
မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်
ဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)

တည်နေရာ - ဗိုလ်တထောင်မြို့နယ်။
ဈေးနှုန်း-ကျပ်သိန်း ၁,၄၀၀(အရောင်း)ညှိနှိုင်း။
ဆက်သွယ်ရန် - (မြ) ပန်းသခင် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း။
ဖုန်း - ၂၉၉၃၆၀၊ ၀၉၅ ၁၄၈၈၆၈။
လုံးချင်းအိမ်တွေဘက်ကိုပဲ ဦးတည် နေခဲ့တာကြာပြီဆိုတော့ ဒီတစ်ပတ် ဦးတည်မိခဲ့တာက ဗိုလ်တထောင် မြို့နယ်က ကွန်ဒိုတိုက်ခန်းကျယ်လေး ဆီကိုပါ။
မြို့လယ်ကောင်မှာပဲ အခန်းကျယ် ကျယ်ဝန်းဝန်းနဲ့ နေချင်တယ်ဆိုသူ တွေ အတွက် စဉ်းစားဖို့ နေရာကောင်းလေး တစ်ခုလို့ ဆိုနိုင်ပါတယ်။
ဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော် လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့် မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိပါတယ်။
အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော်လမ်းနဲ့ ကျောက် တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်းတွေကို ရှုမြင်နိုင်မယ်၊ လေကောင်း လေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါ တယ်။
စတုရန်း ၁,၈၂၄ ပေ(၃၈ ပေx၄၈ ပေ) ကျယ်ဝန်းပြီး အိပ်ခန်းငါးခန်း ပါဝင်တဲ့ အတွက် မိသားစုဦးရေ များမယ်ဆိုလည်း သိပ်စိုးရိမ်စရာ မရှိပါဘူး။
အခန်းထဲကိုဝင်ဝင်ချင်းမှာ တွေ့ရမှာက တစ်ခန်းလုံးရဲ့ တစ်ဝက်စာ နီးပါးလောက် ရှိမယ့် ဧည့်ခန်းကျယ်ကြီးကိုပေါ့။
အစိမ်းနုရောင်သုတ်ထားတဲ့ နံရံရယ်၊ သစ်ထည်တွေနဲ့ အလှဆင်ထားတဲ့ မျက်နှာကြက်တွေက အတွင်းအလှ အပကို အပြည့်အ၀ပုံဖော်ထားသလို ကြမ်းပြင်ကတော့ ကွန်ကရစ်ပေါ်မှာ ကော်ဇောထပ်ခင်းထားပေးပါတယ်။
ထမင်းစားတဲ့ နေရာကလည်း ဧည့်ခန်း နဲ့ တစ်ဆက်စပ်တည်းမှာပဲ ရှိနေပါတယ်။
အခန်းဖွဲ့စည်းမှုက တစ်အိမ်လုံးမှာ ရှိတဲ့ အခန်းတွေကို ဧည့်ခန်းထဲကနေ တိုက်ရိုက်ဖြတ်သွားရမယ့်ပုံစံပါ။
ရေချိုးခန်းအိမ်သာပါ အိပ်ခန်းကျယ် တစ်ခန်းနဲ့ တစ်ယောက်အိပ်ခန်း လေးခန်းပါဝင်တယ်ဆိုတော့ အခန်းများများ ကြိုက်တဲ့သူတွေ အိုကေနိုင်မယ် ထင်တယ်နော်။ တချို့အိပ်ခန်းတွေကို ကြွေပြားကပ်ထားပြီး တချို့ကိုတော့ ဧည့်ခန်းထဲက အရောင်အတိုင်းပဲ ဆေးသုတ်ထားပါတယ်။
အခန်းက ထောင့်ခန်းဖြစ်ပြီး ပြတင်း ပေါက်များများပါရှိတဲ့အတွက် လေ၀င် လေထွက်နဲ့ အလင်းရောင်ကောင်းကောင်း မရမှာ မပူရဘူးပေါ့။
အဆောက်အအုံသက်တမ်းက ဆယ်နှစ်ဝန်းကျင်မှာရှိပေမယ့် အနေ အထား ကောင်းမွန်တဲ့ အခြေအနေမှာ ရှိနေပါသေးတယ်။
လေအေးပေးစက်ငါးလုံးနဲ့ ဆိုဖာ ဆက်တီတစ်စုံတို့ ပါရှိပြီးဖြစ်တဲ့အပြင် ကိုယ်ပိုင်မီတာတစ်လုံးနဲ့ ဖုန်းလိုင်း တစ်လိုင်းလည်း တပ်ဆင်ထားပါသေးတယ်။
ရေရရှိဖို့ကတော့ ကွန်ဒိုရဲ့ရေပေးဝေ မှု စနစ်အတိုင်းပဲဖြစ်ပြီး နေထိုင်သူတွေ အနေနဲ့ အထွေထွေဝန်ဆောင်မှုပါရှိတဲ့ အတွက် တစ်လ ကို ကျပ် ၁၀,၅၀၀ လစဉ် ပေးသွင်းသွားရပါမယ်။
မြို့တွင်း နေရာကောင်းတွေကို နှစ်သက်တဲ့ သူတွေအတွက် အထပ်မြင့်ကွန်ဒို နေရာကောင်းတစ်ခုအဖြစ် ဒီတစ်ပတ် မိတ်ဆက်ပေး လိုက်ရပါတယ်။