Now! Fashion Forward

မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်

House Of The Weekဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ဂျန့်တင်းန်အုပ်စု မလေးရှားတွင် ပိုမိုရင်းနှီးမြှုပ်နှံရန် စီစဉ်

(အေးရှားပရောပါးတီး)
သီရိမင်းထွန်း ဘာသာပြန်သည်။
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)

ဂျန့်တင်းန်အုပ်စုက အစ္စကန်ဒါ မလေးရှားတွင် ရီဆော့ဝါ့ဒ်ဆန်တိုဆာ အပြင် ရှော့ပင်းမောလ်၊ ရီဆော့နှင့် ပန်းခြံ စသည့် ပိုမို ကောင်းမွန်သည့် စီမံကိန်းများတွင် တိုးချဲ့လုပ်ဆောင်ရန် လေ့လာ သုံးသပ်နေကြောင်း ကုမ္ပဏီ ၄၅ နှစ်မြောက် အခမ်းအနားတွင် အမှုဆောင်အရာရှိချုပ် လင်မ်ကော့ခ် သေးက ကွာလာလမ်ပူမြို့၌ ပြောကြား ခဲ့သည်။

အမေရိကန်အခြေစိုက် ဆိုင်မွန် ပရောပါးတီးအုပ်စုနှင့် ဖက်စပ်လုပ်ကိုင် သည့် အာရှ၏ အကြီးဆုံးတရားဝင် လောင်းကစားလုပ်ငန်းက ရှော့ပင်း ကွန်ပလက်စ် ဆောက်လုပ်ရေးအတွက် မလေးရှားရင်းဂစ် သန်း၂၀၀ (စင်ကာပူ ဒေါ်လာ ၈၃ သန်း) ရင်းနှီးမြှုပ်နှံ ထားသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုက အစ္စကန်ဒါကို စီးပွားရေးအချက်အချာ ဒေသ ဖြစ်လာစေရေးနှင့် ဧည့်သည်များကို ပိုမိုဆွဲဆောင်နိုင်ရေး အတွက် နောက်ထပ်တိုးချဲ့ ဆောင်ရွက်သည့် အကြီးစားစီမံကိန်းများတွင် ပါဝင်သည်။

ဂျန့်တင်းန်အုပ်စုကို ဂျန့်တင်းန် ဘီအိပ်ခ်ျဒီ၊ ဂျန့်တင်းန် မလေးရှား ဘီအိပ်ခ်ျဒီ၊ ဂျန့်တင်းန်ပလန်တေးရှင်းန် ဘီအိပ်ခ်ျဒီနှင့် ဂျန့်တင်းန် စင်ကာပူ ပီအယ်လ်စီဟု အမည်ရသည့် ကုမ္ပဏီ လေးခုဖြင့် ဖွဲ့စည်းထားသည်။

ယင်းအုပ်စုသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကုန်ပိုင်းတွင် ဈေးကွက် ရင်းနှီးမြှုပ်နှံမှု ရင်းဂစ် ၈၄ ဒသမ ၅ ဘီလျံ စုပေါင်းရင်းနှီးမြှုပ်နှံ ခဲ့သည်။