .......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
အီလက်ထရွန်းနစ် ကုန်စည် ဒိုင်စနစ် ယခုနှစ်၌ စမည်
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၆)
မြန်မာနိုင်ငံ၏ အကြီးဆုံးကုန်စည်ဒိုင် ကြီးဖြစ်သော ရန်ကုန်မြို့ရှိ ဘုရင့်နောင် ကုန်စည်ဒိုင်အပါအ၀င် ပြည်နယ်နှင့် တိုင်းများရှိ ကုန်စည်ဒိုင်အချင်းချင်း အွန်လိုင်းမှတစ်ဆင့် ဆက်သွယ်ကာ လုပ်ငန်းဆောင်ရွက်နိုင်မည့် အီလက် ထရွန်းနစ် ကုန်စည်ဒိုင်စနစ် (Information Network System for Commodity Exchange System) တစ်ရပ်ကို ယခုနှစ်အတွင်း စတင်အကောင် အထည် ဖော်ဆောင်ရွက်မည်ဖြစ်သည်။
ထိုစနစ် အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် မြန်မာကုန်သည် စက်မှုအသင်းချုပ်နှင့် မြန်မာ့သတင်း အချက်အလက် နည်းပညာကော်ပိုရေး ရှင်းတို့အကြား နားလည်မှုစာချွန်လွှာကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် လက်မှတ် ရေးထိုးခဲ့သည်။
"ဒီစနစ်အရ ပထမအဆင့် အကောင် အထည်ဖော်တဲ့အခါ အွန်လိုင်းမှာ ၀က်ဘ်ပေါ်တယ်လ်တစ်ခု တည်ဆောက်ပြီး အဲဒီအပေါ်မှာ နယ်အလိုက် ကုန်စည်ဒိုင်တွေက ကုန်စည်ပေါက်ဈေးလိုမျိုး သတင်းအချက်အလက်တွေကို ၀င်ရောက် ဖြည့်သွင်းပေးရမှာပါ။ အခုကတော့ ကုန်စည်ဒိုင်တစ်ခုနဲ့ တစ်ခုချိတ်ဆက် ဆောင်ရွက်တဲ့အခါမှာ ဖုန်းနဲ့လည်း ဆက်သွယ်ကြသလို သတင်းလွှာကို ဖက်စ်နဲ့ပေးပို့တာရှိပေမယ့် ဒီစနစ်တွေမှာ အခက်အခဲတွေအများကြီးရှိပါတယ်" ဟု မြန်မာနိုင်ငံကုန်သည် စက်မှုအသင်းချုပ် ဒု-ဥက္ကဋ္ဌ ဦးသောင်းတင်က ပြောကြားသည်။
ထိုကဲ့သို့ ကုန်စည်ဒိုင်များက သတင်း အချက်အလက်များကို ပုံမှန်ထည့်သွင်း ပေးခြင်းအားဖြင့် သက်ဆိုင်ရာကုန်စည် ဒိုင်များတွင် ရောင်းဝယ်လျက်ရှိသည့် ကုန်စည်ပေါက်ဈေးများကို အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်မည်ဖြစ်ပြီး ကုန်စည် ဒိုင်တစ်ခုနှင့်တစ်ခုအကြား ဈေးနှုန်း ကွာဟခြင်းကိုပါ ကာကွယ်နိုင်မည်ဖြစ် ကြောင်း၊ အွန်လိုင်းမှတစ်ဆင့် အရောင်း အ၀ယ်ပြုလုပ်နိုင်သည့်အထိ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုစနစ် အကောင်အထည်ဖော်ရေးတွင် နည်းပညာပိုင်းအရ တာဝန်ယူ ဆောင်ရွက်မည့် မြန်မာ့သတင်းအချက်အလက် နည်းပညာ ကော်ပိုရေးရှင်း အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ဇော်မြင့် ကလည်း ၎င်းတို့အနေဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းနှင့် အသေးစိတ်ဆွေးနွေးပြီး ထိုစနစ်ကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြောကြားသည်။