
မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်
ဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ငလျင်ဒဏ်ခံစနစ် ပိုမိုဂရုပြုရန်လိုကြောင်း ပညာရှင်များသုံးသပ်
ထားထားခင်
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)

ဟေတီသမ္မတအိမ်အနီး အပျက်အစီးများကို ဇန်န၀ါရီ နောက်ဆုံးပတ်က တွေ့မြင်ရစဉ်။ ဓာတ်ပုံ- အေအက်ဖ်ပီ
ဟေတီနိုင်ငံတွင် ဇန်န၀ါရီလ ဒုတိယ ပတ်၌ ရစ်ခ်ျတာစကေး ၇ ဒသမ သုည အဆင့်ရှိ အလွန်ပြင်းထန်သော ငလျင် လှုပ်ခတ်သွားခဲ့ရာ ယင်း အကျိုးဆက် အဖြစ် အဆောက်အအုံများ၏ ကြံ့ခိုင်မှုကို အထူးအလေး ပေးရတော့မည် ဖြစ် ကြောင်း မြန်မာနိုင်ငံမှ ကျွမ်းကျင်ပညာ ရှင်များက ထောက်ပြပြောဆိုသည်။
ကြိုတင်ကာကွယ်တားဆီး၍မရသော သဘာဝဘေးအန္တရာယ် တစ်ခုဖြစ်သည့် မြေငလျင်သည် မြေပြင်ပြတ်ရွေ့လှုပ်ရှား မှုနှင့် အခြားဆက်စပ်အကြောင်းအရာများ ပေါ်တွင်လည်းများစွာ မူတည်နေသည်။
ထို့ကြောင့် ငလျင်ဒဏ်ကာကွယ်နိုင်ရန် အထပ်မြင့် အဆောက် အုံများတွင် ငလျင်ခံ ဒီဇိုင်းထည့်သွင်းခြင်းနှင့်အတူ ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့်သိရှိ စေရန် အသိပညာပေးခြင်းများ ဆောင်ရွက်သင့်ကြောင်း မြန်မာနိုင်ငံ ဘူမိသိပံ္ပအသင်းဥက္ကဋ္ဌနှင့် ငလျင် ကော်မတီဒုဥက္ကဋ္ဌဒေါက်တာဝင်းဆွေ က တိုက်တွန်း ပြောကြားသည်။
ပြောင်းလဲလာသော မြို့ပြလူနေမှုပုံစံ အရ ယခင်က ရိုးရှင်းသော သစ်သား အိမ်များမှ အဆင်တန်ဆာအမျိုးမျိုး ခြယ်သထားသော လုံးချင်းတိုက်များ၊ ဒီဇိုင်းဆန်းပြားသည့် အိမ်ရာများ ဖြစ်ပေါ်လာသည်။
ယင်းတို့သည် ခေတ်နှင့်လိုက်လျော ညီထွေမှုရှိသော်လည်း ခိုင်ခံ့မှု ဦးစား ပေးသော သစ်သားအိမ်လောက် ငလျင်ဘေးဒဏ် မကာကွယ်နိုင်ကြောင်း ၎င်းက ထင်မြင်ချက်ကိုပြောသည်။
မြန်မာနိုင်ငံ၌လှုပ်ခတ်ခဲ့သော ငလျင် များသည်အခြားနိုင်ငံများနှင့် ယှဉ်လျှင် ပြင်းအားအတူတူပင်ဖြစ်သော်လည်း အပျက်အစီးနည်း ခဲ့ခြင်းမှာ ထိုအချိန်က တည်ဆောက်ခဲ့သော အဆောက်အအုံ အရေအတွက်မှာ ယခုကာလနှင့်ယှဉ်လျှင် သိသာစွာ နည်းပါးမှုကြောင့် ဖြစ်ကြောင်းသိရသည်။
မြေငလျင်လှုပ်ခတ်မှုသည် နှစ်ပေါင်း ၃၀၀ ခန့်ကြာမှ တစ်ခါပေါ်ပေါက်လေ့ ရှိသည့်အတွက် လူအများစု မေ့လျော့နေလေ့ ရှိခြင်း ကြောင့် စဉ်ဆက်မပြတ် လေ့လာသုံးသပ်မှုများပြုလုပ်၍ ပြည်သူ လူထုသိရှိအလေးထားအောင် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက် သင့်ကြောင်း ၎င်းက အကြံပြုပြော ဆိုသည်။
"မြန်မာနိုင်ငံမှာ ငလျင်နဲ့ ပတ်သက်လို့ ခံနိုင်ရည်ရှိတဲ့ ဒီဇိုင်းမျိုးတွေကို သိပ် မစဉ်းစားကြဘူး။ စစ်ကိုင်းငလျင်ကြောလည်း ရှိတဲ့အတွက် မြန်မာပြည်အနေနဲ့ သတိထားရမယ့် အချက်တွေရှိတယ်။ သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ပြီး ဘယ်တော့လှုပ်မယ်ဆိုတာ ဘယ်သူမှ ကြိုမပြောနိုင်တဲ့အတွက် ကြိုတင် ပြင်ဆင်သင့်တယ်"ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးကိုကိုကြီးက ၎င်း၏ ယူဆချက်ကို ပြောသည်။
"တည်ဆောက်သူတွေဘက်ကလည်း ဆောက်လုပ်ရေးပစ္စည်းအရေအတွက်၊ စံချိန်စံညွှန်း ပြည့်ရမှာဖြစ်တဲ့အပြင် ပိုင်ရှင်တွေ ဘက်ကလည်း ဒီလိုဒီဇိုင်းတွေ ရေးဆွဲခိုင်းမယ်ဆိုတဲ့အသိရှိရမယ်။"
"အခြေအနေအရ အမြတ်ကျန်ဖို့ ဆောက်ကြရတဲ့အခါမှာ ငလျင်ဒဏ်ခံ ဒီဇိုင်း မထည့်ကြတာများတယ်။နောက်ပြီး တည်ဆောက်မှု ပိုင်းဆိုင်ရာ အားနည်းတာတွေကြောင့် မခိုင်ခံ့ဘဲ ပြိုလဲနိုင်ခြေများတာတွေရှိတာ တွေ့ရ တယ်"ဟု ဦးကိုကိုကြီးက ပြောသည်။
၁၉၈၈ ခုနှစ်နှောင်းပိုင်းက ရန်ကုန် တွင် တည်ဆောက်ခဲ့သည့် ကန်ထရိုက် တိုက်အများစုသည် တည်ဆောက်ပုံ အရည်အသွေး အားနည်းသကဲ့သို့ ခိုင်ခံ့မှုနှင့် ပတ်သက်ပြီး စိုးရိမ်ဖွယ်ရာ များရှိနေကြောင်း၊ တိုက်သက်တမ်း ကြာမြင့်လာသည်နှင့်အမျှ သဘာဝ ဘေးတစ်ခုခုဝင်လာသည်နှင့် ပြိုကျ နိုင်သည့် အချက်များရှိနေကြောင်း သုံးသပ်သူများက ပြောသည်။
"ရှစ်ထပ်အောက် အဆောက်အအုံ တွေမှာ ထည့်သွင်းရေးဆွဲတာ မတွေ့ရသေးဘူး။ အမှန်က ထည့်သွင်းစဉ်းစားဖို့ သင့်နေပြီ"ဟု ၎င်းကပြောသည်။